Latest News

Saturday, March 25, 2017

စစ်ရှောင် မြန်မာဒုက္ခသည် ၇ သောင်းခန့် နေရပ်ပြန်ရန် ထိုင်းအစိုးရ ပန်ကြား

စစ်ရှောင် မြန်မာဒုက္ခသည် ၇ သောင်းခန့် နေရပ်ပြန်ရန် ထိုင်းအစိုးရ ပန်ကြား

မြန်မာနိုင်ငံတွင်းမှ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၇ သောင်းနီးပါးကို နေရပ်ပြန်ဖို့ ထိုင်းအစိုးရက ပန်ကြား တောင်းဆိုသွားမယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ဒါပေမယ့် သူတို့တွေထဲက မိမိနေရပ်ကို ပြန်လိုသူတွေ ကိုသာ ဆိုလိုတာဖြစ်ပြီး နေရပ်ပြန်ဖို့ အဆင်သင့် ဖြစ်နေသူတွေကို တဖြည်းဖြည်း ပြန်ပို့သွားမယ် လို့ ထိုင်း တပ်မ ၃ ဒုတိယ ဗိုလ်ချုပ်ကြီး ဗီဆက်ခ် ဆီရိ ဘန်ဆော့ပ်က ပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေဟာလည်း အောင်မြင်ဖို့ အလားအလာတွေ ရှိနေပြီး မြန်မာအစိုးရ ဘက်ကလည်း ဒီဒုက္ခသည်တွေအတွက် နေထိုင်ဖို့ နေရာတွေ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအစီအစဉ်ကို ကုလသမဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး နေရပ်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ၇ ခုမှာ မြန်မာဒုက္ခသည် ပေါင်း ၆၉၁၂၈ ယောက်ရှိနေတာ ဖြစ်ပြီး သူတို့ကို ထိုင်းတပ်မ ၃ ရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိတာပါ။
( DVB )

No comments:

Post a Comment