Latest News

Thursday, March 23, 2017

မြန်မာနိုင်ငံတွင်ပထမဦးဆုံး ငလျင်ဒဏ်ခံနိုင် ဈေးနှုန်းသက်သာသည့် Smart Home အဆောက်အဦးများ ထုတ်လုပ်လျက်ရှိ

မြန်မာနိုင်ငံတွင်ပထမဦးဆုံး ငလျင်ဒဏ်ခံနိုင် ဈေးနှုန်းသက်သာသည့် Smart Home အဆောက်အဦးများ ထုတ်လုပ်လျက်ရှိ

မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်အနေဖြင့် ဖိုက်ဘာနှင့်ပထမဦးဆုံးငလျင်ဒဏ်ခံနိုင် ဈေးနှုန်းသက်သာသည့် Smart Home အဆောက်အဦးများကို မန္တလေးမြို့ UD GROUP Co.,Ltd. မှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

"Smart Home ရဲ့ အားသာချက်တွေကတော့ ​လေဒဏ်ကို (၁)နာရီ မိုင်​(၂၀၀ေ)ကျာ်အထိခံနိုင်ပြီး အခြားမီးဒဏ်၊ မိုးဒဏ်နဲ့မြေငလျင်ဒဏ်တွေကိုလည်း ခံနိုင်ပါတယ်။ ခြမစားဘူး။ အခြားပိုးမွှားအန္တရာယ်ဒဏ်တွေလည်း ခံနိုင်ရည်ရှိပြီး ထိန်းသိမ်းရတာလွယ်ကူစေပါတယ်။ ဒါ့အပြင်အဆောက်အဦးကို လိုချင်သလိုတစ်လုံးနဲ့ တစ်လုံးဆက်လို့ရတယ်။ အထူးသဖြင့် (၁ဧက)ကို အလုံး(၃၀)ခန့် လျင်မြန်စွာ အလွယ်တကူတည်ဆောက်လို့ ရပါတယ်။ Smart Home က ပေါ့ပါးပြီး သယ်ရတာလွယ်ကူတဲ့အတွက် သွားလာရခက်ခဲတဲ့​နေရာတွေမှာတောင် လွယ်လွင့်တကူတည်ဆောက်လို့ရပါတယ်။ Smart Home ရဲ့ ထူးအားသာချက်ကတော့ ဖြုတ်ရတက်ရလွယ်ကူပါတယ်"ဟု UD GROUP Co.,Ltd. မှ ဒါရိုက်တာ ဦးဝေလင်းထွန်းက ပြောပြသည်။

အဆိုပါ Smart Home သည် တပ်ဆင်ရန် သုံးနာရီသာကြာမြင့်မည်ဖြစ်ပြီး အိမ်အမျိုးအစားများအနေဖြင့် ဈေးနှုန်းများမှာ Class A သိန်း သုံးဆယ်၊ Class B သုံးဆယ့်ငါးသိန်း၊ Class C သိန်းလေးဆယ်တို့ ဖြစ်သည်။ ထို့ ပြင် ပြုလုပ်သည့်ကုန်ကြမ်း ဖိုင်ဘာတပ်ဆင်ခ နေရာဒေသအလိုက် တစ်သိန်းခွဲနှင့် နှစ်သိန်းကြား ကုန်ကျကြောင်း သိရသည်။

"လက်ရှိအလုံး (၃၀၀)ကျော်လောက် ​ရောင်းချပြီးဖြစ်ပါတယ်၊ အလုံး (၁၀၀)ဝန်းကျင်လောက် မှာထားတာရှိတယ်၊ Smart Home ရောင်းထားပြီး အသုံးပြုတဲ့နေရာတွေကတော့ တောင်ကြီး၊ ညောင်ရွှေ၊ ပုဂံ၊ ငွေဆောင်တို့ ဖြစ်ပါတယ်"ဟု ကိုဝေလင်းထွန်းက ဆက်လက်ပြောပြပါသည်။

Smart Home တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းကို ထိုင်းကမှာယူလျက်ရှိပြီး ဂျပန်နိုင်ငံနှင့် ကိုရီးယားတို့ မှာ အသုံးပြုမှု ပိုများပြားလျက်ရှိကြောင်း သိရသည်။
မန်းကိုကို ( TheMandalayNewsJournal )

No comments:

Post a Comment