Latest News

Wednesday, March 8, 2017

Paragon Residence ကွန်ဒို စရန်ငွေ ၁၀ သိန်း ၁၇ လ အရစ်ကျ

Paragon Residence ကွန်ဒို စရန်ငွေ ၁၀ သိန်း ၁၇ လ အရစ်ကျ


ရန်ကုန်၊ မတ် ၇ -  အလုံမြို့နယ်၊ ကမ်းနားလမ်းက ကွန်ဒိုကို စရန်ငွေ ကျပ် ၁၀ သိန်းစပေးပြီးတော့ ၁၇ လနဲ့ အရစ်ကျရောင်း ချမှုကို မတ်လ ၁၁ ရက်၊ ၁၂ ရက်နေ့မှာ Paragon Residence မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
ကွန်ဒိုဈေးနှုန်းကတော့ ကျပ်သိန်း ၃၀ဝ၀ ကျော်ကနေ ၄၀ဝ၀ အ ထိရှိပါတယ်။ ကွန်ဒိုအခန်းတွေကိုရောင်းချရာမှာလည်း ရွှေတိဂုံ ဘုရား view နဲ့ river view အခန်း ၁၀ ခန်းကိုလျှော့ဈေးနဲ့ ဦးရာလူ ကို ရောင်းချမှာဖြစ်ပါတယ်။ ပထမဆုံးဝယ်ယူသူကို ကျပ်သိန်း ၁၀ဝ၀ ဒစ်စကောင့်ပေးမှာဖြစ်ပါတယ်။
ကွန်ဒိုအမြင့်က ၂၇ လွှာအထိရှိပြီးတော့ အခန်းစုစုပေါင်း ၁၄၁ ခန်းရှိပါ တယ်။ အခန်းအကျယ်တွေကတော့ စတုရန်းပေ ၁၅၂၃ ကနေ စတုရန်းပေ ၃၃၀၈ အထိရှိပါတယ်။တစ်လွှာကနေ ခုနစ်လွှာအထိ ကားပါကင်ဖြစ်ပြီး ရှစ်လွှာကနေ ၂၅ လွှာအထိ လူနေ တိုက်ခန်း ဖြစ်ကာ ၂၆ လွှာ၊ ၂၇ လွှာ မှာ pent house ဖြစ်ပါတယ်။
ကွန်ဒိုရဲ့အခန်းတွေကို စရန်ငွေ ၁၀ သိန်းပေးဝယ်ယူသူတွေအတွက် ၂၀၁၇ ဧပြီလကနေ ၂၀၁၈ အောက်တိုဘာလအထိ အတိုးနှုန်းနဲ့ ပေးသွင်းရမှာဖြစ်တယ်၊ ပထမဆုံး ဧပြီ၊ မေ၊ ဇွန်သုံးလမှာ ၁၀ သိန်းပေးပြီး ကျန်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပေးသွင်းရမယ်။ ကျန် ၇၀ ရာခိုင်နှုန်းကို ၂၀၁၇ စက်တင်ဘာကနေ ၂၀၁၈ အောက်တိုဘာအထိ ၁၄ လကြာ ငါးရာခိုင်နှုန်းစီပေးသွင်းရမယ်၊ အခုလက်ရှိတော့ ကွန်ဒိုကိုရောင်းချနေပေမဲ့ ၂၀၁၇ အောက်တိုဘာလမှ ဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်၊ လူနေထိုင်မှုကို ကွန်ဒိုအပ်ပြီးတဲ့ အချိန်မှာဆက်ပြီးလုပ်ဆောင်သွားမယ်လို့ i Myanmar House ရဲ့ Marketing က ပြောပါတယ်။
ကွန်ဒိုကအလုံမြို့နယ် ကမ်းနားလမ်း၊ အလုံတာဝါမျက်နှာချင်းဆိုင် Paragon Residence ဖြစ်ပါတယ်။

Author - မေသက်

Kunudra


No comments:

Post a Comment