Latest News

Friday, April 7, 2017

ဦးမျိုးရန်နောင်သိမ်းကို ထောင်ဒဏ် ၆ လ အမိန့်ချ

ဦးမျိုးရန်နောင်သိမ်းကို ထောင်ဒဏ် ၆ လ အမိန့်ချ

ရန်ကုန် ဧပြီ ၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပုတ်ခတ် ဝေဖန်ခဲ့သည်ဟုဆိုကာ ဆယ်သွယ်ရေးပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသူ ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြု၍ အမှုဖွင့်ထားခြင်းဖြစ်ပြီး ဦးမျိုးရန်နောင်သိမ်းမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဦးမျိုးရန်နောင်သိမ်းမှာ NLD ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကတည်း ရုံးတင် စစ်ဆေးခံရခြင်းဖြစ်ပြီး ၅ လ ခန့်အကြာ ယနေ့ (ဧပြီလ ၇ ရက်) မွန်းတည့်​ ၁၂ နာရီ ခန့်တွင် အမိန်ချမှတ်ခံခဲ့ရသည်။

The Voice

No comments:

Post a Comment