Latest News

Tuesday, April 4, 2017

အိမ်အကူကို ညှဉ်းပန်းနှိပ်စက်လို့ တရားဆိုင်နေရတဲ့ သွားဆရာဝန်နဲ့ဇနီး အာမခံရ

အိမ်အကူကို ညှဉ်းပန်းနှိပ်စက်လို့ တရားဆိုင်နေရတဲ့ သွားဆရာဝန်နဲ့ဇနီး အာမခံရ

ဧပြီ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် ရုံးချိန်းမှာ အာမခံရရှိခဲ့တာပါ။

မန္တလေးတိုင်း၊ အမရပူရ မြို့နယ်ရှိ တောင်သမန်ကျေးရွာမှာ အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ စက်ချုပ်ဆိုင်ပိုင်ရှင် သွားဆရာဝန်နဲ့ ဇနီးသည်ကို ဧပြီ ၃ ရက်မှာ  တရားရုံးက အာမခံပေးခဲ့တယ်လို့ သိရပါတယ်။

အိမ်ရှင်လင်မယားနှစ်ဦးက အသက် (၁၄)နှစ်အရွယ် မိန်းကလေးကို ရိုက်နှက်၊ နှိပ်စက်တာတွေနဲ့ ကာယအိနြေ္ဒပျက်စီးအောင် ပြုလုပ်တာတွေအပါအဝင် ပုဒ်မခြောက်ခုနဲ့ တရားရင်ဆိုင်နေရပြီး ဒုတိယမြောက် ရုံးထုတ်စ်ဆေးချိန်မှာ အမခံရရှိခဲ့တာပါ။ အဆိုပါ လင်မယားနှစ်ဦးကို တောင်သမန်ကျေးရွာရှိ ရပ်မိရပ်ဖနှစ်ဦးက ကျပ် ၁၀ သိန်းစီနဲ့ အာမခံပေးခဲ့တာပါ။

‘‘ဆေးစာမှာ သာမန်နာကျင် ဒဏ်ရာပဲ ထွက်တဲ့အတွက် ပုဒ်မ ပြောင်းသွားတယ်။ ပုဒ်မတွေကလည်း အာမခံပေးလို့ရတယ်။ ရုံးတင်တဲ့ မတ်လ ၃၀ ရက်မှာတင် အာမခံယူမလားမေးတော့ ရှေ့ နေနဲ့ တိုင်ပင်ပါဦးမယ်ဆိုပြီး ဒီတစ်ပတ်ရုံးချိန်းမှာ အာမခံယူတာ ဖြစ်တယ်’’လို့ အမရပူရမြို့နယ် တရားသူကြီးက ပြောပါတယ်။

အိမ်ရှင်လင်မယားနှစ်ဦုးက အိမ်အကူမိန်းကလေးကို လက်သီးနဲ့ ထိုးခြင်း၊ ဝိုင်ယာကြိုးနဲ့ ရိုက်ခြင်း၊ ဆံပင်ဆွဲပြီး နံရံနဲ့ ပစ်တိုက်တာတွေ ပြုလုပ်ခဲ့သည်ဆိုပြီး အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၅၊ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပုဒ်မတွေ ပြောင်းလဲခဲ့တာပါ။

‘‘ဒီလိုလုပ်တာ မဖြစ်သင့်ဘူး လို့ ယူဆတယ်။ လင်မယားနှစ် ယောက်စလုံး ပေးလိုက်တဲ့အတွက် ကူညီပေးတဲ့သူတွေမှာ အသက်အန္တရာယ်အတွက် အာမခံချက်မရှိဘူး။ တိုင်းတရားသူကြီး အထိကို ကျွန်တော်တို့ တိုင်ပါမယ်။ ကျေနပ်လို့ရနိုင်မယ့် အနေအထားမဟုတ်ပါဘူး’’လို့ နှိပ်စက်ခံရတဲ့ မိန်းကလေးကို လိုက်လံကူညီပေးခဲ့တဲ့ ကိုနိုင်ရဲဝေက ပြောပါတယ်။

တောင်သမန်ကျေးရွာရှိ စက်ချုပ်ဆိုင်ပိုင်ရှင် အသက် (၂၅)နှစ် အရွယ် အမျိုးသားနဲ့ သူရဲ့ဇနီးဖြစ်သူ (၂၁) နှစ်အရွယ် တက္ကသိုလ်ကျောင်းသူက လားရှိုးမြို့ နောင်မွန်ကျေးရွာမှ အိမ်အကူ လာ ရောက်လုပ်ကိုင်တဲ့ အသက် (၁၄) နှစ်အရွယ် မိန်းကလေးကိုညှဉ်းပန်းနှိပ်စက်မှုနဲ့  တရားရင်ဆိုင် နေရတာဖြစ်ပါတယ်။
Source & Photos : 7DayDaily

No comments:

Post a Comment