Latest News

Wednesday, March 8, 2017

မဟာသင်္ကြန်ရုံးပိတ်ရက်နဲ့ ပတ်သတ်ပြီးသဘောမတူသူများ

မဟာသင်္ကြန်ရုံးပိတ်ရက်နဲ့ ပတ်သတ်ပြီးသဘောမတူသူများ

ရန်ကုန်။ မတ် ၉ - ၂၀၁၇ မဟာသင်္ကြန်ရုံးပိတ်ရက် ကို ၅ရက်သာ ပိတ်ဖို့ တင်ပြထားတဲ့အပေါ် ရန်ကုန်မြို့မှ ပုဂ္ဂလိက၀န်ထမ်းတွေရော အစိုးရ၀န်ထမ်းတွေကပါသဘောမတူသူများတယ်လို့ မေးမြန်းချက်တွေအရ သိရပါတယ်။ ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းအများစုက တခြားတိုင်းနဲ့ ပြည်နယ်တွေက လူတွေဖြစ်တဲ့ အတွက် ရက်ရှည်ပိတ်မှသာ အိမ်ကို အဆင်ပြေပြေပြန်နိုင်မှာ ဖြစ်တယ်လို့ CBဘဏ်မှ ကို သိုက်ထွန်းအောင်က ပြောပါတယ်။ “လုပ်ငန်း ရှင်တွေ ဘက်က လည်းအလုပ်သမားတွေကို နားလည်ပေးသင့်တယ်။တစ်ခြားနိုင်ငံတွေမှာလည်း ရက်ရှည် ပိတ်ရက်ဆိုတာရှိတယ်။ယဉ်ကျေးမှု ပွဲတော်ရက်ကိုလိုက်ပြီး ရက်ရှည်ပိတ်ကျတယ်။”လို့ ကို သိုက်ထွန်းအောင်က ပြောပါတယ်။

မဟာသင်္ကြန် ပွဲတော်ရက်ဆိုတာ မြန်မာရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ အတွက် နှစ်စဉ်ပိတ်လာတဲ့ ရက်ရှည် ရုံးပိတ်ရက်ကို ပြောင်းလဲ ပိတ်ဖို့ ဆိုတာ ခက်ခဲ နိုင်တယ်လို့ ကို သိုက်ထွန်းအောင်က ဆက်ပြောပါတယ်။ အခုလို မဟာသင်္ကြန်ရုံးပိတ်ရက် ကို ပြုပြင်ဖို့ ဆိုတာ အစီအစဉ်သေချာဆွဲပြီးမှ အကောင်အထည်ဖော်သင့်တာ ကို ရုတ်တရက်ကြီး အကောင်အထည်ဖော်မယ်ဆိုရင် အလုပ်သမားတွေဘက်မကြည့် တဲ့ လူပိန်း တွေး သလောက် တွေးတဲ့ ဘောင်မ၀င်တဲ့ အစိုးရ ဖြစ်သွားမယ်လို့ ရန်ကုန်မှာ ကော်ဖီထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုမှ Opreation Manager လုပ်နေတဲ့ မနီနီမြင့် ကပြောပါတယ်။ ‘’လုပ်ငန်းရှင်တွေက လာဘ်ထိုးထားသလားလို့တောင် သံသယရှိတယ်။”လို့ မနီနီမြင့်က ပြောပါတယ်။

ရန်ကုန်မြို့ အတွင်း နယ်မှ အလုပ်လာလုပ်တဲ့ လူတွေက ရက်ရည် ပိတ်ရက်ဖြစ်တဲ့ မဟာသင်္ကြန်ရုံးပိတ်ရက်ကို ပြက္ခဒိန်မှာလည်း ထည့်ပြီး ရေးဆွဲထားပြီး သားကို အနီးကပ်မှပြန်ပြင်မယ်ဆိုတော့ အလုပ်သမားတွေ အတွက် အဆင်မပြေနိုင်ဘူးလို့ ဟိုတယ်ဝန်ထမ်းဖြစ်တဲ့ မခင်မိုးကပြောပါတယ်။ “ဘဏ်လုပ်ငန်း တွေ အဆင်မပြေရင် dutyချပြီး လုပ်လေ။အကုန်လုံးတော့ ရက်ရှည်ပိတ်ရက် မလုပ်သင့်ဘူး။”လို့ မခင်မိုးကပြောပါတယ်။

နယ် တွေမှ ရန်ကုန်မြို့ကို အလုပ်လာလုပ်တဲ့ လူတွေက တစ်နှစ်လုံးနေမှ တစ်ခါ အိမ်ပြန်ရက် ရတာဖြစ်တဲ့ အတွက် ၅ရက်သာပိတ်မယ်ဆိုရင် အလုပ်သမားတွေ အိမ်ပြန်ရခက်ခဲမယ်လို့ ကို မိုးလေ၀သနဲ့ဇလဗေဒမှ ၀န်ထမ်း မယမင်းဦးကပြောပါတယ်။ မဟာသင်္ကြန်ရုံးပိတ်ရက်ကို အရင်နှစ်တွေက မဟာသင်္ကြန်အကြိုနေ့ မတိုင်မှီ တစ်ရက် မှ စပြီး ၁၀ရက်တိတိ ပိတ်ခဲ့တဲ့ အစား အခု နှစ်မှာမဟာသင်္ကြန်အကြိုနေ့ မှ နှစ်ဆန်းတစ်ရက်နေ့ အထိ ၅ရက်သာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ၀န်ကြီးဌာနတွေကို ပြည်ထောင်စုဖွဲ့ရုံးက စာပေးပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ ရုံးပိတ်ရက်ကို ၅ရက်တာသာပိတ်မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ နစ်နာမှု မရှိ ရအောင် ကျန်အခါကြီး ရက်ကြီးတွေမှာ တိုးမြှင့် သတ်မှတ်ပေးဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။

အခု လို မဟာသင်္ကြန်ရုံးပိတ်ရက် ကို ၅ရက် ပိတ်ဖို့ တင်ပြရတာက ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်မှု ငွေပေးငွေယူမှု လုပ်ဆောင်ရမယ့် ကိစ္စတွေ ဌာနဆိုင်ရာလုပ်ငန်းတွေအနေနဲ့ ရုံးပိတ်ရက် အရှည်ဖြစ်တဲ့ အတွက် အချိန်ကာလ သတ်မှတ်ချက် လုပ်ရမယ့် ကိစ္စတွေ အရေးတကြီး လုပ်ရမယ့်ကိစ္စတွေ အခက်အခဲ ရှိတယ်ဆိုတာ သိရတဲ့ အတွက် အခုလို ပိတ်ဖို့ သဘောထား တောင်းခံထားတာဖြစ်တယ်လို့ လည်း နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေးကပြောပါတယ်။

Author မို့မို့သန္တာ

Kumudra

No comments:

Post a Comment