Latest News

Sunday, March 12, 2017

တောင်ကိုရီယားသမ္မတ ပတ်ဂွန်းဟေး သမ္မတ အိမ်တော်ကထွက်ခွာ


ရာထူးက  အထုတ်ခံရတဲ့တောင်ကိုရီယား သမ္မတ ပတ်ဂွန်ဟေး ဟာ သမ္မတ အိမ်တော်က ထွက်သွားပြီဖြစ်တယ်လို့ တောင်ကိုရီယားမီဒိယာတွေကရေးသားကြပါတယ်။

တောင်ကိုရီယား သမ္မတ ဟာ အကျင့်ပျက်လဘ်စားမှုတွေကြောင့် လွတ်တော်က စွပ်စွဲပြစ်တင်ပြီးနောက် ဖွဲစည်းပုံအခြေခံဥပေဒခုံရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့လို့ ရာထူးကထွက်ခဲ့ရပါတယ်။
 သမ္မတ အိမ်တော်ကထွက်ခွာချိန်မှာ သမ္မတ ပတ်ဂွန်းဟေးကို ထောက်ခံသူတွေ လိုက်ခဲ့ပြီး  ဆိုလ်မြိုတောင်ပိုင်းနေအိမ်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။

 သမ္မတပတ်ဂွန်းဟေးက “ ကျွန်မဟာအချိန်ယူရမှာဖြစ်တယ်။ အမှန်တရားဆိုတာ ကျိန်းသေပေါ်လာမယ်လို့ ယုံကြည်တယ်။ “လို့ ပြောပါတယ်။ ပတ်ဂွန်ဟေးဟာ သူမကို ထောက်ခံသူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်မှုမရှိတာကြောင့် ၀မ်းနည်းကြောင်း ပြောခဲ့ပါတယ်။

 ပတ်ဂွန်ဟေး ဟာ ရာထူးကအထုတ်ခံရပေမယ့် ရာဇာဝတ်ကြောင်းအရ တရားရင်ဆိုင်မှု ရှိ မရှိဆိုတာ မသိရသေးပါဘူး၊ သမ္မ ပတ်ဂွန်းဟေး ရာထူးကအဖြုတ်ခံရပြီးနောက် တောင်ကိုရီယားနိုင်ငံဆိုလ်မြို့မှာ ထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေကြား စင်ပြိုင်ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ တင်းမာမှုတွေမြင့်လာမှာ ကို တောင်ကိုရီယား ပြည်သူတွေက စိုးရိမ်နေပါတယ်။
သမ္မတ ပတ်ဂွန်ဟေး အိမ်တော်ကထွက်ခွာချိန်မှာ သူမကိုထောက်ခံသူတွေကလမ်းတလျှောက် အော်ဟစ်ကောင်းချီးပေးခဲ့ပြီး လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့ သိရပါတယ်။ ပတ်ဂွန်ဟေး ဟာအိမ်တော်က ထွက်ချိန်မှာ မျက်နှာထားပြုံးရွင်နေတယ်လို့ မျက်မြင်တွေရှိသူတွေကပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment