Postmates ဟာ အမေရိကန်နိုင်ငံရဲ့ပထမဦးဆုံး အစားအသောက်ပို့တဲ့စက်ရုပ်ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီရဲ့ လမ်းဘေးပလက်ဖောင်းတွေမှာ အစားအသောက်တွေလိုက်ပို့နေတဲ့
ဒီစက်ရုပ်ကိုတွေ့နေရပါပြီ။ စားသုံးသူတွေက အွန်လိုင်းပေါ်ကနေ မှာယူလိုက်တာနဲ့ ဒီစက်ရုပ်က
သူ့ရဲ့အာရုံခံစနစ်နဲ့ကင်မရာကို အသုံးချပြီးစားသောက်ဆိုင်ကိုသွားပြီး အစားအသောက်မှာပေးမှာ
ဖြစ်ပါတယ်။
ဒရုန်းနဲ့ကောင်းကင်ကနေ ပစ္စည်းပို့ဖို့ကြိုးစားနေချိန်မှာPostmates ကလက်တွေ့အကျဆုံး
ဝန်ဆောင်မှုကိုစတင်လိုက်ခြင်း ဖြစ်ပါတယ်။
ဒီလိုဝန်ဆောင်မှုမျိုးကို ကယ်လီဖိုးနီးယားပြည်နယ်၊ရက်ဒ် ၀ုဒ်မှာလည်း လုပ်ဆောင်ဖို့အစီအစဉ်ရှိပါတယ်။
ဒီလုပ်ငန်းကိုတခြားမြို့တွေကိုတိုးချဲ့လုပ်ဆောင်ဖို့လမ်းဘေးပလက်ဖောင်းတွေအသုံးပြုခွင့်ရဖို့
ဒေသခံအာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကိုညှိနှိုင်းဆောင်ရွက်ဖို့တော့လိုပါတယ်။
ref:AP
SuZie(တိုင်းဧရာ)ဘာသာပြန်သည်။
No comments:
Post a Comment