Latest News

Thursday, March 9, 2017

မြန်မာ idol အား စဆရက ဝင်လုပ်ခြင်း (၅)

မြန်မာ idol အား စဆရက ဝင်လုပ်ခြင်း (၅)

ဇင်ကြီး. . ဂစ်တီးရင်းပြန်လည်ဝင်ရောက်လာ
. .စကေးလိုလို ပက်တန်လိုလို ကို မြူး ကြွ သော်လဲ မသပ်ရပ်စွာ တီးခတ် နေပေ၏ ပရိသတ်လဲ သိပြီးဖြစ်သောကြောင့်ဝတ်ကျေတန်းကျေ လက်ခုတ်တီးနေကြပါပေ၏ 😃😃.. နှစ်ပတ်အတွင်းစိတ်ဆငိးရဲ သွား၍လောမသိချေ. .   ကောင်လေးခင်မျာ. . ပိန်သွားရှာပေသည်ဟု ဆရာမြိုင် အမြင်စောင်းနေပေ၏. .  Mpt ၏ လူလည်ကျခြင်းအား. . အမြင်ကပ်မိနေ၍ မိမိ၏ စိတ် ပြောင်းလဲနေဟန်တူပါ၏. . ဇင်ကြီးကားသိဟန်မတူချေ. . 😃😃😃😃😃

ပိုးမီ
12bar scale blues တစ်ပုဒ် ကိုရွေးချယ်သွားတာတွေ့ရပါတယ်.  သီချင်းနာမည်မသိခဲ့ပါ.   .  ညီပုရဲ့သီချင်းလို့ဆိုပါတယ်. ပိုးမီဟာ. Blues သီချင်းရဲ့  စိတ်ခံ စားမူ့ တုန်လှူပ်မူ့အတိုင်း အရသာပြည့်စွာ သီဆိုသွားနိုင်တာတွေ့ ရပါတယ်. . Blues ရဲ့ အနှစ်ရသဖြစ်တဲ့ အသံ အတိုးအကျယ်. Crack tone တို့. ကို လှပ ပိုင်နိုင်စွာ ကစား သွား တာကိုတွေ့ရ ပါတယ်. . . အင်မတန်ကောင်းပါပေတယ်ခင်ဗျား. .   နောက်ဆုံး အသံချမှာတော့ နည်းနည်းလေး ယိုင်သွားသလိုခံစား မိပေမယ့် . .  သူ့ရဲ့Mood ကသိပ်လှပ  နေလေ တော့ တကယ့် ကပ္ပလီ မကြီးတစ်ဦး ဆိုနေသလို ကို ခံစားလိုက် ရပါတယ်ခင်ဗျား  တမင်လုပ်ဆိုနေ မှန်းကို.    သိနေသော်လဲ. သီချင်းတစ်ပုဒ်လုံး ခြုံ ကြည့် လိုက်တဲ့အခါ   ကောင်းပါပေ၏  လို့ ကို ဝန်ခံလိုက်ရပါတယ်ခင်ဗျား  . ပိုးမီ၏သီဆိုခြင်းကား အရသာရှိပါပေ၏

သားငယ်. .  
ဇော်ဝင်းထွဋ်ရဲ့ အမုန်းမြို့ရဲ့အဝေးမှာ ကို ဆိုသွားတာကိုတွေ့ရပါတယ်
အဝင်နည်းနည်းမှားသွားတယ်ခင်ဗျ. . . . အသံဟာ.  မလိုအပ်ဘဲ အရမ်းပြင်းထန်နေပါ တယ် .    Blues ရဲ့ ရသကို သူမရ လိုက်ဘူး ခင်ဗျာ    နှမျော ဖို့ကောင်း လိုက်လေ...
တကယ်ရင်ထဲ မှာ မကောင်းဘူး သူ့ကို ကျွန်တော် သိပ်မျှော်လင့်ထားတာဗျ. .Bluesအသံ အချို နဲ့ ကြေကွဲစရာ ကောင်းလှတဲ့ အသံကို  Rock လိုဆိုဖို့ကြိုးစားနေတဲ့ သားငယ်ဟာ Note မှန်နေသော်လဲ Blues Mood အရ ဂွမ်းနေ ပါတယ်ခင်ဗျား. ... utt, ms နှစ်ဦးလုံးက အရသာမရှိပါဘဲ.အရမ်းကောင်းပါတယ်ဆိုပြီး ဖိန့်ဖိန့် တွေပြောသွားပါတယ်ခင်ဗျား tzm ကဘဲ အမှန်ပြောသွားပါတယ်
အီစကိုယ် ကတော့ သူ့ရဲ့ တမင်လုပ်နေတဲ့ Blues ကို လက်မခံ ပါခင်ဗျား ချစ်သော်လဲ စိတ်မကောင်းပါမောင်သားငယ်ရေ.Good luck ပါ Blues ကိုပြန်ကျင့်ပါအုန်းညီလေးရေ. . .

မိုင်းမိုင်စံ
ဇော်ဝင်းထွဋ် ရဲ့ ပဲရစ်မြို့ ကိုပြန်ယူသွား.  .ဆိုတဲ့ သီချင်းကို ရွေးချယ်သီဆိုသွားပါတယ်
Blues rock အယိုင်သီချင်းတစ်ပုဒ်ပါ. .
ဝင်ဝင်ခြင်းအရမ်းလှနေပေမယ့် ခဏ နေတော့ ဆိုရင်းနူတ်ထဲက ထွက်သလိုလိုဖြစ်သွားသေးတယ်ခင်ဗျ. . . နောက်ပိုင်းမှာတော့.  . ပြန်တည့်သွားတာတွေ့ရပါတယ်. . ပဲရစ်မြို့လို့ ထအော်လိုက်တဲ့နူတ်ဟာ. . ကြုံးဝါးသံမဟုတ်ဘဲ.    ငါးစိမ်းတန်း ရန်တွေ့သလိုတစ်ချက်ဖြစ်သွားတယ်ခင်ဗျ.   😃😃😃😃.  နောက်ဆုံး အပိုဒ်ကလေးတွေမှာတော့ ပြန်တည့်သွားပါတယ်ခင်ဗျ. . ဇော်ဝင်းထွဋ်ရဲ့ အခွေထဲမှာ.   မပါတဲ့ Notr တွေကိုရွတ်ဆို တာကလဲ အရမ်းကောင်းတယ်လို့ မဆိုသာပေမယ့် သင့်တယ်လို့တော့ပြောလို့ရပါတယ် ... လေရှူ မှားတာတစ်ချက် နှစ်ချက် လောက်ပါ သွားသေး တယ်ခင်ဗျ.    . . သိသာလောက်အောင်တော့မမှားခဲ့ပါ. .
သို့သော်.. Blues Rock အသံကြမ်းသီချင်းတစ်ပုဒ်အားငြိမ်သက်စွာ သီ ဆိုသွားခြင်းကိုလုံးဝမကျေနပ်ပါခင်ဗျား......
Tzm ၏ ဝေဖန်ချက် ကောင်းပါပေ၏. . Utt ကတော့ တိုင်ပင်ချ ပြီး နားထောင်ကြည့်ချင်တယ်ဆိုပါတယ်. . . ဟုတ်ကဲ့.    ရွံစရာကောင်းသော ပဲရစ်မြို့ကြီးဖြစ်သွားပါလိမ့်မယ် အန်ကယ်ခင်ဗျား. . 😃😃😃😃
တီဆွေကတော့ Tzm ရဲ့ဝေဖန်ချက်ကို ပံ့ပိုး ထောက်ခံသွားတာတွေ့ရ ပါတယ်ခင်ဗျား.  

ဇင်ကြီး
ထူးအိမ်သင်ရဲ့ အမေ့ရဲ့ဒုက္ခအိုးလေးကို ရွေးချယ်သီဆိုသွားတာတွေ့ရပါတယ်ခင်ဗျ.
အင်မတန်ချိုသောအသံ တစ်ခုနဲ့ထွက်လာတာ တွေ့ရပါတယ်. .Blues ဂီတ.    စာသားတို့နဲ့ အတူတွဲပါလာတဲ့ Depression ရဲ့ mood ကို သူတကယ်ရပြီး သီဆိုသွားတာတွေ့ရ ပါတယ်ခင်ဗျား အရမ်းအရသာရှိပါပေတယ်. .

 ဒီည ဇင်ကြီးဟာ သီချင်းရွေးမှန်. . သူ့ရဲ့ အသံနွဲ့ခြင်းအမှန်တွေနဲ့ idol ကိုထိုက်တန်စွာ ပြန်လည်ရောက်ရှိလာခဲ့တာပါခင်ဗျား. . . .အရသာရှိလိုက်လေ ညီရေ. . . ကောင်းပါပေ့ကွယ်... သူ့ ညဖြစ်သွား ပြီလို့ တောင်ဆိုလို့ရပါတယ်ခင်ဗျား. . . အောင်မြင်ပါစေညီရေ
Utt ပြောတဲ့အထဲ မှာ တီးဝိုင်း ရဲ့ပံ့ပိုးခြင်း ကပြည့်တယ်ဆိုတာကို လဲ တကယ်လက်ခံမိပါတယ်. . သူတို့ဒီသီချင်းကို အရသာရှိရှိ တီးသွားတာပါခင်ဗျ. .  ဇင်ကြီးရဲ့သီဆိုမူ့ နဲ့ တီးဝိုင်းဟာဂွပ်ကနဲ့ ဖြစ်သွားတဲ့ညပါဘဲခင်ဗျား

ဘီလီလမင်းအေး
နီနီခင်ဇော်ရဲ့ နူတ် အရမ်းဆော့ထားတဲ့ Blues သီချင်းတစ်ပုဒ်ကို သီဆိုသွားတာတွေ့ရပါတယ်. .
အိုးမိုင်ဂေါ့ဒ် ဒီကောင်မလေးတကယ်ကို ကောင်း ပါပေ တယ်ခင်ဗျား. . သူက. . Blues ရဲ့Mood ကိုသူ့ သွေးထဲမှာ မွေးကတည်းက ပါလာခဲ့ ပုံရတယ်ခင်ဗျ. ထပ်ကျင့် ထားတာမျိုး မဟုတ်ပေဘူးဗျို့. .  သီချင်းနဲ့တသားထဲကို ဖြစ်နေပါလေရော  .  သူ့ရဲ့ကဟန် နဲ့မျက်လုံး အကြည့် ကတောင်. . Blues အဆိုတော် တစ်ယောက်ရဲ့ သင်္ကေတ ကို အပြည့် ရယူထားကြောင်း တွေ့လိုက်ရပါတယ်ခင်ဗျား. .  ကောင်းလိုက်လေ.  အရသာရှိလိုက်လေ
ကီးမြင့်တွေကို လဲ ယုံကြည်စွာ နဲ့ အသံပြည့်ဆိုနိုင်ခဲ့ပါတယ်ခင်ဗျား. .ဒီညအတွက်တော့ ဇင်ကြီးနဲ့ ဘီလီဟာ အကောင်းဆုံး လို့တောင် ပြောလို့ရပါတယ်.. အန်ကယ်ကျေနပ်ပါတယ် သမီးရေ.  အောင်မြင်ပါစေ
 . .
ကိုင်း. .ကိုင်း . . ဒီညအတွက်တော့ အန်ကယ့်ရဲ့ ဝေဖန်ချက်ကတော့ ဂလောက်ဖဲဗျို့. .တော်သေးပြီ
စဆရက
အန်ကယ်မြိုင်

Aung Mying Thin

No comments:

Post a Comment