Latest News

Thursday, April 6, 2017

ရေဆင်းကူးစဉ် ခြေထောက်တဘက် မိကျောင်းအစားခံရသည့် ခရီးသွားဧည့်သည်

ရေဆင်းကူးစဉ် ခြေထောက်တဘက် မိကျောင်းအစားခံရသည့် ခရီးသွားဧည့်သည်

အာဖရိကအရှေ့ပိုင်း ယူဂန္ဓာနိုင်ငံရဲ့ ကလန်ဂါလာဒေသမှာရှိတဲ့ ဗစ်တိုးရီးယား ရေကန်ကြီးထဲ ခရီးသွားဧည့်သည်တဦး ရေဆင်းကူးနေချိန် ခြေထောက်တဘက် မိချောင်းစားခံလိုက်ရတယ်လို့ သည်ဆန်းရဲ့ ဧပြီ ၅ ရက်နေ့သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ခြေထောက်တဘက်ရဲ့ ဒူးခေါင်းအောက်ဘက်ပိုင်း တခုလုံးကို မိချောင်းက တိုက်ခိုက်စားသောက်ပြီးမှ အဲဒီခရီးသွားကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မဖော်ပြထားတဲ့ သက်လတ်ပိုင်းအရွယ် အဲဒီအမျိုးသားဟာ မိကျောင်းကိုက်တဲ့ဒဏ်ရာကြောင့် သွေးတွေအများကြီးထွက်နေပြီး သတိကင်းမဲ့နေပုံရကာ သူ့ကို ယူဂန္ဓာစစ်သားတွေက ကူညီကယ်ဆယ်ခဲ့ရပါတယ်။

ဗစ်တိုးရီးယားရေကန်ကြီးဟာ နိုင်းမြစ်ထဲကိုစီးဆင်းတဲ့ အာဖရိက ရေကန်ကြီးတွေထဲက တခုဖြစ်ပြီး ဒီရေအိုင်ကြီးက ကမ္ဘာ့အကြီးဆုံး အပူပိုင်းဇုန်ရေကန်ဖြစ်တယ်၊ ၁၈၅၈ ခုနှစ်မှာ ဗြိတိန်ဘုရင်မကြီး ဗစ်တိုးရီးယား လာရောက်ခဲ့ပြီးနောက် ဒီအမည်ကို ပေးခဲ့တာလို့ သိရပါတယ်။

နိုင်းမြစ်တလျှောက်က မိကျောင်းတွေဟာ အန္တရာယ်အများဆုံး မိကျောင်းတွေထဲက တမျိုးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း လူရာဂဏန်းချီ မိကျောင်းတွေကြောင့် သေဆုံးရတယ်လို့ ဆိုပါတယ်။
DVB

No comments:

Post a Comment