Latest News

Tuesday, March 14, 2017

တိုက်ကြီးငလျင်ကြောင့် လူနှစ်ဦးသေဆုံး

တိုက်ကြီးငလျင်ကြောင့် လူနှစ်ဦးသေဆုံး


တိုက်ကြီးငလျင်ကြောင့် လူနှစ်ဦးသေဆုံးကာ ၂၉ ဦးဒဏ် ရာရရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများနှင့် ဒေသ အာဏာပိုင်များထံမှ သတင်းရရှိ သည်။

တိုက်ကြီးမြို့ အရှေ့တောင် ဘက် ခုနစ်မိုင်ခန့်အကွာကို ဗဟို ပြု၍ မတ်လ ၁၃ ရက် ည ၈ နာရီ ၄၉ မိနစ်ခန့်က အင်အား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မတ်လ ၁၄ ရက် ညနေစာရင်းအ ရ ငလျင်ကြောင့် လူနှစ်ဦးသေဆုံး ကာ ၂၉ ဦးဒဏ်ရာရရှိကြောင်း တိုက်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

ငလျင်ကြောင့် တိုက်ကြီးမြို့ လိမ္မော်ခြံကျေးရွာအုပ်စုရှိ ကပစ (၁၁)ဝင်းအတွင်း လူနေလိုင်းခန်း နံရံ ပြိုကျကာ အသက်(၅၇)နှစ်အ ရွယ် တပ်ကြပ်ကြီးဌေးဝင်းနှင့် ၎င်း၏   (၅)နှစ်အရွယ်   မြေးငယ် တို့သေဆုံးခဲ့ကြောင်း တိုက်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။ ငလျင်ကြောင့် အမျိုးသား၁၀ ဦး၊ အမျိုးသမီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ၁၀ ဦး ကုသနေရဆဲဖြစ်သည်။

‘‘မနေ့က စလှုပ်တဲ့အချိန်က နေ ဒီအချိန်(မတ်လ ၁၄ ရက် နေ့ လယ် ၁၂ နာရီ)အထိ ၂၉ ယောက် ဆေးရုံကိုရောက်တယ်။ ဆေးရုံ မှာ ၁၀ ယောက်ရှိနေသေးတယ်’’ ဟု တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ငလျင်ကြောင့် သာသနိက အဆောက်အအုံအချို့၊ ရဲဝန်ထမ်းလိုင်းခန်းနှင့် လူနေအိမ်အချို့ပျက် စီးသောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ပြည် ထောင်စုဝန်ကြီးကိုယ်တိုင် တိုက် ကြီးမြို့သို့ လာရောက်ကာကူညီ ထောက်ပံ့ခဲ့သည်။ အင်အားအ နည်းငယ်ရှိသော နောက်ဆက်တွဲ ငလျင်များလည်း မတ်လ ၁၄ ရက် နံနက် ၁၀ နာရီကျော်အထိ လှုပ်ခတ်ခဲ့၍ ဒေသခံများ မူးဝေအော့အန်ခဲ့ ကာ   ထပ်မံ ငလျင်လှုပ်မည်ကို စိုးရိမ်နေကြသည်။

ယင်းငလျင်သည် ပဲခူးရိုးမ အနောက်ဘက်ပိုင်းရှိ တိုက်ကြီး ပြတ်ရွေ့လှုပ်ရှားခြင်း ဖြစ်နိုင် ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။ ငလျင်လှုပ်ရှားမှုကို ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ခံစားသိရှိလိုက် ရသည်။ တိုက်ကြီးပြတ်ရွေ့သည် ၂၀၀၀ ပြည့်နှစ်ခန့်က ရစ်ခ်ျတာစ ကေး ၄ ဒသမ ၉ အဆင့်ဖြင့် လှုပ် ခတ်ခဲ့ဖူးပြီး ယင်းအချိန်ကလည်း နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးဖူးကြောင်း မြန်မာ နိုင်ငံ မြေငလျင်ကော်မတီမှ သ တင်းရရှိသည်။



7Day News Journal

No comments:

Post a Comment