Latest News

Wednesday, March 8, 2017

၅ ရက်အတွင်း ကန်ဒေါ်လာ ၂၅၄ ဒသမ ၆ သန်းကျော် ရရှိခဲ့သည့် Logan

၅ ရက်အတွင်း ကန်ဒေါ်လာ ၂၅၄ ဒသမ ၆ သန်းကျော် ရရှိခဲ့သည့် Logan

နယူးယောက် ၊ ၈-၃-၂၀၁၇
.
၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် စတင်ပြသခဲ့သည့် Logan အမည်ရှိ အက်ရှင် ဇာတ်လမ်းသည် ၅ ရက်အတွင်း ကန်ဒေါ်လာ ၂၅၄ ဒသမ ၆ သန်းကျော် ရရှိခဲ့ပြီး Box Office ၏ တစ်ပတ်အတွင်း ဝင်ငွေအကောင်းဆုံး အက်ရှင် ဇာတ်လမ်း စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း Marvel Entertainment မှ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
.
မတ်လ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံပေါင်း ၃၅၂၁ ရုံ၌ ပြသခဲ့ရာ ရုံပြည့်ရုံလျှံဖြစ်ခဲ့ရသည့်အပြင် တစ်ရက်အတွင်း ကန်ဒေါ်လာ ၈၅ သန်းကျော် ရရှိခဲ့ပြီး ၅ ရက်ကျော် ကြာပြီးသည့်နောက် ကန်ဒေါ်လာ ၂၅၄ ဒသမ ၆ သန်းကျော် အထိ ရုံတင်ဝင်ငွေ ရရှိခဲ့ကာ Logan အက်ရှင် ဇာတ်လမ်းကို အားပေးကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်နောင် ပိုမိုကောင်းမွန်သည့် ဇာတ်လမ်းများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Logan အက်ရှင် ဇာတ်လမ်းကို ထုတ်လုပ်သည့် Marvel Entertainment မှ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
.
Logan အက်ရှင် ဇာတ်လမ်းကို ကန်ဒေါ်လာ ၉၄ သန်း အကုန်အကျခံ ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာကျော် သရုပ်ဆောင်များဖြစ်ကြသည့် Hugh Jackman, Partrick Stewart, Richard E. Grant, Boyd Holbrook စသည့် သရုပ်ဆောင်များမှ အဓိက ပါဝင်သရုပ်ဆောင်ထားကြောင်း သိရှိရသည်။
.
ရတနာပုံနေ့စဉ်သတင်းစာ
.
Yadanarpondaily

No comments:

Post a Comment