Latest News

Tuesday, March 14, 2017

ကိုရီးယားနာမည်ကျော် ကေပေါ့ပ်အဖွဲ့ EXO ရန်ကုန်မြို့၌ လာရောက်ဖျော်ဖြေမည်

ကိုရီးယားနာမည်ကျော် ကေပေါ့ပ်အဖွဲ့ EXO ရန်ကုန်မြို့၌ လာရောက်ဖျော်ဖြေမည်



ရန်ကုန်မြို့တွင် ကျင်းပ မည့် Kpop Festival 2017 in Myanmar ပွဲတော်၌ EXO အဖွဲ့လာရောက် ဖျော်ဖြေမည်ဖြစ်သည်။

Kpop Festival 2017 in Myanmar ဖျော်ဖြေပွဲတွင် ကိုရီး ယားကေပေါ့ပ် EXO အဖွဲ့နှင့်အ တူ TRAX, NCT 127, MATILDA တို့ ပါဝင်မည်ဖြစ်ကြောင်း အဆို ပါ Kpop ပွဲတော်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ မတ်လ ၁၃ ရက်တွင် တရားဝင်ကြေညာခဲ့သည်။

‘‘EXO အဖွဲ့လာမှာသေချာ သွားပြီဆိုတော့ ပြောမပြတတ် အောင် ၀မ်းသာမိတယ်။ EXO ရဲ့ ပရိသတ်အများစုက ကျောင်းသူ တွေဖြစ်တာကြောင့် ဖျော်ဖြေပွဲ လက်မှတ်ကိုတော့ ဈေးနှုန်းသက် သက်သာသာနဲ့ ရောင်းချပေးစေ ချင်တယ်။ EXO နဲ့အတူ ပါဝင် ဖျော်ဖြေပေးမယ့် NCT 127 အဖွဲ့ ကိုလည်း အရမ်းကြိုက်တယ်’’ ဟု ပထမနှစ် တက္ကသိုလ်ကျောင်းသူ မခင်ရတနာသိမ့်ကပြောသည်။

ယင်းဖျော်ဖြေပွဲကို ၂၀၁၇ မေလ ၆ ရက်တွင် Thuwunna Bhumi Even Park ၌ ဖျော်ဖြေ မည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ ကြေညာပေးမည်ဟု ယင်းဖျော် ဖြေပွဲကိုစီစဉ်သည့်June July Me (JJM) Media Group Company Limited မှသိရသည်။

‘‘EXO အဖွဲ့မြန်မာနိုင်ငံကို လာဖျော်ဖြေပေးမယ်ဆိုတာ SM Town ၀က်ဘ်ဆိုက်ကနေ Confirm ဖြစ်ပြီဆိုပြီး ဒီနေ့မနက် ပဲသိရတယ်။ တခြားသူတွေပါ သိလို့ရအောင် ကြော်ငြာဘုတ် တွေလည်း ကပ်ပေးစေချင်တယ်။ Kpop Festival ကိုသွားကြည့်ဖို့ ဒီနေ့ကစပြီး မုန့်ဖိုးစစုမယ်။ အခု လောလောဆယ် ကြားနေရတာ က လက်မှတ်ဈေးနှုန်းတွေက ငါး သောင်း၊ တစ်သိန်းနဲ့ သုံးသိန်း လောက်လို့ပြောတယ်’’ဟု န၀မ တန်းကျောင်းသူ မဇွန်ပွင့်ခိုင်က ပြောသည်။

ကိုရီးယားအနုပညာဆိုင်ရာ သတင်းများကို စုစည်းဖော်ပြ လေ့ရှိသော ကိုရီးယားအခြေစိုက် SM Town ၏ တရားဝင်ဝက်ဘ် ဆိုက်တွင် EXO အဖွဲ့၏ ဖျော်ဖြေ ရေးအစီအစဉ်များအရ အဖွဲ့ဝင် Baekhyun ၏ မွေးနေ့ဖြစ်သော မေလ ၆ ရက်တွင် Kpop Show in Myanmar ဟုတရားဝင်ကြေ ညာထားသည်။

ကိုရီးယားကေပေါ့ပ်အဆို တော်အဖွဲ့ EXO  မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်ဖြစ်၍ မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေး မှ ဆယ်ကျော်သက် EXO ပရိ သတ်အများစုက ရင်ခုန်စိတ်လှုပ် ရှားစွာ စောင့်မျှော်နေကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံရှိ EXO ပရိသတ် အများစုသည် ဆယ်ကျော်သက် အရွယ်ကျောင်းသား၊ ကျောင်းသူ များဖြစ်၍ ယခုဖျော်ဖြေပွဲ လက် မှတ်နှုန်းထားကို သင့်တင့်သည့် နှုန်းဖြင့် ရောင်းချပေးရန် အကြံပြု မှုများ ရှိနေသည်။



7Day News Journal

No comments:

Post a Comment