Latest News

Thursday, March 16, 2017

ကုမ္ပဏီနှင့် စာချုပ်သက်တမ်းမကုန်ဆုံးမီ နောက်ဆုံးအယ်လ်ဘမ်ကို T-ARA အဖွဲ့ ဖြန့်ချိမည်

ကုမ္ပဏီနှင့် စာချုပ်သက်တမ်းမကုန်ဆုံးမီ နောက်ဆုံးအယ်လ်ဘမ်ကို T-ARA အဖွဲ့ ဖြန့်ချိမည်

ဆိုးလ် မတ် ၁၆         နာမည်ကျော် ကိုရီးယားအဆိုတော်အဖွဲ့ T-ara သည် မေလတွင် ၄င်းတို့၏ စီမံခန့်ခွဲရေးကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမကုန်ဆုံးမီ နောက်ဆုံးအယ်လ်ဘမ် ကို ဖြန့်ချိမည်ဖြစ်ကြောင်း အဖွဲ့၏ အေဂျင်စီက မတ် ၁၆ ရက်တွင် ပြောကြားသည်။ MBK အင်တာတိန့်မန့်က ယင်းအယ်လ်ဘမ်သည် မေ ၁၇ တွင် ထွက်ရှိလာမည်ဖြစ်သော်လည်း ၄င်းနှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ စာချုပ်ကို အသစ်ပြန်လည်ချုပ်ဆိုဖို့ နည်းလမ်းတွေ ဆွေးနွေးနေပါတယ်၊ ဒါပေမယ့် လက်ရှိ အဖွဲ့ဝင် ၆ ဦးလုံး ဆက်လက်ရှိနေမနေနိုင်ဖို့ ဖြစ်နိုင်ချေများပါတယ်၊ ဒါကြောင့် အဖွဲ့လူစုံတုန်း နောက်ဆုံးအယ်လ်ဘမ်ကို ဖြန့်ချိဖို့ ကျွန်တော်တို့ မျှော်မှန်းထားတာပါ" ဟု ပြောသည်။ ၂၀၀၉ ခုနှစ်တွင် "Lies" အယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သော T-ara အဖွဲ့သည် နောက်ဆုံး ထွက်ရှိထားသည့် "Memories" အယ်လ်ဘမ်အပါအဝင် အယ်လ်ဘမ် ၁၂ ခု ဖြန့်ချိခဲ့ပြီး ဖြစ်သည်။

အဆိုပါ မိန်းကလေးအဆိုတော်အဖွဲ့အနေဖြင့် အဖွဲ့ဝင်ဟောင်း ဟွာယောင်းသည် အဖွဲ့မှ မနုတ်ထွက်မီ အဖွဲ့ဝင်တစ်ဦးကို အနိုင်ကျင့်ခဲ့သည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်ခဲ့ဖူးသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် အဖွဲ့ဝင်များအနေဖြင့် ရုပ်သံအစီအစဉ်များနှင့် အခြားအင်တာတိန်းမန့်၏ စီမံဆောင်ရွက်မှု များတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နိုင်ငံပြင်ပရှိ ဈေးကွက်သို့ ထိုးဖောက်ရန်ပင်အခက်အခဲရှိခဲ့ သည်။ တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပွဲဦးထွက်ခဲ့ပြီး လက်ရှိအချိန်အထိ တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ လုံးတွင် တက်ကြွစွာ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည်။ နောက်ဆုံးအယ်လ်ဘမ် ဖြန့်ချိပြီးနောက် T-ara အဖွဲ့သည် ဇွန်လနှောင်းပိုင်းမတိုင်မီ အထိ နိုင်ငံရပ်ခြားနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဈေးကွက် မြှင့်တင်ရေး နှင့် ဖျော်ဖြေရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အေဂျင်စီကဆိုသည်။
Ref:Yonhap
Democracy Today

No comments:

Post a Comment