Latest News

Friday, March 17, 2017

Myanmar Idol ပြိုင်ပွဲကြီးကို နှုတ်ဆက်သွားရသူ ပိုးမီ

Myanmar Idol ပြိုင်ပွဲကြီးကို နှုတ်ဆက်သွားရသူ ပိုးမီ

သူမရဲ့ ပရိသတ်တွေ မမျှော်လင့်ထားတဲ့ သတင်းလည်း ဖြစ်ပါတယ်။

Myanmar Idol ပြိုင်ပွဲဝင် ပိုးမီကတော့ Top 3 ပြိုင်ပွဲကနေ နှုတ်ဆက်သွားရပြီဖြစ်ပါတယ်။ မတ်လ(၁၆)ရက်နေ့က Top 3 ပြိုင်ပွဲမှာ သားငယ်၊ ပိုးမီးနဲ့ ဘီလီလမင်းအေးတို့ကနေ ခွန်အားဖြစ်စေတဲ့ တေးသီချင်းများကို  ယှဉ်ပြိုင်ခဲ့ရာ ပိုးမီကတော့ "ယုံကြည်ရာ" ဆိုတဲ့ တေးသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီသီချင်းသီဆိုမှုမှာလည်း ပရိသတ်များရဲ့အားပေးမှု ရရှိခဲ့ပေမယ့်  ဒီနေ့ Voting စနစ်နဲ့ ဆုံးဖြတ်တဲ့ အချိန်မှာတော့ ပိုးမီဟာ ပြိုင်ပွဲကနေ နှုတ်ဆက်သွားရသူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေတချို့တော့ မယုံနိုင်စရာတစ်ခုပေါ့။

ပရိသတ်တွေကတော့ ပိုးမီကို Grand Final အထိ တက်ရောက်ခွင့်ရမယ်လို့ ထင်ထားကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေမျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ပိုးမီးကတော့ Myanmar Idol နဲ့ ပရိသတ်တွေကို နှုတ်ဆက်တဲ့ အနေနဲ့ ယုံကြည်ရာ သီချင်းကို ပြန်လည်သီဆိုပြီး နှုတ်ဆက်ခဲ့ပါတယ်။

Myanarm Idol Season 2 Grand Final ပွဲကြီးကတော့ မတ်လ(၂၅)ရက်နေ့ စနေ့နေ့ ည(၇)နာရီခွဲ ကျင်းပသွားမှာပါ။  Grand Final ပွဲမှာတော့ ပြိုင်ပွဲဝင် သားငယ်နဲ့အတူ ဘီလီလမင်းအေးတို့ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ ခမ်းခမ်းနားနားတင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီယှဉ်ပြိုင်မှုမှာတော့ ဘယ်သူဟာ Myanarm Idol Season 2 ရဲ့ Winner ဖြစ်မလဲဆိုတာကတော့ ရင်ခုန်စရာ တစ်ခုဖြစ်လို့ နေပါတယ်။

Duwun

No comments:

Post a Comment