Latest News

Wednesday, April 19, 2017

ကူညီပေးကြပါအုံး(မာင်းမြမြို့နယ်၊ဘုတင်းကွင်းရေကျော်အုပ်စု၊သစ်ပုတ်ကလေးကျေးရွာ၊ကျောက်ကမ်းပါးကျေးရွာ၊ )


ကူညီပေးကြပါအုံး
........................................................
နှစ်စဉ် သောက်သုံးရေပျက်လပ်နေကျဖြစ်တဲ့.. မြောင်းမြမြို့နယ်၊ဘုတင်းကွင်းရေကျော်အုပ်စု၊သစ်ပုတ်ကလေးကျေးရွာ၊ကျောက်ကမ်းပါးကျေးရွာ၊ ဒီကျေးရွာတွေဟာ ရေငန်ဝင်တဲ့ မြစ်ချောင်းတွေ ပတ်လယ်ဝိုင်းနေတဲ့ ကျေးရွာလေးတွေပါ လမ်းပန်းဆက်သွယ်ရေးအရလည်း မြောင်းမြမြို့ နှင့် အလှမ်းဝေးတဲ့ရွာလေးတွေဖြစ်ပါတယ်..နှစ်စဉ် ဒီအချိန်ရောက်တိုင်း ဒေသခံပြည်သူတွေဟာ ရေ ရှားပါပျက်လပ်တဲ့ အခက်အခဲကို ရင်ဆိုင်ကြရသည်မှာ ဒေသရဲ့ ထုံးစံဓလေ့ တခုလိုဖြစ်နေပါတယ်.. ဒီဒေသတွေမှာ စက်ရေတွင်း တူးဖော်ဖို့ဆိုတာလည်း တော်ရုံ ငွေကြေးပမာဏ နဲ့ မဖြစ်နိုင်ပါဘူး.. အကြောင်းကတော့ မြေအောက်မှာ ကျောက်ဖျာကြောတွေရှိနေတဲ့အတွက်ဖြစ်ပါတယ်.. အသင့်တော်ဆုံးလိုအပ်ချက်ဟာ သောက်သုံးရေကန်တွေပါပဲ..အခုလက်ရှိ သစ်ပုတ်ကလေးရွာ မှာရေကန် ၂ ကန်ရှိပါတယ် ရေခန်းနေပါပြီ ကျောက်ကမ်းပါရွာ မှာ လက်ယက်ကန်လေး ၂ ကန်ရှိပါတယ် ရေခန်းနေပါပြီ.. ခုလိုပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သောက်သုံးရေရှားပါးခြင်းဆိုတဲ့ အခက်အခဲကို.. ဖြေရှင်းပေးရမည့်နေရာမှာ.. တာဝန်အရှိဆုံး ဌာနဖြစ်တဲ့ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန ကို ပဲ ဦးတည်ပြီး.. အကူအညီတောင်းခံချင်ပါတယ်.. ကျွန်တော်ဟာ.. မြောင်းမြမြို့နယ် မှာ ကျေးရွာပေါင်း 502 ရွာရှိသည့်အနက် ရွာပေါင်းများစွာကို ရောက်ဖူးပြီး ဒေသနှင့်ထိစပ်ကျွမ်းဝင်သူတယောက်ပါ.. ယခု ကျွန်တော်တင်ပြတဲ့ ကျေးရွာတွေဟာ.. ရေငန်ဒေသတွေလည်းဖြစ်တဲ့အပြင် နှစ်စဉ် သောက်သုံးရေ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ဒေသများဖြစ်ပါတယ်.. ဒေသခံပြည်သူတွေရဲ့ စီးပွားရေးအခြေအနေများကိုလည်း ကျေးလက်ဌာန မှ သိရှိပြီးသာဖြစ်ပါလိမ့်မည်..ဆင်းရဲနွမ်းပါကြပါတယ် ..၎င်းဒေသခံပြည်သူတို့၏ အခြေအနေအရပ်ရပ်တို့ကို ငဲ့ကြည့်ခြင်းအားဖြင့်.. သက်ဆိုင်ရာဌာနများမှ ပြည်သူတို ကြုံတွေ့ခံစားနေရတဲ့.. ရေအသက်တစ်မနက်ဆိုသည့် ဒုက္ခအခက်အခဲကို.. အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါစေလို့.. တင်ပြတောင်းဆိုရင်း..
ဒေသခံပြည်သူများကိုယ်စား မေတ္တာရပ်ခံပြီး အကူအညီတောင်းခံအပ်ပါသည်။..
20.4.2017..
Aung Akl.. မြောင်းမြ..




No comments:

Post a Comment