Latest News

Thursday, March 16, 2017

ဒေါ်လာ ၃၈ သန်း ၂၀၀၅ ခုနှစ်အတွင်း ထရမ့် အခွန်ဆောင်ခဲ့ကြောင်း အိမ်ဖြူတော် ပြောကြား

ဒေါ်လာ ၃၈ သန်း ၂၀၀၅ ခုနှစ်အတွင်း ထရမ့် အခွန်ဆောင်ခဲ့ကြောင်း အိမ်ဖြူတော်ြေေပြောကြ
ား

ဝါရှင်တန်၊ မတ် ၁၅

သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၀၅  ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၁၅၀ ကျော်အတွက် အခွန် ၃၈ သန်း ပေးဆောင်ခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

MSNBC မှ သတင်းတင်ဆက်သူ ရေရှယ်မက်ဒိုးက ၎င်းအချက်အလက်များကို သတင်းထောက် ဒေးဗစ်ကေး ဂျွန်စတန်ထံမှ ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းအခွန်ကြေညာလွှာကို ဝက်ဘ်ဆိုက်တွင် တင်ထားသောကြောင့် အိမ်ဖြူတော်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်း အတွက် အကြီးစား ပမာဏ ဆုံးရှုံးမှုကို ထရမ့်က ထည့်သွင်းတွက်ချက်ထားသည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

ထရမ့်သည် ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလက အခွန်ကြေညာလွှာ ထုတ်ပြန်ရန်အတွက် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သောကြောင့် တစ်ခုခုကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်ဟု ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသည်။

နယူးယောက်တိုင်းမ် သတင်းစာက ထရမ့်သည် ၁၉၉၅ ခုနှစ်က ဒေါ်လာ ၉၁၆ သန်း အရှုံးပြခြင်းဖြင့် ၁၈ နှစ်တိတိ အခွန်မဆောင်ဘဲ ရှောင်လွှဲနိုင်ခဲ့သည်ဟု ရေးသားခဲ့သည်။

MSNBC မှ တင်ထားသော အခွန်ကြေညာလွှာတွင် ၂၀၀၅ ခုနှစ်တွင် ထရမ့်က အခွန်ပေးဆောင်ခဲ့ကြောင်း ပြသထားသည်။

သို့သော် အခြားနှစ်များတွင် အခွန်ပေးဆောင်ခြင်း ရှိ၊ မရှိကို ဖော်ပြထားခြင်း မရှိပေ။

အင်္ဂါနေ့က အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်နယ်ထရမ့်သည် ထရမ့်အဖွဲ့အစည်း အကြီးအကဲတစ်ဦး အနေနှင့် တရားဝင် သတ်မှတ်ထားသော အခွန်ထက် ပိုမိုပေးဆောင်ရန် ဝတ္တရား မရှိပါဟု ဖော်ပြထားသည်။

သမ္မတနှင့် အိမ်ဖြူတော် အကြီးတန်း အရာရှိလောင်းများသည် ဝင်ငွေခွန် ကြေညာလွှာကို ထုံးစံအရ ထုတ်ပြန်ကြေညာပေးရသည်။

ပြည်တွင်းအခွန်ဌာနက စစ်ဆေးနေဆဲ ဖြစ်သောကြောင့် အခွန်ကြေညာလွှာကို မထုတ်ပြန်ခြင်း ဖြစ်သည်ဟု ထရမ့်က အကြောင်းပြခဲ့သော်လည်း ယင်းကဲ့သို့ အချက်အလက်ထုတ်ပြန်မှုကို အခွန်ဌာနက တားမြစ်ထားခြင်း မရှိဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

စက်တင်ဘာလ သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ထရမ့်သည် ဖက်ဒရယ် ဝင်ငွေခွန်ကို ပေးဆောင်ခဲ့ခြင်း မရှိဟု ဟီလာရီက ပြစ်တင်ဝေဖန်ခဲ့ရာ ထရမ့်က “ဒါကြောင့် ကျုပ်က စမတ်ကျတာပေါ့ဗျာ” ဟု တုံ့ပြန်ပြောဆိုခဲ့ဖူးသည်။

ထရမ့်သည် အာဏာရလာပြီးနောက်တွင် မီဒီယာများက ၎င်းအား သိက္ခာချရန် သတင်းတုများဖြင့် လုပ်ကြံခဲ့သည်ဟု ပြန်လည်ဝေဖန် ထိုးနှက်ခဲ့သည်။

ထို့ပြင် “သမ္မတသည် အမေရိကန်အားလုံး အကျိုးဖြစ်ထွန်းစေမည့် အခွန်စနစ် ပြုပြင်ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်နေသော်လည်း မရိုးဖြောင့်သော မီဒီယာများက သမ္မတကို အပုပ်ချမည့် အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ကြဖွယ် ရှိသည်” ဟု အိမ်ဖြူတော်က အင်္ဂါနေ့က ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment