ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ နယ်က ဌာနဆိုင်ရာ ၀န်ထမ်းတစ်ချို့ ကို အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်.။
"၀န်ထမ်းတွေက သိပ်အရေးကြီးပါတယ် အစိုးရကပေးတဲ့ လစာ မဟုတ်ပါဘူး။ ပြည်သူတွေပေးတဲ့ လစာပါ ဒါ့ကြောင့်မို့လို့  ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖဆိုတာ သတိထားပါ။ ပြည်သူပေးတဲ့ လစာယူထား တဲ့ ဝန်ထမ်းတွေ တာန်ကျေပြွန်အောင်လုပ်ပါ။ တကယ်လို့ တာဝန်မကျေရင်တာဝန်မကျေ
တဲ့ သူဝန်ထမ်းနာမည်ကို အသေအချာတိုင်ပါ အရေးယူမယ်"လို့  ၄င်းကပြောပါတယ်။
အမှုကြန့် ကြာအောင်လုပ်တဲ့  တရားသူကြီးနဲ့ ငွေကြေးလက်ခံတဲ့  တရားသူကြီးတွေ ရှိရင်လည်း
အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားဖို့ လည်း ပြည်သူတွေကိုပြောပါတယ်။
အဲဒီနေ့ ကတက်ရောက်လာတဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့  ငွေကြေးနဲ့ ပတ်သတ်တဲ့ 
အခြေနေတွေ ကြားနေရတာကြောင့် ပြည်သူတွေ တိုင်ကြားလို့ မှန်ကန်ကြောင်း စီစစ်တွေရှိရင် ဖြုတ်
ပစ်မယ်လို့ လည်းပြောဆို လိုက်ပါတယ် ။
ရဲတပ်ဖွဲ့ ဝင်တစ်ချို့က လိုင်ကြေးယူပြီးအရက်ပုံးရောင်းခွင့်ပေးနေတာတွေရှိနေတာကို လည်း ကြားသိနေရပြီး အထောက်အထားတိတိကျကျစိစစ်တွေ့ ရှိရင်တော့ ခွင့်လွှတ်မှာမဟုတ်ကြောင်းလည်းပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီအစိုးရအနေနဲ့  အဂတိတိုက်ဖျက်ရေးလုပ်ငန်းနဲ့ ဝန်ထမ်းတွေ အကျင့်စာရိတ္တကို အခြေခံ ပြီးတိုးတက်ပြောင်းလဲလာအောင် လုပ်မယ်လို့  အစိုးရဖြစ်စဉ်တည်းကကြွေးကြော်ထားတာပါ။
အစိုးရသက်တမ်း သုံးလေးလအတွင်းမှာပဲ မြို့ နယ် အဆင့် တာဝန်ရှိသူဝန်ထမ်းတစ်ချို့ ကိုလည်း အရေး
ယူခဲ့ တာတွေရှိပါတယ်။
အဲဒီနေ့ ကတွေ့ ဆုံ ပွဲကို ဌာနဆိုင်ရာ(၃၃)ဦး မြို့ မိ မြို့ ဖ (၁၂) ဦး၊ရက်ကွက်နှင့် ကျေး ရွာအုပ်ချုပ်ရေးမှူး(၈၂)ဦး၊NLDပါတီဝင်များ (၁၆၃)ဒေသခံပြည်သူ(၁၄၀)ဥိး စုစုပေါင်း ၄၃၀ ဦးတက်ရောက်ခဲ့ ပါတယ်။
တက်ရောက်လာတဲ့  ၀န်ထမ်းတွေအနေနဲ့ လည်း အစိုးရအဖွဲ့ ကို ပူးပေါင်းဆောင်ရွက်ရင်း တိုင်းဒေသကြီးတိုးတက်အောင် ပါဝင်ကူညီဖို့ လည်း ၀န်ကြီးချုပ်ကနောက်ဆုံးမှာကြားခဲ့ ပါတယ်။
မျိုးမင်းပိုင်
No comments:
Post a Comment