Latest News

Thursday, March 9, 2017

သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်း စေမှု နဲ့ ထပ်မံ အမှု ဖွင့်မည် ဟုဆို

သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်း စေမှု နဲ့ ထပ်မံ အမှု ဖွင့်မည် ဟုဆို

ရန်ကုန်၊မတ်လ၊ ၉။ ။ Myanmar Nowသတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မဘသ ဆရာတော် ဦးဝီရသူက သာသနာကို ညှိုးနွမ်း စေမှုနဲ့ ထပ်မံ အမှု ဖွင့်သွားမယ်လို့ သိရပါတယ်။
ဆရာတော် ဦးဝီရသူရဲ့ ညွှန်ကြားချက်နဲ့ ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲ ဆိုခဲ့ တဲ့ ဦးကျော်မျိုးရွှေ က ” Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်းပြောသွားတဲ့စကားတွေက သာသနာကို ညှိုးနွမ်းစေရုံသာမက ဆရာတော်ရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေတဲ့အတွက် အမှုထပ်တိုးဖွင့်လှစ်ဖို့ ကျွန်တော်တို့ မထသ အမျိုးသားစောင့်ရှောက်ရေးအဖွဲ့နဲ့ ညှိနှိုင်းနေပါတယ် ဘယ်ရုံးမှအမှု ဖွင့်မလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး”လို့ပြောပါတယ်။

သတင်းထောက်ချုပ် ကိုဆွေဝင်းက မနေ့ က myanmar Now ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကားတွေက သာသနာကိုညှိုးနွမ်းစေတယ်လို့ဆိုကာမဘသ ဆရာတော် ဦးဝီရသူက ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်းကို ယခင်က ၆၆(ဃ)နဲ့ အမူဖွင့်ထားပြီးတော့ နောက်ထပ် သာသနာကို ညှိုးနွမ်းစေမူ ၂၉၅နဲ့ အမှုထပ်တိုးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။
အမှုထပ်မံ တိုးဖွင့်ရခြင်းက မဘသ အဖွဲ့အစည်းကနေပြီးတော့ သာသနာရေးကို ထိပါးစော်ကားလာရင် ဘယ်သူကိုမှ ခွင့်မလွှတ်နိုင်တဲ့အတွက် ဖြစ်တယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။

နှင်းနှင်း

Kumudra

No comments:

Post a Comment