Latest News
Monday, April 3, 2017
ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန(၂)ခု၏ အမှတ်တံဆိပ်အတုနှင့် WY ဆေးပြား ၆သိန်းကျော် သယ်ဆောင်လာသူများအား ဖမ်းဆီးမိ
ဘားအံ ဧပြီ ၂
ဖြစ်စဉ်မှာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သက်စိုးဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှုခင်း အကူ ဌာနစုမှ ဒုရဲအုပ်အောင်ကျော်သူ ဦးစီးအဖွဲ့၊ ဘားအံမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးကျော်ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် မူးယစ်ဆေးဝါးသတင်းအရ သက်သေ ဦးမြင့်သန်း၊ ဦးတင်ထွန်းအောင်တို့နှင့်အတူ ဘားအံ-လှိုင်းဘွဲကားလမ်း၊ လမ်း/တံတားကောက်ခံရေးဂိတ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာမှ လင်ခရူဇာေ မ်ာတော်ယာဉ်ဖြင့် သယ်ဆောင်လာသောWY ဆေးပြား(၆၀၆၀၀၀)ပြား( ခြောက်သိန်းခြောက်ထောင်ပြား)ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ယာဉ်ပေါ်မှတွေ့ရှိခဲ့ သည် ပြည်ထဲရေးဝန်ကြီးဌာန စာတမ်းပါကတ်တစ်ခု၊ တပ်မတော်ဆေးတက္ကသိုလ် ယာဉ်ဝင်ခွင့်စာတမ်းပါ ကတ်တစ်ခု၊ 5J/ နံပါတ်တပ်၊LANDCRUISER အမျိုးအစား အဖြူရောင်ယာဉ်၏ မော်တော်ယာဉ် သက်သေခံ လက်မှတ်တစ်ခုတို့ သိမ်းဆည်းရမိခဲ့၍ အသေးစိတ်စစ်ဆေးရာမှ ကတ်အတုများဖြစ်နေပြီး မော်တော်ယာဉ်သက်သေခံလက်မှတ်မှာလည်း အတုဖြစ်နေပါသည်။
 မူးယစ်ဆေးဝါးအမှုအပြင် စာတမ်းအမှတ်အသား တံဆိပ်အတုပြုလုပ်မှု ၊ လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားအသုံးပြုမှု တို့ဖြင့်ပါ ဘားအံမြို့မရဲစခန်း၌ ဧပြီလ(၂)ရက်နေ့က ထပ်မံ အမှု ဖွင့် အရေးယူခဲ့ကြောင်း မြန်မာ့အလင်းသတင်း အရ သိရှိရပါသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
No comments:
Post a Comment