Monday, April 3, 2017
ရန္ကုန္တုိင္းတြင္ သႀကၤန္မ႑ပ္ ၈၀ ခြင့္ျပဳ၍ ယမန္ႏွစ္ထက္ ထက္ဝက္ေက်ာ္ေလ်ာ့နည္း
ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ေဆာက္လုပ္ေနေသာ ၿမိဳ႕ေတာ္မဟာသႀကၤန္ဗဟိုမ႑ပ္ကို ဧၿပီ ၃ ရက္က ေတြ႔ရစဥ္(ဓာတ္ပံု−နစ္ကီ)
ရန္ကုန္တိုင္းေဒသႀကီး အတြင္း ယခုႏွစ္သႀကၤန္မ႑ပ္ စုစုေပါင္း ၈၀ ကို ေဆာက္လုပ္ခြင့္ ျပဳလုိက္ေၾကာင္း သတင္းရရွိသည္။
အဆိုပါအေရအတြက္သည္ ၿပီးခဲ့သည့္ႏွစ္ သႀကၤန္ကာလ မ႑ပ္စုစုေပါင္းအေရအတြက္ ၂၀၀ ေက်ာ္ႏွင့္ ႏိႈင္းယွဥ္ပါက ထက္ဝက္ေက်ာ္ ေလ်ာ့နည္းေနျခင္း ျဖစ္သည္။
သႀကၤန္မ႑ပ္ေဆာက္လုပ္ ခြင့္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕က ဧၿပီ ၃ ရက္တြင္ ျပဳလုပ္သည့္ အစည္း အေဝး၌ အတည္ျပဳဆံုးျဖတ္လိုက္ ၿပီးေလွ်ာက္ထားသည့္ အေရ အတြက္ အားလံုးနီးပါး ေဆာက္ လုပ္ခြင့္ရရွိခဲ့သည္ဟု ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန (လမ္း၊ တံတား)မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
သႀကၤန္မ႑ပ္ေဆာက္လုပ္ ခြင့္မ်ားကုိ မတ္လ ၂၅ ရက္ အထိ ေလွ်ာက္ထားေစခဲ့ၿပီး စည္ပင္သာယာေရးနယ္နိမိတ္ အတြင္းႏွင့္ စည္ပင္သာယာနယ္ နိမိတ္ျပင္ပက ေလွ်ာက္ထားခဲ့ၾက သည့္ မ႑ပ္ေဆာက္လုပ္ခြင့္မ်ား ကုိ စိစစ္၍ ခြင့္ျပဳခဲ့သည္။
၂၀၁၆ က ရန္ကုန္တုိင္းတြင္ မ႑ပ္အႀကီး ၁၉ ခု၊ အလတ္ ႏွစ္ခုႏွင့္ အေသး ၂၀၀ ေက်ာ္ ေဆာက္လုပ္ခဲ့သည္။
ယခုႏွစ္သႀကၤန္အတြက္ ရန္ ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕ က ေဆာက္လုပ္ခြင့္ျပဳခဲ့ေသာ မ႑ပ္မ်ားသည္ မ႑ပ္အႀကီး ၁၆ ခု၊ အလတ္ ၁၃ ခုႏွင့္ အေသး၅၁ ခုျဖစ္ေၾကာင္း သတင္းရရွိသည္။ သုိ႔ျဖစ္ရာမ႑ပ္အႀကီးႏွင့္ အလတ္တြင္ ကြာဟခ်က္ႀကီးႀကီးမားမားမရွိခဲ့ေသာ္လည္း မ႑ပ္အေသး၌ ကြာဟခ်က္မ်ားျပားခဲ့သည္။
ထုိသုိ႔ခြင့္ျပဳခဲ့သည့္အေရအ တြက္တြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီမွတစ္ ဆင့္ ေလွ်ာက္ထားသည့္ မ႑ပ္ ၂၃ ခုအပါအ၀င္ျဖစ္ေၾကာင္း အင္ဂ်င္နီယာဌာန (လမ္း/တံ တား) မွ တာ၀န္ရွိသူက ဆုိသည္။
‘‘မနက္ျဖန္ (ဧၿပီ ၄ ရက္)က စၿပီး ခြင့္ျပဳခ်က္ေတြ စထုတ္ေပး ပါမယ္။ ခြင့္ျပဳခ်က္ရၿပီဆုိတာနဲ႔ ေဆာက္လုပ္လုိ႔ရပါၿပီ။ အခုခြင့္ ျပဳခ်က္ေပးလုိက္တဲ့ မ႑ပ္ေတြ မွာ ေမွာ္ဘီ၊ တုိက္ႀကီး၊ သန္လ်င္ တုိ႔လုိေနရာေတြက ေလွ်ာက္ထား တဲ့သူေတြပါပါတယ္’’ ဟု ၎က ဆုိသည္။
သႀကၤန္မ႑ပ္ေဆာက္လုပ္ မည့္သူ အမ်ားစုသည္ တုိင္းေဒသ ႀကီးအစုိးရအဖြဲ႕ထံမွ တရား၀င္ ခြင့္ျပဳမိန္႔ မရရွိေသးျခင္းေၾကာင့္ ဧၿပီ ၂ ရက္အထိ ေဆာက္လုပ္ႏုိင္ ျခင္းမရွိခဲ့ၾကေပ။
‘‘ခြင့္ျပဳခ်က္ကုိ ဒီႏွစ္မွာ ေစာ ေပးမယ္ဆုိေပမယ့္ အရင္ႏွစ္ေတြ နဲ႔သိပ္မကြာပါဘူး။ ၁၀ ရက္ ေလာက္နဲ႔ အၿပီးေဆာက္ၾကရ မယ့္အေျခအေနရွိတယ္’’ ဟု သႀကၤန္မ႑ပ္ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားသူ ကုိသူရိန္က ေျပာသည္။
ယခုႏွစ္တြင္ မ႑ပ္အႀကီး ေဆာက္လုပ္ခြင့္ကုိ ျပည္လမ္းက အေရအတြက္ ရွစ္ခုျဖင့္ အမ်ား ဆုံးရရွိခဲ့ၿပီး ယင္းမ႑ပ္မ်ားသည္ ယခင္ႏွစ္ကအတုိင္း ကုိယ္ပုိင္ၿခံ ၀င္းအတြင္း၌သာ ေဆာက္လုပ္ ၾကရမည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။
Credit: 7Day Daily
#Unicode Version
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆောက်လုပ်နေသော မြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဧပြီ ၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ)
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုနှစ်သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၈၀ ကို ဆောက်လုပ်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါအရေအတွက်သည် ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ မဏ္ဍပ်စုစုပေါင်းအရေအတွက် ၂၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့နည်းနေခြင်း ဖြစ်သည်။
သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဧပြီ ၃ ရက်တွင် ပြုလုပ်သည့် အစည်း အဝေး၌ အတည်ပြုဆုံးဖြတ်လိုက် ပြီးလျှောက်ထားသည့် အရေ အတွက် အားလုံးနီးပါး ဆောက် လုပ်ခွင့်ရရှိခဲ့သည်ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်များကို မတ်လ ၂၅ ရက် အထိ လျှောက်ထားစေခဲ့ပြီး စည်ပင်သာယာရေးနယ်နိမိတ် အတွင်းနှင့် စည်ပင်သာယာနယ် နိမိတ်ပြင်ပက လျှောက်ထားခဲ့ကြ သည့် မဏ္ဍပ်ဆောက်လုပ်ခွင့်များ ကို စိစစ်၍ ခွင့်ပြုခဲ့သည်။
၂၀၁၆ က ရန်ကုန်တိုင်းတွင် မဏ္ဍပ်အကြီး ၁၉ ခု၊ အလတ် နှစ်ခုနှင့် အသေး ၂၀၀ ကျော် ဆောက်လုပ်ခဲ့သည်။
ယခုနှစ်သင်္ကြန်အတွက် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆောက်လုပ်ခွင့်ပြုခဲ့သော မဏ္ဍပ်များသည် မဏ္ဍပ်အကြီး ၁၆ ခု၊ အလတ် ၁၃ ခုနှင့် အသေး၅၁ ခုဖြစ်ကြောင်း သတင်းရရှိသည်။ သို့ဖြစ်ရာမဏ္ဍပ်အကြီးနှင့် အလတ်တွင် ကွာဟချက်ကြီးကြီးမားမားမရှိခဲ့သော်လည်း မဏ္ဍပ်အသေး၌ ကွာဟချက်များပြားခဲ့သည်။
ထိုသို့ခွင့်ပြုခဲ့သည့်အရေအ တွက်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှတစ် ဆင့် လျှောက်ထားသည့် မဏ္ဍပ် ၂၃ ခုအပါအဝင်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်း/တံ တား) မှ တာဝန်ရှိသူက ဆိုသည်။
‘‘မနက်ဖြန် (ဧပြီ ၄ ရက်)က စပြီး ခွင့်ပြုချက်တွေ စထုတ်ပေး ပါမယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဆောက်လုပ်လို့ရပါပြီ။ အခုခွင့် ပြုချက်ပေးလိုက်တဲ့ မဏ္ဍပ်တွေ မှာ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင် တို့လိုနေရာတွေက လျှောက်ထား တဲ့သူတွေပါပါတယ်’’ ဟု ၎င်းက ဆိုသည်။
သင်္ကြန်မဏ္ဍပ်ဆောက်လုပ် မည့်သူ အများစုသည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံမှ တရားဝင် ခွင့်ပြုမိန့် မရရှိသေးခြင်းကြောင့် ဧပြီ ၂ ရက်အထိ ဆောက်လုပ်နိုင် ခြင်းမရှိခဲ့ကြပေ။
‘‘ခွင့်ပြုချက်ကို ဒီနှစ်မှာ စော ပေးမယ်ဆိုပေမယ့် အရင်နှစ်တွေ နဲ့သိပ်မကွာပါဘူး။ ၁၀ ရက် လောက်နဲ့ အပြီးဆောက်ကြရ မယ့်အခြေအနေရှိတယ်’’ ဟု သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ ကိုသူရိန်က ပြောသည်။
ယခုနှစ်တွင် မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ပြည်လမ်းက အရေအတွက် ရှစ်ခုဖြင့် အများ ဆုံးရရှိခဲ့ပြီး ယင်းမဏ္ဍပ်များသည် ယခင်နှစ်ကအတိုင်း ကိုယ်ပိုင်ခြံ ဝင်းအတွင်း၌သာ ဆောက်လုပ် ကြရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Credit: 7Day Daily
ရန္ကုန္တုိင္းတြင္ သႀကၤန္မ႑ပ္ ၈၀ ခြင့္ျပဳ၍ ယမန္ႏွစ္ထက္ ထက္ဝက္ေက်ာ္ေလ်ာ့နည္း
Reviewed by timeayeyar
on
9:10 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment