ဂျာမနီနိုင်ငံသူ မေ့ကျန်ခဲ့သည့် TABLET အား ရထားရဲတပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေပေးအပ်
နေပြည်တော်၊ မတ် ၂၈
၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူး ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ်(၄)အစုန် မန္တလေး-ရန်ကုန်ရထားပေါ်မှ ဆင်းလာသည့် ဂျာမနီနိုင်ငံသူ Ms. RENGER(၂၇)နှစ်သည် ယင်းမာပင်ဘူတာတွင် ရပ်ထားသည့် အမှတ်(၁၄၂)အစုန် ရပ်စောက်-သာစည် ရထားပေါ်တွင် ၎င်းကိုင်ဆောင်သည့် TOLINO အမျိုးအစား အနက်ရောင် TABLET မေ့ကျန်ခဲ့ကြောင်း အကြောင်းကြားချက်အရ အမှတ်(၆)ရထားရဲတပ်ဖွဲ့ခွဲ(သာစည်)မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သာစည်ဘူတာသို့ ဆိုက်ရောက်လာသော အဆိုပါ ရထားပေါ်သို့ တက်ရောက်ရှာဖွေရာ အထက်တန်း တွဲ(၂)၊ ခုံအမှတ်(A-7)၏ ခုံအောက်တွင် အဆိုပါ TABLET အား ပြန်လည်တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ဖုန်းပိုင်ရှင် Ms. RENGER ထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ရဲဇာနည်
Tuesday, March 28, 2017
ဂျာမနီနိုင်ငံသူ မေ့ကျန်ခဲ့သည့် TABLET အား ရထားရဲတပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေပေးအပ်
ဂျာမနီနိုင်ငံသူ မေ့ကျန်ခဲ့သည့် TABLET အား ရထားရဲတပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေပေးအပ်
Reviewed by Ar Ti
on
1:14 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment