Latest News

Thursday, March 23, 2017

ပရိသတ်တွေရဲ့ စိတ်ဝင်းစားခြင်းခံနေရတဲ့ ပြည်ထောင်စုသစ္စာ ဇာတ်ကား

ပရိသတ်တွေရဲ့ စိတ်ဝင်းစားခြင်းခံနေရတဲ့ ပြည်ထောင်စုသစ္စာ ဇာတ်ကား


(၇၂)နှစ်ကြိမ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း ဖြစ်ပါတယ်။

ပြည်ထောင်စုသစ္စာ ဇာတ်ကား နမူနာ အွန်လိုင်းပေါ် တင်ပြီးနောက် ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ပြည်ထောင်စု သစ္စာ ဇာတ်ကားဟာ (၇၂)နှစ်ကြိမ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်ပြီး မုံးကိုးတိုက်ပွဲကို ကျောရိုးခံပြီး ရိုက်ကူး ထားတဲ့ စစ်ကားတစ်ကားဖြစ်ပါတယ်။
 ယင်းဇာတ်ကားကို ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)က ရိုက်ကူးထားပြီး ကျာ်ရဲအောင်၊ ဝေဠုကျော်၊ နေမင်း၊ နေဒွေး၊ ထူးခန့်ကျော်၊ စိုးမြတ်သူ ဇာ၊ မေသဉ္ဇာဦး၊ မေသက်ခိုင်၊ မေဘရဏီသော်နဲ့ မေကဗျာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။

ပြည်ထောင်စုသစ္စာဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)က ယခုလိုပြောပြထားပါတယ်။
‘‘ပြီးခဲ့တဲ့ နှစ်ကတည်းကစ ပြီး ပြောင်းလဲတာ။ မနှစ်ကကိုယ် တို့ရိုက်တဲ့ အညတရမိုးကောင်းကင်၊ အဲဒီမှာဘာတွေကောင်း လာလဲ ဆိုတော့ Computer Graphic အတွက် ကို တွက်ပြီး ရိုက်လာတယ်။ ကင်မရာတွေကို DOP (Director of Photography) အဖွဲ့ သတ်သတ် ပေးထားတယ်။ ပြီးတော့ အပြင်ပရော်ဖက်ရှင် နယ် ကင်မရာမန်းတွေနဲ့ ရိုက် တယ်။ Team လေးနဲ့ လုပ်ကြ တယ်။ ပြီးတော့ သမားရိုးကျဆန် ဆန်ထဲက ခွဲထွက်လိုက်တယ်။ ရိုက်ချက်တွေကို ညှိကြတယ်။ လှုပ်ရှားမှုတွေ မကြိုက်မချင်း ရိုက်တယ်’’လို့ 7day Daily မှာ ဖြေဆိုထားပါတယ်။

တစ်လကျော်ကာ ရိုက်ကူးထားတဲ့ ပြည်ထောင်စု သစ္စာဇာတ်ကားကတော့ မြဝတီရုပ်မြင်သံကြားနဲ့ ဆက်စပ်ရုပ်သံလိုင်းများကနေ မတ်လ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ သုံးရက်ဆက်တိုက် ပြသမှာ ဖြစ်ပါတယ်။
Source : 7day Daily : Duwun
Photo  : တင်အောင်စိုး ဖေ့စ်ဘွတ်

No comments:

Post a Comment