Latest News

Thursday, March 9, 2017

အကယ်ဒမီပွဲအတွက် စင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်

အကယ်ဒမီပွဲအတွက် စင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်

ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မှာပါ။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ပွဲအတွက် စင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါပြီ။ မတ်လ(၁၈)ရက်နေ့ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲအတွက် ဒီနေ့ မတ်လ(၉)ရက်နေ့မှာ စင်ပြင်မှုတွေကို စတင်နေတာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီပေးပွဲကတော့ တဖြေးဖြေးနဲ့ နီးကပ်လို့လာပါပြီ။

ငွေကျပ်သိန်း(၅၀၀၀) ကျော် အကုန်ကျခံ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကတော့ ဘယ်လောက်ထိအောင် ပရိသတ်တွေကို ဆွဲဆောင်နိုင်မလဲဆိုတာကလည်း ရင်ခုန်စရာတစ်ခုပါ။

နောက်တစ်ခုကတော့ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရွှေစင်ရုပ်ထု (၁၀၀)နဲ့ ပြင်ဆင်ထားပါတယ်။ အဲ့လိုပြင်ဆင်ထားခြင်းဟာလည်း မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခြင်းဖြစ်ပြီး  အကယ်ဒမီပေးပွဲ မုခ်ဦးအဝင်ဝမှာ ပြင်ဆင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီရွှေစင်ရုပ်ထု ၁၀၀ရှေ့မှာ အနုပညာရှင်များ ၊ တက်ရောက်လာတဲ့ ဧည့်သည်များအနေနဲ့ ဓာတ်ပုံများရိုက်ကူးခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုတာက တစ်နှစ်တစ်ကြိမ် ရုပ်ရှင်အထူးချွန်ဆုံးသူတွေကို ပေးအပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကို ၁၉၅၂ခုနှစ်ကတည်းက ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၅၂ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ အကယ်ဒမီပေး ပွဲဟာ တစ်ဦးချင်းထူးချွန်ဆုအဖြစ် ရွှေစင်ရုပ်တုနဲ့တကွ ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။
Photo : လူမင်းဖေ့စ်ဘွတ်
Sources: Duwun

No comments:

Post a Comment