Latest News

Saturday, April 1, 2017

သိန်းတစ်သောင်းပေါက်မယ်လို့တော့ မထင်ထားဘူး။ဒါပေမယ့် အခုတလော အတိတ် နိမိတ် ကောင်းတာတွေ အိမ်မက်တွေ ကောင်းတာတွေ ရှိတယ်။


ရန်ကုန်။ မတ် ၄။ ပထမအကြိမ် သိန်းတစ်သောင်း ဆုပေါက်တဲ့ ဆုငွေကို ပထမဆုံးအနေနဲ့ ဧပြီလမှာအလိုတော်ပြည့် ဆရာတော် တရားပွဲ အလှူ ကို ကျောက်ဖြူ မြို့ မှာ ကျင်းပ ပေးသွားမယ်လို့ သိန်းတစ်သောင်း ထီဆုပေါက်ခဲ့တဲ့ ဦးစံရွှေခိုင်ရဲ့ အမျိုးသမီး ဒေါ်ခင်မျိုးသန့် ပြောပါတယ်။

ပထမဆုံးပြုလုပ်မယ့် အလှူကို တရားအလှူလေးနဲ့ စလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ အတိုင်းမသိ ၀မ်းသာနေတဲ့ အတွက်နောက်လှူမယ့် နေရာ တွေကိုတော့ သေသေချာချာ မစဉ်းစားရသေးပါဘူး။ဒါပေမယ့် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချသွားမှာဖြစ်ပြီး သံသရာအတွက်ပါတဲ့ ကုသိုလ်ရေးတွေ လုပ်သွားမယ်ဖြစ်တယ်
လို့ ဒေါ်ခင်မျိုးသန့်က ပြောပါတယ်။ “ သိန်းတစ်သောင်းပေါက်မယ်လို့တော့ မထင်ထားဘူး။ဒါပေမယ့် အခုတလော အတိတ် နိမိတ် ကောင်းတာတွေ အိမ်မက်တွေ ကောင်းတာတွေ ရှိတယ်။ကြားကြားချင်း
မပျော်ရဲဘူး။အင်တာနက်တွေပေါ်မှာတက်လာတဲ့ နံပါတ်နဲ့ ကိုယ့် နံပါတ်တိုက်ကြည့်မှ ပျော်နိုင်တာ။”လို့ ဒေါ်ခင်မျိုးသန့် ကပြောပါတယ်။ သိန်းတစ်သောင်းဆုပေါက်ခဲ့တဲ့ ဦးစံရွှေခိုင်မှာ အသက် (၅၈)နှစ် ရှိပြီး လွန်ခဲ့တဲ့ လတွေမှာ လည်းထီ တစ်သိန်း တစ်ခါ၊နှစ်သိန်းဆုတစ်ခါ ပေါက်ခဲ့ဖူးသလို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း နှစ်သိန်းဆု ပေါက်ဖူးတယ်လို့ သိရပါတယ်။

ဦးစံရွှေခိုင်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အလယ်ပိုင်းရပ်ကွက် အိမ်အမှတ် ၁၂၆မှာ နေထိုင်ပြီး ကုန်စုံဆိုင်နဲ့ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင် ဖွင့် ထားသူဖြစ်ပါတယ်။ကျောက်ဖြူမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ သားကောင်းရတနာ ထီဆိုင်မှာ ကျပ်၅၀၀ တန်ထီကို ၁၅၀၀၀ကျပ်ဖိုး ထိုးတဲ့ အထဲမှ ပေါက်ခဲ့တာဖြစ်ပါတယ်။

Author မို့မို့သန္တာ
Kumudra

No comments:

Post a Comment