Latest News

Friday, March 17, 2017

နှစ်ပေါင်း ၈၁ နှစ်တိုင် တစ်ရက်မခွဲတဲ့ တရုတ်ဘိုးဘွားဇနီးမောင်နှံ


တရုတ်နိုင်ငံမှ အဖိုးအိုနဲ့အ ဖွားအိုတို့စုံတွဲရဲ့ နှစ်ပေါင်းများစွာကြာ တစ်ဦးနဲ့တစ်ဦး တစ်ရက်မခွဲဘဲ အတူနေထိုင်လာခဲ့တယ်လို့သိရပါတယ်။
အဘိုးအို Xiang Yongshan နဲ့ အဘွားအို Wu Xi နှစ်ပေါင်း ၈၁ နှစ်တိုင်တစ်ရက်မှမခွဲဘဲ တစ်ဦးနဲ့တစ်ဦးအတူနေထိုင်ခဲ့တာပါ၊ အဘိုးအို ဟာအသက် ၉၉ နှစ်ရှိနေပြီးအဘွားအိုကတော့ ၁၀၀ နှစ်ရှိပါတယ်။
သူတို့ချစ်ခြင်းကလည်းစမ်းကြယ်မှုတွေရှိနေပါတယ်။ တရုတ်ရိုးရာ ခင်ပွန်းရှာနည်းအတိုင်းတွေဆုံခဲ့တာဖြစ်ပြီးအဘွားအို ဟာ အသက် ၃နှစ်အရွယ်တည်းက ခြေထောက်ကို ကြိုးချည်ပြီးခင်ပွန်းလောင်းရှာဖွေခဲ့တာပါတယ်။
အဘွားအို ဟာအသက် ၆ နှစ်မှာတော့ အဘိုးအိုနဲ့တွေဆုံခဲ့တာဖြစ်ပါတယ်။ အကြောင်းအ ရင်းကတော့ သူမတတ်ကျွမ်း တဲ့ အရာလေးကို လုပ်ပြ ပြီး ခင်ပွန်း အပေါ်ထားတဲ့ အချစ်ကို ဖော်ပြချင် လို့အခုလိုလုပ်တာပါ။ အဖိုးနဲ့လက် ထပ်ပြီးတည်းက အားတဲ့အချိန်တိုင်း ပန်းထိုးလာခဲ့တာ ယနေ့အထိ မပျက်ကွက်ခဲ့ဘူးလို့သိရပါတယ်။
အဖွားအသက်(၁၉)နှစ်မှာ လက်ထပ်ဖြစ်ခဲ့ပြီး ခုချိန်ထိ အတူနေ လာခဲ့ တာပါ။အသက်(၁၀၀)ရှိနေပြီဖြစ်တဲ့ အဖွားက အရာအားလုံး ကို မေ့နေ ပြီး သူမ သတိရတာဆိုလို့ သူမနာမည်နဲ့ခင်ပွန်းရဲ့ နာမည်ပဲ ရှိပါတယ်။ငယ်ငယ်တည်းက ကျောင်းမနေခဲ့ရတဲ့ အဖွားက စာတော့မ တတ်ပေမယ့် ပန်းထိုးရာမှာ ကျွမ်းကျင်တယ်လို့သိရပါတယ်
ref shanghiist
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment