Latest News

Monday, April 3, 2017

၅၀၀ ကျပ်တန်ထမင်း ရောင်းကောင်းလို့ဒုတိယဆိုင် ထပ်မံဖွင့်လှစ်မယ့် ရတနာခင်

 
၅၀၀ ကျပ်တန်ထမင်း ရောင်းကောင်းလို့ဒုတိယဆိုင် 
ထပ်မံဖွင့်လှစ်မယ့် ရတနာခင်
-------    ရှိုင်း     --------
အနုပညာအလုပ်များထက် စီးပွားရေးဘက်ကို ပိုမိုဦးစား
ပေးလုပ်ဆောင်ဖြစ်နေတဲ့ သရုပ်ဆောင် ရတနာခင်က လူ
တန်းစားမရွေးစားသုံးနိုင်ရန်အတွက်ထမင်းနှင့်ဟင်းများအစားအစားမျိုးစုံကို ၅၀၀ ကျပ်ဖြင့်သာ ရောင်းချတဲ့  ''ရွှေ''
အာဟာရစားဖွယ်စုံ ထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ
ဒုတိယဆိုင်ကို ထပ်မံဖွင့်လှစ်ရန်စီစဉ်နေကြောင်း အကုန်သိ
သတင်းဌာနက သိရပါတယ်။
" အစ်မတို့က အကျိုးအမြတ်ကို ကြည့်ပြီးလုပ်တာ မဟုတ်
ဘူး။ အခြေခံလူတန်းစားတွေ ဝန်ထမ်းလေးတွေအတွက်
အဆင်ပြေစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာ ဖြစ်ပါ
တယ် " လို့ပြောပါတယ်။ ''ရွှေ '' အာဟာရစားဖွယ်စုံ ပထမ
ဆိုင်ဖွင့်လှစ်ခဲ့တာဟာ အချိန် (၂) လ ရှိလာခဲ့ပြီ ဖြစ်ပြီးတော့ 
ယခုအခါဆိုင်ခွဲသစ်ကို အမှတ်(၂၆) မြေညီထပ်၊ အရှေ့မြင်း
ပြိုင်ကွင်းလမ်းနှင့် (၁၆၆) လမ်းထိပ်တွင် ဧပြီလ ၅ ရက်မှာ 
ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
" လိုအပ်ချက်များရှိပေမယ့် အားပေးကြတဲ့ စားသုံးသူအား
လုံးကြောင့် အသစ်ထပ်မံ ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ ဆိုင်
ခွဲသစ်တွေ ထပ်မံဖွင့်လှစ်နိုင်အောင်လည်း ကြိုးစားနေပါ
တယ် " လို့ထပ်မံပြောကြားခဲ့ပါတယ်။

No comments:

Post a Comment