စင်ကာပူမှာ အသက် ၂၁ နှစ်ပြည့်မှသာ ဆေးလိပ်သောက်ခွင့်ရတော့မည်
အများပြည်သူရဲ့ အကြံဉာဏ် ရယူမှုအရလည်း ဆေးလိပ်သောက်ခွင့် အသက်ကန့်သတ်ချက်ကို တိုးမြှင့်သတ်မှတ်ရန် ထောက်ခံခဲ့ကြပါတယ်။
စင်ကာပူနိုင်ငံမှာ ဆေးလိပ်သောက်ခွင့်နဲ့ ဆေးလိပ်ဝယ်ယူခွင့် အသက်ကန့်သတ်ချက်ကို ၁၈ နှစ်မှ ၂၁ နှစ်သို့ တိုးမြှင့် သတ်မှတ်ထားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအမ်မီခိုရ်က ပါလီမန်မှာ ယနေ့ (မတ်လ ၉ ရက်) ကြေညာပါတယ်။ "ကျွန်မတို့ရဲ့ လူငယ်လူရွယ်တွေကို ဆေးလိပ် ဆေးရွက်ကြီးကြောင့် ထိခိုက်စေမှုကနေ ကာကွယ်ချင်ပါတယ်၊ ကျန်းမာရေးကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းကို ဖော်ဆောင်ချင်ပါတယ်" လို့ အမ်မီခိုရ်က ပြောပါတယ်။
ဆေးလိပ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို လာမယ့် နှစ်အနည်းငယ်အတွင်း သက်ရောက်စေမှာဖြစ်ပြီး ငယ်ရွယ်သူတွေကို လက်လီရောင်းချမှု၊ ဝယ်ယူမှုနဲ့ ဆေးလိပ် ဆေးရွက်ကြီး ထုတ်ကုန်များ လက်ဝယ်ပိုင်ဆိုင်မှုတို့ကို ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။
အမ်မီခိုရ်ရဲ့ အဆိုအရ စင်ကာပူမှာ ဆေးလိပ်သောက်သူ ၄၅ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်နဲ့ ၂၁ နှစ်ကြားမှာ ပုံမှန် ဆေးလိပ်သောက်သူတွေ ဖြစ်လာကြောင်း သိရပါတယ်။ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အသက် ၂၁ နှစ်မတိုင်မီ ဆေးလိပ်သောက်ခဲ့ဖူးခြင်း မရှိသူတွေဟာ ဆေးလိပ်သောက်သူ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။
စင်ကာပူမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ ဆေးလိပ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအပေါ် အများပြည်သူရဲ့ အကြံဉာဏ် ရယူမှုအရလည်း ဆေးလိပ်သောက်ခွင့် အသက်ကန့်သတ်ချက်ကို တိုးမြှင့်သတ်မှတ်ရန် ထောက်ခံခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ထိုအခြေအနေများအရ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လူငယ်များအကြား ဆေးလိပ်သောက်တဲ့ အလေ့အထကို လျှော့ချရန်ရည်ရွယ်ပြီး ဆေးလိပ်သောက်ခွင့်နဲ့ ဝယ်ယူခွင့်ဆိုင်ရာ အသက်ကန့်သတ်ချက်ကို ၁၈ နှစ်မှ ၂၁ နှစ်သို့ တိုးမြှင့်သတ်မှတ်ရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပါလီမန်ကို တစ်နှစ်အတွင်း မူကြမ်းတင်သွင်းသွားမယ်လို့ ဒေါက်တာအမ်မီခိုရ်က ပြောပါတယ်။
Source & Photo: CNA: Duwun
Thursday, March 9, 2017
စင်ကာပူမှာ အသက် ၂၁ နှစ်ပြည့်မှသာ ဆေးလိပ်သောက်ခွင့်ရတော့မည်
စင်ကာပူမှာ အသက် ၂၁ နှစ်ပြည့်မှသာ ဆေးလိပ်သောက်ခွင့်ရတော့မည်
Reviewed by Ar Ti
on
5:32 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment