Latest News

Monday, April 3, 2017

သမၼတအိမ္ေတာ္သႀကၤန္ကို ယခုႏွစ္တြင္ ျပဳလုပ္ရန္မရွိေၾကာင္း ဦးေဇာ္ေဌးေျပာ


    ၂၀၁၆ သႀကၤန္က သမၼတအိမ္ေတာ္ သႀကၤန္က်င္းပေနစဥ္(ဓာတ္ပံု − ပိုင္စိုးသူ)
           
သႀကၤန္ကာလ အတြင္း က်င္းပၿမဲျဖစ္ေသာ အိမ္ ေတာ္သႀကၤန္ကို ယခုႏွစ္တြင္ျပဳ လုပ္ရန္ အစီအစဥ္မရွိေၾကာင္း သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

ဦးသိန္းစိန္ အစိုးရလက္ ထက္က အိမ္ေတာ္သႀကၤန္ကို အႀကိဳေန႔ႏွင့္ အၾကတ္ေန႔ႏွစ္ရက္က်င္းပခဲ့ၿပီး အင္န္အယ္လ္ဒီ အစိုးရသစ္ တက္လာၿပီးေနာက္ ၂၀၁၆ဧၿပီတြင္ ပထမဆံုးႀကံဳရသည့္သႀကၤန္ႏွစ္ကူးကို အႀကိဳေန႔တစ္ ရက္သာ ျပဳလုပ္ခဲ့သည္။

သမၼတအိမ္ေတာ္သႀကၤန္ ျပဳ လုပ္ရန္ အစီအစဥ္မရွိေသာ္လည္း ႏွစ္ဆန္းတစ္ရက္တြင္ ကုသိုလ္ ေကာင္းမႈလုပ္ရန္ရွိသည္ဟု ဦး ေဇာ္ေဌးက ဆုိသည္။

‘‘အိမ္ေတာ္သႀကၤန္လုပ္ဖို႔ မရွိပါဘူး။ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ ထံုးစံအတုိင္း ႏွစ္သစ္ကူး ေပါ့။ ေကာင္းမႈကုသိုလ္လုပ္မွာ ေပါ့’’ဟု သမၼတ႐ံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကေျပာၾကား သည္။

၂၀၁၆ အတြင္း ဒီခ်ဳပ္အစိုးရ သစ္လက္ထက္တြင္ ၿမိဳ႕ေတာ္ႀကီး မ်ား၌ သႀကၤန္ေရကစားျခင္းႏွင့္ ပတ္သက္၍ သိသာေသာ ျပဳျပင္ ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့သည္။

ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔ ရွိ သႀကၤန္မ႑ပ္မ်ားတြင္ ႐ိုးရာ ယဥ္ေက်းမႈ ေလ်ာ္ညီေစေရးႏွင့္ စီးပြားျဖစ္မ႑ပ္မ်ား ျပဳျပင္ေျပာင္း လဲမႈမ်ားကို သိသာစြာျပဳလုပ္ခဲ့ရာ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့သည္။

အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ ေန ျပည္ေတာ္တြင္ ၿမိဳ႕ေတာ္ဝန္ ေရ ကစားမ႑ပ္ကို ယခင္ႏွစ္ကထက္ အကုန္အက် သက္သာစြာ ေဆာက္လုပ္က်င္းပခဲ့သည္။

ယခင္က ေနျပည္ေတာ္တြင္ ေရကစားမ႑ပ္ ၁၀ ခု ထက္မက ေဆာက္လုပ္ခြင့္ျပဳခဲ့ေသာ္လည္း ယခုႏွစ္ ဧၿပီတြင္ က်ေရာက္မည့္ သႀကၤန္အတြက္ မတ္လ ၂၆ ရက္ အထိ ပုဂၢလိက ေရကစားမ႑ပ္ ေဆာက္လုပ္ျခင္းမရွိေသးဟု ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္ ဦးမင္းသူက ေျပာ ၾကားသည္။

ထို႔အျပင္ ေနျပည္ေတာ္ သည္ အစိုးရ႐ံုးစိုက္ရာ အုပ္ခ်ဳပ္ ေရးၿမိဳ႕ေတာ္ျဖစ္၍ ယင္းဂုဏ္ႏွင့္ အညီ သႀကၤန္ပြဲေတာ္ကို ႀကီး က်ယ္ခမ္းနားစြာ ေဆာင္ရြက္မည္ ဟု ၎က ထပ္မံေျပာၾကားသည္။

လက္ရွိိအခ်ိန္အထိ ၿမိဳ႕ေတာ္ဝန္မ႑ပ္တစ္ခုသာ ေဆာက္လုပ္ ေနေၾကာင္း ေနျပည္ေတာ္စည္ပင္ သာယာေရးေကာ္မတီမွ သိရ သည္။

Credit: 7Day daily

#Unicode Version
၂၀၁၆ သင်္ကြန်က သမ္မတအိမ်တော် သင်္ကြန်ကျင်းပနေစဉ်(ဓာတ်ပုံ − ပိုင်စိုးသူ)

သင်္ကြန်ကာလ အတွင်း ကျင်းပမြဲဖြစ်သော အိမ် တော်သင်္ကြန်ကို ယခုနှစ်တွင်ပြု လုပ်ရန် အစီအစဉ်မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးသိန်းစိန် အစိုးရလက် ထက်က အိမ်တော်သင်္ကြန်ကို အကြိုနေ့နှင့် အကြတ်နေ့နှစ်ရက်ကျင်းပခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာပြီးနောက် ၂၀၁၆ဧပြီတွင် ပထမဆုံးကြုံရသည့်သင်္ကြန်နှစ်ကူးကို အကြိုနေ့တစ် ရက်သာ ပြုလုပ်ခဲ့သည်။

သမ္မတအိမ်တော်သင်္ကြန် ပြု လုပ်ရန် အစီအစဉ်မရှိသော်လည်း နှစ်ဆန်းတစ်ရက်တွင် ကုသိုလ် ကောင်းမှုလုပ်ရန်ရှိသည်ဟု ဦး ဇော်ဌေးက ဆိုသည်။

‘‘အိမ်တော်သင်္ကြန်လုပ်ဖို့ မရှိပါဘူး။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ထုံးစံအတိုင်း နှစ်သစ်ကူး ပေါ့။ ကောင်းမှုကုသိုလ်လုပ်မှာ ပေါ့’’ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောကြား သည်။

၂၀၁၆ အတွင်း ဒီချုပ်အစိုးရ သစ်လက်ထက်တွင် မြို့တော်ကြီး များ၌ သင်္ကြန်ရေကစားခြင်းနှင့် ပတ်သက်၍ သိသာသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့ ရှိ သင်္ကြန်မဏ္ဍပ်များတွင် ရိုးရာ ယဉ်ကျေးမှု လျော်ညီစေရေးနှင့် စီးပွားဖြစ်မဏ္ဍပ်များ ပြုပြင်ပြောင်း လဲမှုများကို သိသာစွာပြုလုပ်ခဲ့ရာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အုပ်ချုပ်ရေးမြို့တော် နေ ပြည်တော်တွင် မြို့တော်ဝန် ရေ ကစားမဏ္ဍပ်ကို ယခင်နှစ်ကထက် အကုန်အကျ သက်သာစွာ ဆောက်လုပ်ကျင်းပခဲ့သည်။

ယခင်က နေပြည်တော်တွင် ရေကစားမဏ္ဍပ် ၁၀ ခု ထက်မက ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ် ဧပြီတွင် ကျရောက်မည့် သင်္ကြန်အတွက် မတ်လ ၂၆ ရက် အထိ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းမရှိသေးဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြော ကြားသည်။

ထို့အပြင် နေပြည်တော် သည် အစိုးရရုံးစိုက်ရာ အုပ်ချုပ် ရေးမြို့တော်ဖြစ်၍ ယင်းဂုဏ်နှင့် အညီ သင်္ကြန်ပွဲတော်ကို ကြီး ကျယ်ခမ်းနားစွာ ဆောင်ရွက်မည် ဟု ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိအချိန်အထိ မြို့တော်ဝန်မဏ္ဍပ်တစ်ခုသာ ဆောက်လုပ် နေကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ သိရ သည်။
Credit: 7Day daily

No comments:

Post a Comment