Latest News

Friday, April 7, 2017

နိုင်ငံရေးပါတီတွေအားကောင်းမှ ဒီမိုကရေစီအားကောင်းမယ်


နိုင်ငံရေးပါတီတွေအားကောင်းမှ ဒီမိုကရေစီအားကောင်းမယ်

နိုင်ငံရေးပါတီတွေ ဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ သော့ချက်ကျတဲ့ ဒေါက်တိုင်တွေထဲက ဗျူဟာ မြောက်အရေးပါတဲ့ ဒေါက်တိုင် တွေပါ။ ဒီမိုကရေစီစနစ်၊ ဒီမိုက ရေစီအပြောင်းအလဲဟာ အား ကောင်းဖို့ဆိုရင် နိုင်ငံရေးပါတီ တွေ အားကောင်းဖို့က အတော့် ကို အရေးကြီးပါတယ်။ အစိုးရ တွေ၊ လွှတ်တော်တွေနဲ့ အာဏာ ရနိုင်ငံရေး ပါတီတွေကလည်း နိုင်ငံရေးပါတီတွေ အားကောင်းဖို့ လိုတယ်ဆိုတာ စိတ်အားထက် သန်စွာ လက်ခံဖို့လိုပါတယ်။ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ ကျားကန်ပေးနိုင်မယ့် ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ အမိန့်တွေနဲ့ လွှမ်း ခြုံထားတဲ့ နိုင်ငံရေးပတ်ဝန်းကျင် ရှိနေမယ်ဆိုရင် ဒီမိုကရေစီစနစ် ဟာ အလုပ်ဖြစ်သထက်ဖြစ်လာ မယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။


တကယ်တမ်း စဉ်းစားကြည့် တော့ အဘက်ဘက်က ချွတ်ခြုံကျ မွဲတေနေတဲ့ မြန်မာ့လူ့အဖွဲ့အ စည်းမှာ နိုင်ငံရေးပါတီတွေ ရေ ရှည်ရပ်တည်နိုင်ဖို့၊ အားကောင်း ဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်တွေဟာ နိုင်ငံရေး ပါတီတွေ အားကောင်းမောင်း သန်ဖို့ အထောက်အပံ့တွေပေးနိုင် အောင် ဥပဒေတွေ၊ နည်းဥပဒေ တွေ ပြဋ္ဌာန်းရေးဆွဲ အတည်ပြု နိုင်ဖို့ မဖြစ်မနေစဉ်းစားသင့်ပါ တယ်။ နိုင်ငံရေးပါတီတွေ အား ကောင်းဖို့၊ နိုင်ငံရေးသမားကောင်း တွေပေါ်လာဖို့၊ နိုင်ငံရေးအ ပြောင်းအလဲမှာ ပြည်သူပါဝင်တာ ကို ချဲ့ထွင်လာနိုင်ဖို့ ဆိုတာတွေနဲ့ ပတ်သက်ရင် အားလုံးမှာ တာဝန် ကိုယ်စီရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေ တွေ အားကောင်းမောင်းသန်လာ ပြီဆိုရင် မြန်မာ့ဒီမိုကရေစီအ ပြောင်းအလဲဟာလည်း ဗလောင်း ဗလဲဖြစ်နိုင်ခြေနည်းလာပြီလို့ သုံး သပ်ရမှာ ဖြစ်ပါတယ်။

လတ်တလော မြန်မာ့နိုင်ငံ ရေးပတ်ဝန်းကျင်မှာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းအရ နိုင်ငံရေး ပါတီ ၉၂ ပါတီရှိနေပါတယ်။ အဲဒီ ပါတီတွေထဲက နိုင်ငံရေးပါတီ ၆၂ ပါတီဟာ တိုင်းရင်းသားလူမျိုးစု တွေကို ကိုယ်စားပြုတဲ့၊ ပြည်နယ် တွေမှာ အခြေစိုက်တဲ့ ပါတီတွေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအလွန်မှာ နိုင်ငံရေး ပါတီ ၂၃ ပါတီဟာ လွှတ်တော် နိုင်ငံရေးထဲ ခြေချနိုင်ခဲ့ပါတယ်။ အဲဒီနိုင်ငံရေးပါတီ ၂၃ ပါတီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီနဲ့ ဒီမိုကရက် တစ်ပါတီ (မြန်မာနိုင်ငံ)ကလွဲရင် ကျန်တဲ့ ၁၉ ပါတီက တိုင်းရင်း သားပါတီတွေပါ။ မြန်မာ့နိုင်ငံရေး မှာ နိုင်ငံရေးပါတီအများစုဟာ လွှတ်တော်ထဲမရောက်ဘဲ လွှတ် တော်ပြင်ပ နိုင်ငံရေး အခင်းအ ကျင်းထဲမှာ ရှိနေတယ်ဆိုတာကို တော့ သတိချပ်သင့်ပါတယ်။

အစိုးရတွေ၊ လွှတ်တော်တွေ ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးထဲ က အသံဗလံတွေကိုလည်း တရားဝင်နားစွင့်သင့်ပါတယ်။ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး နှစ်ပေါင်း ငါးဆယ်လောက် အမြစ်တွယ်နေ တဲ့ အာဏာရှင်စနစ်ကနေ ဒီမိုက ရေစီစနစ်ဆီ အပြောင်းအလဲထဲ ရောက်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံ မျိုးမှာ အစိုးရရော၊ လွှတ်တော် တွေရော၊ နိုင်ငံရေးပါတီတွေရော အားကောင်းဖို့က သိပ်အရေးကြီး ပါတယ်။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ ရှေ့တန်းက ပါဝင်နေတဲ့ လွှတ်တော်ပြင်ပနိုင်ငံ ရေးမှာ ပြည်သူကို မျက်နှာမူနိုင်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ရှေး ရှုလာနိုင်မယ်ဆိုရင် အပြောင်းအ လဲဟာ အားကောင်းလာပြီလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အစိုးရ တွေ၊ လွှတ်တော်တွေနဲ့ အာဏာ ရပါတီအနေနဲ့ လွှတ်တော်ပြင်ပ က နိုင်ငံရေးပါတီခေါင်းဆောင် တွေ၊ အရပ်ဘက်အဖွဲ့ခေါင်း ဆောင်တွေနဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေး၊ အမြင်ဖလှယ်နိုင်ဖို့ လို အပ်တဲ့အကြောင်း ထောက်ပြ ဆွေးနွေးတာပါ။ ပါတီစုံဒီမိုကရေ စီမှာ ပါတီပေါင်းစုံရဲ့ အသံကို နားထောင်နိုင်မှ ဒီမိုကရေစီလက္ခဏာ ပြည့်စုံမယ်လို့ ဆိုရမှာ ဖြစ်ပါ တယ်။

လွှတ်တော်ပြင်ပက နိုင်ငံ ရေးပါတီ ၆၉ ပါတီနဲ့ အဲဒီပါတီ တွေရဲ့ လူထုကိုယ်စားလှယ်တွေ ဟာ ခါတော်မီတွေမဖြစ်ဖို့ အလေးထားသင့်ပါတယ်။ အဲဒီပါတီတွေ နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲနားနီးမှ၊ မဲဆွယ် စည်းရုံးတော့မှ ပြည်သူလူထုဆီ ရောက်လာတာမျိုးဆိုတာ ခါတော်မီ နိုင်ငံရေးပါ။ လွှတ်တော်ပြင်ပပါတီတွေ၊ လွှတ်တော်ကိုယ် စားလှယ်လောင်းတွေဟာ ရွေး ကောက်ပွဲနီးနီး၊ ဝေးဝေး မဲပေး မယ့် ပြည်သူတွေနဲ့ ကျောချင်း ကပ်ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒါ မှလည်း နိုင်ငံရေးမှာ ပြည်သူတွေ ရဲ့ ပါဝင်မှုကို မြှင့်တင်နိုင်မှာ ဖြစ် သလို ဒီမိုကရေစီနိုင်ငံရေး၊ ပါတီစုံနိုင်ငံရေးအပေါ် ပြည်သူတွေဟာ ပိုလို့စိတ်ဝင်စားလာမှာ ဖြစ်ပါ တယ်။ ပါတီစုံဒီမိုကရေစီဆိုတာ ပြည်သူက စိတ်အားထက်သန် များများပါဝင်လေ၊ နိုင်ငံရေးအ ပြောင်းအလဲဟာ အားကောင်း လေဖြစ်မှာ မြေကြီးလက်ခတ်မလွဲ ပါ။

ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲဖြစ်ဖြစ်၊ ကြား ဖြတ်ရွေးကောက်ပွဲဖြစ်ဖြစ် ကျင်းပတဲ့အခါ မဲဆန္ဒနယ်တစ်ခုမှာ ဝင် ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲရှုံးသွားတဲ့အခါ အဲ ဒီမဲဆန္ဒနယ်ကနေ ပျောက်ခြင်း မလှ ပျောက်သွားတတ်ကြပါ တယ်။ နောက်ရွေးကောက်ပွဲကျ မှ အဲဒီ မဲဆန္ဒနယ်မှာဖြစ်ဖြစ် တခြားနေရာမှာဖြစ်ဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ ပြန်ပေါ်လာတတ်ပါတယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် အဲဒီ မဲဆန္ဒနယ်မှာပဲ အဲဒီမဲပေးတဲ့ ပြည်သူတွေနဲ့ တစ်သားတည်းနေကာ သူတို့ရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေကို နားစွင့်ပြီး အစိုးရ တွေ၊ လွှတ်တော်တွေ၊ သတင်း မီဒီယာတွေကသိအောင် လုပ် လေ့လုပ်ထရှိတဲ့ ကိုယ်စားလှယ် လောင်းမျိုးက တွေ့ရခဲပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေဟာ ရွေးကောက်ပွ္ဂဲရှုံးတာနဲ့ မဲပေးတဲ့ ပြည်သူတွေကြားထဲက နေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာကတော့ အရုပ် ဆိုးလွန်းပါတယ်။ တကယ်တော့ မဲပေးတဲ့ ပြည်သူတွေကြားထဲ ဆက်နေကာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနဲ့အညီ လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဆက်ဖော်ဆောင်သင့် တာပါ။

နိုင်ငံရေးပါတီ ၆၉ ပါတီက လည်း ပါတီတည်ဆောက်ရေး၊ လူထုစည်းရုံးရေး၊ အစိုးရ၊ လွှတ် တော်နဲ့ တရားစီရင်ရေးတွေကို ထိန်းညှိနိုင်ရေးတွေအပေါ် အခြေ ပြုတဲ့ အတိုက်အခံနိုင်ငံရေး စင်္ကြံ လမ်းကို တည်ဆောက်ဖို့ ကောင်း ပါတယ်။ နောက်လာမယ့် ရွေး ကောက်ပွဲတွေမှာ အနိုင်ရကာ လွှတ်တော်ထဲရောက်အောင် ဘယ်လိုစီမံချက်ချ ပြင်ဆင်မလဲ ဆိုတာ ခေါင်းချင်းရိုက်ဖို့ သင့်ပါ တယ်။ ပြည်သူကို မျက်နှာမူဖို့က တော့ အရေးကြီးဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ ပါတီခေါင်းဆောင်တွေ၊ ပါတီ ကေဒါတွေကို အရည်အသွေးမြှင့် တင်နိုင်ဖို့ကလည်း တကယ့်စိန် ခေါ်ချက်ပါ။ လွှတ်တော်ပြင်ပက နိုင်ငံရေးပါတီတွေဟာ လူထုကြားမှာ ဩဇာတည်ဆောက်ဖို့ စနစ် တကျချဉ်းကပ်ဖော်ဆောင်နိုင် မယ်ဆိုရင် ပိုကောင်းမှာ ဖြစ်ပါ တယ်။ အဲဒီလိုလုပ်နိုင်ရင် အ ပြောင်းအလဲကို ထိထိရောက် ရောက် ကျားကန်လာနိုင်မယ်လို့ ထင်ပါတယ်။

ပါတီတည်ဆောက်ရေးနဲ့ ပတ်သက်လို့ရှိရင် အာဏာရပါတီ အပါအဝင် ပါတီအားလုံးနီးပါး ဟာ ရုန်းကန်နေရဆဲ၊ လိုအပ် ချက်တွေ၊ အားနည်းချက်တွေရှိ နေဆဲလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အာဏာရှင်ခေတ်ဟောင်း၊ စနစ် ဟောင်းရဲ့ ဆိုးမွေအနေနဲ့ကတော့ နိုင်ငံရေးပါတီတွေဟာ ကာလ ရှည်ကြာ ရိုက်ချိုးခံခဲ့ရတယ်။ သမင်မွေးရင်း ကျားစားရင်းဖြစ်ခဲ့ ရတယ်ဆိုတာပါ။ ပြည်နယ်တွေ ကို အခြေပြုတဲ့ တိုင်းရင်းသား ပါတီအများစုကတော့ နှိုင်းယှဉ် ကြည့်ရင် ပါတီတည်ဆောက်တဲ့ အပိုင်းမှာ အတန်အသင့်ပိုအား သာတယ်လို့ ဆိုနိုင်ပါတယ်။ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေ ကို လွှမ်းခြုံတဲ့ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနဲ့အညီ ပါတီတွေကို စနစ်တကျ တည်ဆောက်ဖို့က တော့ စိန်ခေါ်မှုဖြစ်နေဆဲပါ။ လွှတ်တော်တွင်းဖြစ်ဖြစ်၊ လွှတ်တော် ပြင်ပဖြစ်ဖြစ် နိုင်ငံရေးပါတီတွေ ဟာ ပါတီတည်ဆောက်ရေးကို မဟာဗျူဟာစီမံချက်ရေးဆွဲ ဖော် ဆောင်သင့်တယ်လို့တော့ တိုက် တွန်းချင်ပါတယ်။

လက်ငင်းမြန်မာ့နိုင်ငံရေးမှာ အထူးသဖြင့် တိုင်းဒေသကြီးတွေ ကို အခြေပြုတဲ့ ဗမာအများစု နိုင်ငံရေးမှာ နိုင်ငံရေးပါတီကောင်း တစ်ခုလိုအပ်နေပြီဆိုတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင် နှုန်းတွေ သိသိသာသာကျဆင်း တာ၊ ရန်ကုန်မြို့လယ်ကောင် မြို့ နယ်တွေနဲ့ လှိုင်သာယာလို မြို့ နယ်တွေမှာ မဲပေးသူရာခိုင်နှုန်း အတော့်ကို နည်းလွန်းတာတွေက နိုင်ငံရေးပါတီတစ်ရပ်၊ နိုင်ငံရေး အင်အားစုတစ်ရပ် အရေးတကြီး လိုအပ်နေပြီဆိုတာကို အရိပ်ပြ လိုက်သလို ခံစားရပါတယ်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲကနေ သွယ်ဝိုက်ထုတ်ပေးလိုက် တဲ့ သတင်းစကားလို့လည်း ဆို နိုင်ပါတယ်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အတတ်နိုင်ဆုံး ကိုယ်စားပြုဖော်ဆောင်မယ့် နိုင်ငံရေးပါတီတစ်ရပ်ကတော့ မဖြစ်မနေ လိုအပ်နေပြီလို့ အဓိပ္ပာယ် ကောက်ယူရမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက နေ ပေါက်ဖွားလာတဲ့ ရှစ်လေးလုံး မျိုးဆက်တွေအပါအဝင် မျိုးဆက် အများစုဟာ နိုင်ငံရေးပါတီတစ် ရပ် ထူထောင်ဖို့အတွက် စိုင်းပြင်း ပြင်ဆင်နေတယ်ဆိုတဲ့အသံတွေ ကလည်း ကျယ်လောင်သထက် ကျယ်လောင်လာနေပါတယ်။ နိုင်ငံရေးပါတီသစ် တစ်ရပ်က တော့ အနှေးနဲ့အမြန် ပေါ်လာတော့မယ်ဆိုတာ သေချာသလောက်ရှိ နေပါပြီ။ အလှမ်းကျယ် အလယ် မလပ်ဖို့၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်း မသောက်မိဖို့ သတိပြုဆင်ခြင် သင့်ပါတယ်။ ဆိုလိုတာက နိုင်ငံ ရေးပါတီကို မတင်းလွန်းမလျော့ လွန်း၊ မစောလွန်း နောက်မကျ လွန်းဘဲ ဒီမိုကရေစီနည်းကျ စနစ်တကျတည်ဆောက်နိုင်ဖို့ အရေး ကြီးတာပါ။ ရှစ်လေးလုံးမျိုးဆက် တွေကို ဗဟိုပြုဖွဲ့စည်းမယ့် ပါတီ သစ်ဟာ မဟာမိတ်မူဝါဒကောင်း ကောင်းနဲ့ မောင်းနှင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံရေးမှာ အ ပေါင်းအသင်းမှားမယ်၊ ဆုံးဖြတ် ချက်မှားမယ်၊ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်မယ်ဆိုရင် အားကောင်းဖို့ ခဲယဉ်းပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ ကြွေတစ်လှည့်ကြက်တစ်ခုန်ပါ။ နိုင်ငံရေးဆိုတာ အတက်မှာ လေး လံနှေးကွေးတတ်ပေမယ့် အဆင်း မြန်တတ်သလို အဆင်းမှာ ဘီး တပ်ခံရလေ့ရှိတတ်တာကိုလည်း အနုလုံပဋိလုံဆင်ခြင်သင့်ပါ တယ်။

အချုပ်အနေနဲ့ပြောရရင် ရှစ် လေးလုံးမျိုးဆက်တွေအပါအဝင် မျိုးဆက်အများစုပါဝင်မယ့် နိုင်ငံ ရေးပါတီသစ်ဟာ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒကို အလေးထားတဲ့၊ ပြည်သူ့ ကြားမှာ ပြည်သူနဲ့ တစ်သားတည်းနေတဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ၊နိုင်ငံရေးသမားတွေက ဦးဆောင် တဲ့ပါတီဖြစ်ရေး ရှေးရှုသင့်ပါ တယ်။ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာ လုံးဝ မဖွဲ့စည်းဘဲ အဲဒီပြည်နယ်တွေမှာ ပြည်သူကထောက်ခံတဲ့ တိုင်းရင်း သားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ကာ တိုင်းဒေသကြီးတွေမှာ ဗဟိုပြုဖွဲ့ စည်းတဲ့ နိုင်ငံရေးပါတီမျိုးဖြစ် အောင် တည်ဆောက်သင့်ပါ တယ်။ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်း စဉ်တွေအပေါ် အခြေပြုကာ ဒီမို ကရေစီနည်းကျ ဖွဲ့စည်းတဲ့ ပါတီ ဖြစ်ရမယ့်အပြင် မဟာမိတ်မူဝါဒ၊ ဗျူဟာနဲ့ နည်းနာပိုင်းတွေမှာ အား ကောင်းတဲ့ မဟာမိတ်ပြုရေး၊ တပ်ပေါင်းစုဖွဲ့ရေးအပေါ်မှာ အပြော သက်သက်မဟုတ် အလုပ်နဲ့ သက်သေပြရပ်တည်နိုင်မယ့် ပါတီမျိုး ဖြစ်ရေး ဦးတည်သင့်တဲ့အ ကြောင်း မီးမောင်းထိုးတိုက်တွန်း လိုက်ရပါတယ်။  ။
( 7Day News )

No comments:

Post a Comment