Latest News

Tuesday, March 28, 2017

သင်္ကြန်မဏ္ဍပ် စီးပွားဖြစ် - မဖြစ် အသံများ

သင်္ကြန်မဏ္ဍပ် စီးပွားဖြစ် - မဖြစ် အသံများ

သင်္ကြန်မဏ္ဍပ်ကြီးတစ်ခုက
DJ ၅ ယောက်
လုံခြုံရေး အယောက် ၅၀
ရေသမား ၈ ယောက်
မီးသမား ၄ ယောက်
Lighting သမား ၄ ယောက်
စက်သမား ၃ ယောက်
အုပ်ချုပ်ရေး စည်းကမ်းထိမ်းသိမ်းရေး ၅ ယောက်
အကျွေးအမွေး ၅ ယောက်
လက်မှတ်စစ် ၅ ယောက်
သင်္ကြန်ကာလအတွင်း မဏ္ဍပ်ကြံ့ခိုင်ရေး အတွက် လက်သမား ၁၀ ယောက်
အိမ်သာ သန့်ရှင်းရေး ၃ ယောက်
အားလုံးပေါင်း အနည်းဆုံး အယောက် ၁၀၀ ကျော် ကို သူများအလုပ်ပိတ်တဲ့ ကာလအတွင်း အလုပ်ပေးထားပါတယ်
အလုပ်ပေးတဲ့နေရာမှာလည်း ဈေးနှိမ်ပြီးပေးတာမဟုတ်ပဲ ပုံမှန်ဈေးထက် နှစ်ဆကျော်ပေးပီး အလုပ်ခိုင်းရတာပါ
သင်္ကြန်အကြိုနေ့ မတိုင်ခင်အထိ အလုပ်လုပ်ခဲ့တဲ့ လက်သမားတွေနဲ့ အခြား supplier တွေ မပါသေးဘူးနော်
(မီးစက်ပိုင်ရှင် lighting, cctv, transportation, စပီကာ, သစ်သမား ဒီဇယ်သမားတွေနဲ့ သူတို့ဆီက ပစ္စည်းတွေကိုလည်း ငှားရမ်းပြီး အလုပ်တွဲလုပ်ရပါတယ်)

အဲ့လိုမဏ္ဍပ်တစ်ခုမှာ အယောက် ၁၀၀ အလုပ်ပေးထားရင် မဏ္ဍပ်ပေါင်းဆယ်ခုကျော် အလုပ်သမား တစ်ထောင်ကျော်ကို သင်္ကြန်မဏ္ဍပ်တည်ဆောက်သူတွေ အလုပ်ပေးထားပါတယ်

ဒါ့ပြင် သင်္ကြန်မဏ္ဍပ်တွေကို အမှီပြုပီး ဆေးလိပ် ကွမ်းယာ အကင် ကော်ဖီ ထမင်းကြော် စတဲ့ စားသောက်စရာတွေ ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါသေးတယ်

စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်ဆိုတဲ့ကိစ္စမှာ စီးပွားဖြစ် ဆိုတာထက် ဝါသနာအရင်းခံနဲ့ ဆောက်ကြတာပါ
 ငွေအတွက် သီးသန့် မဏ္ဍပ်ဆောက်တယ်ဆိုတဲ့သူ ရှိကောင်းရှိမယ် လက်ဆယ်ချောင်းမပြည့်ပါဘူး

ပြောချင်တာက ကိုယ်အပါအဝင် အများသူ ငါ သင်္ကြန်ဝါသနာရှင်တွေ အတူတူပျော်ရအောင် မဏ္ဍပ်ဆောက်ကြတယ် ဆောက်တည်းက မြတ်ချင်ပါတယ်
မြတ်တာလည်း ရှိသလို ရှုံးတာလည်း ရှိပါတယ်

သင်္ကြန်မဏ္ဍပ်လုပ်ခဲ့တဲ့သူတွေက ငါတစ်ဖို့နဲ့လုပ်ခဲ့တဲ့ စီးပွားရေး သမားတွေ မဟုတ်ကြပါဘူး

သင်္ကြန်နဲ့ ပက်သက်လို့ ခေတ်ရေစီးကြောင်းကြောင့်နဲ့ ထင်ပေါ်ချင်သူတစ်ချို့ကြောင့် ဝတ်စားဆင်ယဉ်မှု အပိုင်းမှာတော့ လက်ညှိုးထိုးစရာတွေရှိခဲ့ပေမဲ့ သင်္ကြန်မဏ္ဍပ်ဆိုတာ အလွှာအသီးသီးက သင်္ကြန်ချစ်သူတွေ လာရောက်ပျော်ရွှင်ကြတဲ့နေရာပါ

သင်္ကြန်ကို မသမာသူတွေ ဗုံးခွဲလို့ အကျည်းတန်ခဲ့တာပဲ ရှိခဲ့ပါတယ်
ဘယ်လူငယ်ကြောင့်မှ မြန်မာ့ သင်္ကြန် ဂုဏ်မငယ်ခဲ့ရဖူးပါဘူး

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

( Nay Lynn Aung ) ရေးသားသည်။

No comments:

Post a Comment