Latest News

Wednesday, March 8, 2017

မြောက်ကိုရီးယားနှင့် သံအဆက်သွယ် ဖြတ်တောက်မည်မဟုတ်ဟု မလေးပြော

မြောက်ကိုရီးယားနှင့် သံအဆက်သွယ် ဖြတ်တောက်မည်မဟုတ်ဟု မလေးပြော

ကင်ဂျုံနမ် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပေမယ့် မြောက်ကိုးရီးယားနဲ့ သံအဆက်အသွယ်ဖြတ်တောက်မှာ မဟုတ်ဘူးလို့ မလေးရှား ၀န်ကြီးချုပ်က မတ် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇက်က “အခုလောလောဆယ်အထိတော့ သံအဆက်အသွယ် ရှိနေဆဲပါပဲ။ ဒါက သူတို့နဲ့ ဆက်ဆံရတဲ့ တခုတည်းသော လမ်းကြောင်းပါပဲ။ ခင်ဗျားသိတဲ့အတိုင်းပါပဲ။ သူတို့ကို စကားပြောဖို့ စေ့စပ်ညှိနှိုင်းဖို့ လမ်းကြောင်းတခုလို အပ်ပါတယ်။” လို့ ရှင်းပြသွားပါတယ်။

“မြောက်ကိုရီးယား တကယ်လိုချင်နေတာ ဘာလဲဆိုတာကို ကျနော်တို့ သိအောင်ကြိုး စားနေပါတယ်။ ဒါ လောလောဆယ် ကျနော်တို့ရှာဖွေနေတဲ့အချက်ပါ” လို့လည်း မလေးရှားဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

“မြောက်ကိုရီးယားမှာရှိတဲ့ မလေးနိုင်ငံသားတွေလည်း ပုံမှန်အတိုင်းပဲရှိနေပါတယ်။ သူတို့လုံခြုံရေး ခြိမ်းခြောက်ခံရတာမျိုး မရှိပါဘူး။ သူတို့ကို ဖမ်းထားတာမျိုး မရှိပါဘူး။ သူတို့အတွက် ကျနော်တို့ စိတ်ပူစရာ မရှိပါဘူး” လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment