Latest News

Tuesday, March 14, 2017

အပ်ပုန်း(ခေါ်) ရမ်းကုများကို ဥပဒေကြောင်းအရ တင်းကျပ်စွာ အရေးယူရန် လွှတ်တော်ကော်မတီအကြံပြု

အပ်ပုန်း(ခေါ်) ရမ်းကုများကို ဥပဒေကြောင်းအရ တင်းကျပ်စွာ အရေးယူရန် လွှတ်တော်ကော်မတီအကြံပြု



အပ်ပုန်း(ခေါ်) ရမ်းကုများကို ဥပဒေကြောင်းအရ အ ရေးယူခြင်း တင်းကျပ်စွာ လုပ် ဆောင်ရန် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ် ကျေးမှုဆိုင်ရာကော်မတီက မတ် လ ၁၄ ရက်တွင် ကျင်းပသည့် အ မျိုးသားလွှတ်တော်သို့ အစီရင်ခံ စာတင်သွင်းအကြံပြုသည်။

ရပ်ကွက်၊ ကျေးရွာများတွင် အပ်ပုန်း(ခေါ်) ရမ်းကုများ၏ တရားမ၀င်ဆေးကုသမှုကြောင့် အသက်မဆုံးရှုံးသင့်သော လူနာ များ အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်များနေကြောင်း လေ့လာတွေ့ရှိရသည်ဟု ကော်မတီအစီရင်ခံစာတွင် ဖော်ပြထား သည်။

အပ်ပုန်း(ခေါ်) ရမ်းကုများ လျော့နည်းပပျောက်စေရန် ပြည် သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးရန် ကော်မတီက အကြံပြုခဲ့သည်။ ထိုသို့ပညာပေး ရာတွင် ရမ်းကုများသည် တရား ၀င်ဆေးကုသခွင့်လိုင်စင်ရသူများ မဟုတ်ကြောင်း၊ ဆေးကုသမှု အကြောင်း နားလည်မှုမရှိသဖြင့် ကုသမှု ခံယူလျှင် အသက်ဆုံးရှုံး နိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း ကို ပြည်သူလူထုနားလည်အောင် ရှင်းပြသင့်ကြောင်း အကြံပြုခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ကျန်းမာရေးကဏ္ဍနှင့် ပတ်သက် သည့် လေ့လာတွေ့ရှိချက်များကို လည်း ဖော်ပြထားပြီး ပြည်သူ့ ဆေးရုံများတွင်ဝန်ထမ်းများ အနေဖြင့် လူနာများအပေါ် နွေးထွေးမှု အားနည်းခြင်းများ လေ့လာတွေ့ ရှိရကြောင်း ဖော်ပြထားသည်။

အချို့ဒေသများတွင် ကျန်း မာရေးဝန်ထမ်းဆောင်ရွက်ရ သည့် တာဝန်ဝတ္တရားများနှင့် လူ နာအချိုးအင်အားမမျှတခြင်းများ၊ အချို့ဌာနများတွင် ၀န်ထမ်းအင် အားမပြည့်ဝခြင်း၊ တာဝန်ကျရာ ဒေသတွင် တာဝန်ထမ်းဆောင် မှုမရှိခြင်းများလည်း တွေ့ရ သည်ဟု ကော်မတီအစီရင်ခံစာ တွင် ပါရှိသည်။

ပြင်ပဆေးရုံ၊ ဆေးခန်းများ နှင့် ပြည်သူ့ဆေးရုံပူးတွဲတာဝန် ထမ်းဆောင်ရာတွင် ပြင်ပလုပ် ငန်းကို ဦးစားပေးခြင်းကြောင့် လူနာများ နစ်နာဆုံးရှုံးမှုများရှိ နေသည်ဟု ကော်မတီက သုံးသပ် ထားသည်။

ပြည်သူလူထုသည် ကျန်းမာ ရေးအသိပညာနည်းပါးသည်ကို တွေ့ရ၍ လူထုကျန်းမာရေး အသိပညာတိုးတက်လာစေရန် သက်ဆိုင်ရာစာပေ၊ ဘာသာ စကားများဖြင့် ကျေးလက်ဒေသ အရောက်ပညာပေးခြင်းများ တိုး ၍ ဆောင်ရွက်ရန် ကော်မတီက အကြံပြုသည်။



7Day News Journal

No comments:

Post a Comment