Latest News

Thursday, March 9, 2017

ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၅ က ချီးမြှင့်ခဲ့သည့် ဒီမိုကရေစီဆုတံဆိပ်ကို IAPC အဖွဲ့က လာရောက်ပေးအပ်

ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၅ က ချီးမြှင့်ခဲ့သည့် ဒီမိုကရေစီဆုတံဆိပ်ကို IAPC အဖွဲ့က လာရောက်ပေးအပ်

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ၁၉၉၅ က ချီးမြှင့်ခဲ့သည့် ဒီမိုကရေစီဆုတံဆိပ်ကို အမေရိကန်နိုင်ငံ Internatioal Association of Political Consultants(IAPC)အဖွဲ့က မတ်လ ၈ ရက်တွင် နေပြည်တော်သို့ လာရောက်ပေး အပ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။


IAPC ၏ ဥက္ကဋ္ဌဟောင်းနှင့် RBI Strategies and Research Inc. ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Rick Ridder သည် နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံစဉ် IAPC အဖွဲ့ အစည်းကိုယ်စား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 IAPC အဖွဲ့အစည်းကို ၁၉၆၈ တွင် စတင်တည်ထောင်ခဲ့ ပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ဦးတည်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင် ရွက်ခဲ့သည့် လူပုဂ္ဂိုလ် အဖွဲ့အ စည်းများအား ၁၉၈၂ ကစတင်၍ ဒီမိုကရေစီဆုတံဆိပ် ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မတ်လ ၈ ရက် နံနက်က နေပြည်တော်၌ ကျင်းပသည့် ၂၀၁၇ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက် ရောက်ခဲ့သည်။ ယင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ ‘‘ကျွန်မတို့အမျိုးသမီးများဟာ မိမိ တို့ရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ဓနအင်အား၊ လုပ်ငန်းရှင်အင်အားကို တစ်နိုင်ငံလုံးအတွက်သာမက တစ်ကမ္ဘာလုံးအတွက် တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအသုံးချမလဲဆိုတာ  စဉ်းစားစေချင်ပါတယ်။ အင်အားဟာ အမှန်တရားလား၊ အမှန် တရားဟာ အင်အားလားဆိုရာ မှာ အမှန်တရားဟာ အင်အားဆို တဲ့ ခေတ်ကြီးကို ဦးတည်ပါတယ်။ ယဉ်ကျေးတဲ့သူတိုင်းဟာ အမှန် တရားဟာ အင်အားလို့သတ်မှတ် ပြီးတော့ သတ်မှတ်တဲ့အတိုင်း  လုပ်ကိုင်ပြောဆိုကြပါတယ်။ လူ ရိုင်းများကတော့ အင်အားဟာ အမှန်တရားလို့ ပြောကြပါတယ်။ အင်အားဟာ အမှန်တရားလို့ ထင်ရင်းထင်ရင်းနဲ့ အမှန်တရား ဆိုတာ ဘာမှန်းတောင် မသိကြ တော့ပါဘူး။ အင်အားကိုပဲ အား ကိုးလာကြပါတယ်’’ဟု ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် နိုင်ငံအတွက် ငြိမ်း ချမ်းရေးကို အဓိကထားရမည့်နှစ် ဖြစ်၍ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်မြောက်ရေး မည် သို့ ကူညီနိုင်မည်ဆိုသည်ကို စဉ်း စားဆောင်ရွက်ရန်လည်း တိုက် တွန်းခဲ့သည်။

7Day News Journal

No comments:

Post a Comment