မထသ ပြန်အပ်ငွေ ကျပ်သိန်း ခြောက်သောင်းကျော်သာ ရှိသော်လည်း YBS စနစ် တစ်လဝင်ငွေ ကျပ် သိန်းခြောက်ထောင်ရှိ
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) ကို YBS အဖြစ် ပြောင်းလဲကာ ရန်ကုန်မြို့ သယ်ယူ ပို့ ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့က တာဝန် ယူချိန်တွင် တစ်လ ဝင်ငွေ ကျပ်သိန်း ခြောက်ထောင် ရှိလာကြောင်း ရန်ကုန်တိုင်း ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
သို့ရာတွင် ၁၉၆၂ က ဖွဲ့စည်းခဲ့သည့် မထသ၏ နှစ်ပေါင်း ၅၀ ကျော် အတွင်း နိုင်ငံတော်သို့ ပြန်အပ်ငွေသည် ကျပ် သိန်းခြောက်သောင်း ကျော်သာ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
‘‘ပြည်သူလူထုကို အသိပေးလိုတာက ၁၉၆၂ ကနေ အခု ၂၀၁၇ အထိ မထသ အဖွဲ့အစည်းရဲ့ ဝင်ငွေ နိုင်ငံတော်ကို အခု ပြန်အပ်နိုင်တာ သိန်းခြောက်သောင်း။ အခု YBS ကို ကျွန်မတို့ အစိုးရက ဦးဆောင်ပြီးတော့ ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကနေ တာဝန် ယူလိုက်တဲ့ အချိန်မှာ တစ်လဝင်ငွေ သိန်း ခြောက်ထောင် ရှိတယ်။ သူတို့ နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက် ရှာထားတဲ့ ပိုက်ဆံဟာ ကျွန်မတို့ တစ်နှစ်တောင် ရှာစရာ မလိုဘူး’’ ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က စ၍ YBS စနစ် ပြောင်းပြီးနောက် ရရှိသည့် တစ်လဝင်ငွေ ကျပ်သိန်း ခြောက်ထောင် အနက် သိန်းတစ်ထောင်ကျော်ကို ဝန်ထမ်း လစာပေးမည် ဖြစ်ပြီး ကျန်ငွေများကို ဘတ်စ်ကားများ စနစ်တကျ ထားရှိရန် ကားဝင်းများ ပြုလုပ်ခြင်း၊ လမ်းများ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
( 7Day )
Saturday, March 25, 2017
မထသ ပြန်အပ်ငွေ ကျပ်သိန်း ခြောက်သောင်းကျော်သာ ရှိသော်လည်း YBS စနစ် တစ်လဝင်ငွေ ကျပ် သိန်းခြောက်ထောင်ရှိ
မထသ ပြန်အပ်ငွေ ကျပ်သိန်း ခြောက်သောင်းကျော်သာ ရှိသော်လည်း YBS စနစ် တစ်လဝင်ငွေ ကျပ် သိန်းခြောက်ထောင်ရှိ
Reviewed by Ar Ti
on
3:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment