Latest News

Thursday, March 16, 2017

မြန်မာပြည်ကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့ လွှတ်ဖို့ EU ထောက်ခံတင်ပြ

မြန်မာပြည်ကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့ လွှတ်ဖို့ EU ထောက်ခံတင်ပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် နိပ်စက်၊ သတ်ဖြတ်မှု အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက်အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးစေလွတ်ဖို့ ဥရောပသမဂ္ဂက မနေ့က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူဒုက္ခသည်တွေကိုတွေ့ဆုံမေးမြန်းချက်တွေအရ သတ်ဖြတ်မှုများ အုပ်စုလိုက်မုဒိန်းပြုကျင့်မှုများကို မြန်မာစစ်တပ်နဲ့ ရဲက ကျူးလွန်းခဲ့တာကို သိရှိပြီး လူသားဖြစ်တည်မှုကို ဖေါက်ဖျက်တဲ့ ကျူးလွန်မှုများဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ လက အစီရင်ခံစာတရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်မှုကြမ်းတစ်စောင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး လူအခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်၄၇ နိုင်ငံအနေနဲ့ မတ်လ ၂၃၊ ၂၄ ရက်နေ့တွေမှာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ EU အဖွဲ့က လူအခွင့်အရေးကောင်စီကိုဒီကိစ္စကိုအတည်ပြုပါက အချက်အလက် ရှာဖွေရေးအဖွဲ့ကို အမြန်ဆုံးစေလွတ်ပြီးအကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရဖို့ တာဝန်ခံဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။

တဆက်တည်း EU အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်တွင်းစုံစမ်းရေးကိစ္စတွေ အပါအ၀င် ပူးပေါင်းကူညီဖို့ တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ဗြိတိန်သံတမန်ရဲ့ မေတ္တာရပ်ခံချက်အရ ရခိုင်ပြည်နယ် အခြေအနေများနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ တခါးပိတ်ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

Photo: Aung Thain Kha/RFA

(မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

No comments:

Post a Comment