ရန်ကုန်အိမ်ခြံမြေဈေးကွက် လုံးချင်းငှားခ
ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျ
ငှားရမ်းခမှာ နေရာအလိုက် ကျပ် ၁၀ဝ,ဝ၀ဝ၊ ၁၅၀,ဝ၀ဝ၊ ၂၀ဝ,ဝ၀ဝ အထိသာ အများဆုံးရှိတယ်။
ရန်ကုန်၊ ဧပြီ ၂ – ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်မှာ လုံးချင်းအိမ်ငှားရမ်းခတွေ ၃၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်က အေးနေပြီး လုံးချင်းအိမ်ငှားရမ်းမှုနှုန်းထားတင်မက ကွန်ဒို၊ အရောင်းပြခန်းတွေ ငှားရမ်းမှုနှုန်းထားမှာ လည်း ကျဆင်းနေပါတယ်။
‘အခုချိန် အိမ်ခြံမြေ အရောင်းအဝယ်က အရင်နှစ်တွေကထက် ပိုပြီးအေးစက်လာတယ်၊ အရင်က အရောင်းအဝယ်ပါးပေမဲ့ အငှားပုံမှန်ရှိသေးတယ်၊ ခုအချိန်မှာ တော့ အငှားဈေးကွက်တွေမှာလဲ သုံးပုံတစ်ပုံလောက်ကို ကျသွားတယ်”လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။
သာမာန်လူတန်းစားတွေ နေထိုင်တဲ့ နေရာတွေမှာဆိုရင်လည်း အကျကြီး မဟုတ်ပေမဲ့ ကျပ် ၁၀,ဝ၀ဝ၊ ၂၀,ဝ၀ဝ လောက်ကျတယ်။ တကယ်တမ်းဈေးအ များကြီး အငှားဈေးကျတာက လုံးချင်း အိမ်ရာတွေ၊ ပြခန်းအကျယ်မြို့ထဲက အ ခန်းတွေမှာ ဈေးတော်တော်ကျသွားပါ တယ်။ အငှားဈေးကွက်တွေမှာ လုံးချင်းနေအိမ်တွေ ငှားရမ်းရာမှာ အရင်နှစ်တွေက သိန်း ၃၀ နဲ့ ငှားရမ်းရတဲ့နေအိမ်တွေဆို လက်ရှိမှာ သိန်း ၂၀ နဲ့သာ ငှားရမ်းနေကြောင်း သိရပါတယ်။
အခုလက်ရှိမှာ က အိမ်ခြံမြေဈေးကျတဲ့အတွက် နေထိုင်ဖို့ တကယ်တမ်းဝယ် ယူသူတွေရှိတယ်။ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူသူတွေ နည်းလာတယ်။
အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ‘ဒီနှစ်အိမ်ခြံမြေဈေးကွက် နှစ်တိုင်းထက်အေးတယ်၊ အကွက် ကျဉ်းလေးတွေ အရောင်းအဝယ်နည်း နည်းဖြစ်တယ်၊ အကွက်ကြီးတွေဆို ပိုအရောင်းအဝယ်ပါးတယ်၊ အခန်းငှားသူတွေ ဆိုရင်လဲ ၁၅ ပေ ၊ ၁၆ ပေ အခန်းတွေကို စိတ်ဝင်စားမှုအများဆုံးဖြစ်ပြီး ငှားရမ်းခ မှာ နေရာအလိုက် ကျပ် ၁၀ဝ,ဝ၀ဝ၊ ၁၅၀,ဝ၀ဝ၊ ၂၀ဝ,ဝ၀ဝ အထိသာ အများ ဆုံးရှိတယ်”လို့ ပြောပါတယ်။
အွန်လိုင်း အရောင်းအဝယ် ကျ
ယခုနှစ်မှာ အွန်လိုင်းအိမ်ရာအ ရောင်းအဝယ်ဈေးကွက်မှာလည်း အရင် နှစ်ကထက် ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းနေတယ်လို့ သိရပါတယ်။
အွန်လိုင်းအရောင်းအဝယ်ဈေးကွက် ဟာ ၂၀၁၅ ခုနှစ်မှာ ၁၅၀ဝ လောက်ရှိခဲ့ပေမဲ့ သည်နှစ်မှာ ၁၁၀ဝ လောက်သာ အ ရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။
ဖေဖော်ဝါရီလမှာ ပြောင်းလဲသတ် မှတ်လိုက်တဲ့ အိမ်ခြံမြေအခွန်နှုန်းထားက မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကို ပိုပြီးအ ရောင်းအဝယ်ကျလာစေပါတယ်။
Author မေသက်
Credit:Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment