Latest News

Saturday, April 1, 2017

ရိုးရိုးလေးနဲ့ ချိုချိုသာသာပြောမယ်ဆို

ရိုးရိုးလေးနဲ့ ချိုချိုသာသာပြောမယ်ဆို

စကားကို အေးအေးလေးလေးနဲ့ ချိုချိုသာသာ ပြောဆိုနိုင်ပြီဆို မိသားစုထဲမှာရော လူမှုရေးနဲ့ လုပ်ပ်ငန်းခွင်ထဲမှာ တော်တော်လေးကို အဆင်ပြေပြီလို့ ဆိုနိုင်ပါတယ်။

ကျွန်မတို့ပတ်ဝန်းကျင်က ၉ ၅% သော အောင်မြင်သူတွေကို လေ့လာကြည့်တဲ့အခါမှာတော့ သေသေချာချာ ဆန်းစစ်လေ သူတို့ဟာမိတ္တဗလဋီကာကျွမ်းကျင်သူတွေ ဖြစ်နေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

ဘ၀ရဲ့လိုအပ်တဲ့အရာတွေကို အောင်မြင်စွာ ရရှိနိုင်ဖို့အတွက်ကတော့လူတွေနဲ့အဆင်ပြေအောင်ဆက်ဆံနိုင်ခြင်းက အရေးကြီးတယ်ဆိုတာကို ကျွန်မအနေနဲ့လက်ခံလိုက်ရပါတယ်။

ဒါ့အပြင်
ချိုသာအေးဆေးစွာပြောနေတဲ့ စကားတစ်ခွမ်းဟာ ကိုယ့်ကို အပြစ်တင်ပြီး ငြင်းဆိုနေတဲ့ သူကိုတောင်မှ ကိုယ်က တည်ငြိမ်ုပီး သကါသောင့် သက်သာဖြစ်သွားအောင် လုပ်ပေးနိုင်တာလည်း တွေ့ရပါတယ်။

မိသာစုတွင်းမှာလည်း ကိုယ်ဖြစ်ချင်တာလေးတွေကို ရိုးရိုးအေးအေးပြောရုံနဲ့တင် အောင်မြင်နိုင်ပါတယ်။

စကားကို ရိုးရိုးလေးနဲ့ အေးအေးဆေးဆေးနဲ့ ချိုချိုသာသာပြောတတ်အောင် ကျွန်မ ကြိုးစားပြီး လေ့ကျင့်ပါတယ်။ စတုန်းကတော့ ဒုတ်ထိုးအိုးပေါက်ပေါ့ရှင်။

ပင်ကိုယ်အားဖြင့်တော့ကျွန်မက စိတ်မြန်တယ်။ မဟုတ်မခံ နဲ့ ဒေါသကြီးတဲ့ထဲမှာ မာန်မာန ကြီးတဲ့ထဲမှာလည်း ပါဝင်ပါတယ်။ဒါကြောင့်စကားပြောရာမှာ စိတ်လိုက်မာန်ပါ ပြောပြီး ဆင်ခြင် သတိနည်းပါးတတ်ပါတယ်။

အေးအေးဆေးဆေးပြောရမဲ့နေရာမျိုးမှာ တစ်ဖက်က စွပေးလိုက်ရင် ကို်ယ့်ကိုယ်ကို ထိန်းချုပ်မှုနည်းပြီးတော့
ဒေါသနဲ့တုန့်ပြန်ပြောဆိုမိတာမျိုးတွေလည်း ပြုခဲ့မိတာပါပဲ။

ဒါကြောင့်ဒေါသကြောင့် လေသံမာမာနဲ့ပြောဆိုဖူးတာတွေရှိခဲ့တဲ့ အတွက် ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်ခဲ့ရတာတွေရှိပါတယ်။

 စိတ်ကြီးလို့ဒေါသနဲ့လေသံမာပြီး ပြောဆိုခဲ့ပေမဲ့ ငယ်ကတည်းက မဆဲတတခဲ့်တဲ့အတွက် ဆဲဆိုခိုင်းနှိုင်းပြောတာမျိုးတွေတော့ မရှိခဲ့ပါဘူး။

အလုပ်လုပ်တော့လည်း လူမှုဆက်ဆံရေးကောင်းမွန်ခြင်းဆိုတာ လုပ်ငန်းခွင်မှာ ပဲလိုအပ်တယ်လို့ယူဆပြီးတော့ လုပ်ငန်းခွင် ဆက်ဆံရေးကိုပဲ ဂရုစိုက်ခဲ့ဖိတယ်။ လုပ်ငန်းခွင်အတွင်းမှာ ထိမ်းချုပ်ပြီး နေတဲ့အတွက် မိသားစုတွင်းဆက်ဆံရေးကို ဂရုမစိုက်နိုင်ခဲ့တာလည်း ရှိခဲ့ဖူးတယ်။

အလုပ်ကိစ္စတွေကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဖိစီးနေချိန်တွေမှာ ကျွန်မက ကိုယ့်ဝန်ထမ်းတွေနဲ့ မိသားစုအပေါ်မှာ စိတ်မရှည်နိုင်တာမျိုးတွေရှိခဲ့တယ်။

သူတို့အပေါ်မှာ စိတ်မရှညိုင်ဘဲနဲ့ ပြောဆိုမိတာ၊ နိုင်ထက်စီးနင်းပြောဆိုသလို ဖြစ်ရတာတွေလည်း ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲလိုမဖြစ်သင့်ဘူးဆိုင်္ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ခဲ့ပါတယ်။

ဘယ်စူ့အပေါ်ကိုမီ ဘယ်တော့မှ သူ့အတ္တနဲ့မာနကို ထိပါးစေမဲ့စကားမျိုး မပြောမိဖို့၊ သားသမီးတွေအပေါ်ကိုလည်း ကြမ်းတမ်းတဲ့စကားမျိုး မပြောမိဖို့ ကြိုးစားထိမ်းသိမ်းခဲ့ပေမဲ့   စိတ်လွတ်သွားတဲ့အခါမှာတော့ ပြောလိုက်မိတယ်။ ပြီးမှမှားမှန်း သိပြီး တောင်းပန်ရပါတယ်။

ဒါပေမဲ့စိတ်ထဲမှာရော အပြင်မှာပါ ဘယ်လောက်ပဲကိုယ်မကြိုက်တဲ့ သူ ဖြစ်ပါစေ၊ သူ့စကားကို နားထောင်ရမယ်ဆိုတာကို ညည်းခံပြီး နားထောင်ပေးပါတယ်။ မကြိုက်ပေမဲ့သူ့အပေါ် မရိုင်းမိအောင်လည်း ကိုယ့်ကိုယ်ကို ထိမ်းသိမ်းပါတယ်။ဒါကို ကျွန်မရဲ့သားတို့သမီးတို့ကိုလည်း သွန်သင်ပေးတယ်။

ပြီးခဲ့တဲ့ နှစ်ပို်င်းတုန်းက နိုင်ငံရေးအနုပညာ ဘာသာရပ်ကို မြည်းစမ်းပြီး လေ့လာခဲ့မိတယ်။ အဲဒီအချိန်တုန်းက The art of Dealing with People ဆိုတဲ့စာအုပ်ကို ဖတ်ခွင့်ရခဲ့တယ်။

ဒါကို ဖတ်ပြီးတဲ့ အချိန်မှာ လူအများနဲ့ညှိုနှိုင်းဆက်ဆံခြင်းဟာ အနုပညာတစ်ရပ်လို့မြင်လာခဲ့တယ်။

ပြီးတော့လူတိုင်းနဲ့တွေ့ဆုံဆက်ဆံတဲ့အခါမှာ တစ်ပါးသူရဲ့အတ္တနဲ့မာနကို ထိပါးစေတာမျိုးလည်း မပြုလုပ်ရဘူးလို့ မှတ်သားမိခဲ့ပါတယ်။

လူတိုင်းမှာ အတ္တနဲ့မာန ဆိုတာ ရှိကြတာ ချည်းပါပဲ။ ဒါကို နားလည်ထားပြီးတော့ မိသားစု ဘ၀မှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အဖွဲ့အစည်းတွင်းမှာပဲ ဖြစ်ဖြစ် လူမှုဆက်ဆံရေးဟာ အရေးကြီးတဲ့ကဏ္ဍမှာ ရှိတယ်ဆိုတာကို နားလည်တဲ့အရွယ်ကစပြီး ပြုပြင်ဖို့ကြိုးစားခဲ့ပါတယ်။

ကျွန်မတို့ဟာ လူတိုင်းနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ်နဲ့စကားပြောနေတဲ့ သူတိုင်းအပေါ်မှာ အခြေခံ လေးစားမှုရှိဖို့ လိုပါတယ်။

တစ်ဖက်လူက ပညာတတ်တာ၊ ပညာမဲ့တာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရာထူး ရှိတာ၊ သူ့အလုပ်ကို ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာတွေကို ကြည့်ပြီးတော့သူ့ကို မလေးမစား ပြောဆို ဆက်ဆံမယ်ဆိုရင် ဒါဟာ ခွဲခြားမှု တစ်ရပ်ဖြစ်တဲ့အပြင် ကိုယ်က သူ့ကို စော်ကားရာလည်း ရောက်ပါတယ်။

ကျွန်မနဲ့စကားပြောနေတဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် ကျမက သူ့ကို လေးစားရပါမယ်။ ဘာကြောင့်လဲ ဆိုတော့သူဟာ လူသားတစ်ယောက်ဖြစ်နေလို့ပါပဲ။

ကျွန်မအနေနဲ့လည်း ဒါကို လက်ခံပါတယ်။ အသက်ရှင်နေတဲ့ကာလပတ်လုံး  ကိုယ်က နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လူတွေနဲ့ပြောဆို ဆက်ဆံနေရဦးမှာပါပဲ။

ဒါကလည်း လုပ်ငန်းခွင်တွေမှာ ဂရုပြုရမဲ့ အချက်ထဲမှာ ပါပါတယ်။ ကိုယ်က လုပ်ငန်းခွင်မှာ တစ်ခုခု အဆင်မပြေတဲ့အခါ ကိုယ့်အောက်ကလူကို အပြစ်တွေလွဲချပြီး  ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး ကို ဆွဲတင်တာမျိုးတွေ လုပ်တတ်ကြတယ်။

လူမှုဆက်ဆံရေးဆိုတာက လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့အတ္တမာနရော၊ တစ်ပါးသူရဲ့ အတ္တမာနကိုရော မထိခိုက်အောင် ဆက်ဆံသင့်တယ်လို့မှတ်သားရပါတယ်။

အဲဒီအချိန်ကစပြီး ကျွန်မဟာ မည်သူ့အပေါ်ကိုမဆို စကားပြောဆိုတဲ့အခါမှာ ချိုသာ
ယဉ်ကျေးဖို့နဲ့ လေးစားစွာ နားထောင်ပေးဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခဲ့မိတယ်။

အဲလို ဆက်ဆံနိုင်မှသာ တွေ့တဲ့သူတိုင်းနဲ့အဆင်ပြေပြီးတော့စစ်မှန်တဲ့စိတ်ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို ခံစားရပါတယ်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment