Latest News

Thursday, March 16, 2017

ပြည်သူ့ကျန်းမာရေး လိုအပ်ချက်ကြောင့် ကျောင်းပြီးပါက သုံးနှစ်ထမ်းဆောင်ပေးရန်နှင့် ကျန်လိုလားချက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုဆို

ပြည်သူ့ကျန်းမာရေး လိုအပ်ချက်ကြောင့် ကျောင်းပြီးပါက သုံးနှစ်ထမ်းဆောင်ပေးရန်နှင့် ကျန်လိုလားချက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုဆို


သူနာပြုကျောင်းသူ၊ ကျောင်းသားများ၏ တောင်းဆို ချက်အသံများကို နားထောင်ပြီး ၎င်းတို့၏ လိုလားချက်များကို ညှိ နှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး သူနာပြုနှင့် သားဖွား ကိစ္စရပ်များ အတွက် ဆက်သွယ်ဆောင်ရွက် ရန် ခုနစ်ဦးပါသောအဖွဲ့ကို တာ ၀န်ပေးအပ်ထားကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

အဆိုပါအဖွဲ့တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သည့် ပညာရှင်ခုနစ်ဦး ပါဝင် သည်။

‘‘ဒီအဖွဲ့လေးကနေမှ ကျွန် တော်တို့ အသံတွေ နားထောင် မယ်။ လိုအပ်ချက်က ဘာလဲ။ ကျွန်တော်တို့ဘက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော်တို့က နားထောင်ရမှာပါ။ စိတ်မပူပါနဲ့။ နစ်နာစေလိုတဲ့သဘောနဲ့ ဆောင် ရွက်ထားခြင်းမဟုတ်ပါဘူး။ ပြည် သူတွေရဲ့ ကျန်းမာရေး စောင့် ရှောက်မှုမှာ နှစ်ဦးနှစ်ဖက် အဆင် ပြေအောင် အမြန်ဆုံးဆောင်ရွက် သွားမှာပါ’’ ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲ တမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြော ကြားသည်။

မတ်လ ၁၅ ရက်တွင်ရန်ကုန် သူနာပြုတက္ကသိုလ်ကျောင်းသား များသမဂ္ဂက ဦးဆောင်ဆန္ဒထုတ် ဖော်ခဲ့မှုနှင့်ပတ်သက်၍ ၀န်ကြီး ဌာနက မတ်လ ၁၆ ရက်၌ သ တင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

သူနာပြုသားဖွားများအနေ ဖြင့် ကျောင်းပြီးပါက အစိုးရဆေး ရုံများတွင် သုံးနှစ်တာဝန်ထမ်း ဆောင်ပေးရန်နှင့် ကျန်လိုလား ချက်များကို နှစ်ဦးနှစ်ဖက် အဆင် ပြေရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ ကုသရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်ကလည်း သ တင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

‘‘တောင်းဆိုတာက တောင်း ဆိုလို့ရတာပေါ့။ သုံးနှစ်ကိုတော့ ကျွန်တော်တို့ကို လုပ်ပေးကြပါ။ ဒီဟာတွေက ညှိမယ်ဆိုရင်တော့ မပြေလည်စရာ ဘာမှမရှိဘူးလို့ ရိုးသားစွာ ယုံကြည်ပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုအတွက် သူနာပြုလိုအပ် ချက်တွေ အရမ်းများနေလို့ပါ’’ ဟု ၎င်းကပြောသည်။

ပုဂ္ဂလိက ဆေးရုံများတွင် သူနာပြုနှင့် သားဖွားတက္ကသိုလ်၊ သင်တန်းကျောင်းများနှင့်သဘော တူစာချုပ် ချုပ်ဆိုထားသည့် စာချုပ်ဖောက်ဖျက်သော သူနာပြု နှင့် သားဖွားများ ခန့်အပ်တာဝန် မပေးစေရေး ကြပ်မတ်ဆောင် ရွက်ရန်ဟူသော ညွှန်ကြားချက် ကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးကုသရေးဦး စီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်ထုတ် ပြန်ပြီးသည့်နောက်ပိုင်း ယင်းကိစ္စ နှင့် ပတ်သက်၍ ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဦးဆောင်သော ကျောင်းသား ကျောင်းသူ ငါးရာ ကျော်က မတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ပြီး ကျောင်းပြီးပါက လိုင်စင်ချက်ချင်း ထုတ်ပေးရန်၊ ၀န်ကြီးဌာန ထုတ် ပြန်ခဲ့သော ညွှန်ကြားချက်များကို ချက်ချင်းရုပ်သိမ်းပေးရန်နှင့် မြန် မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီဥပဒေတွင်ပါရှိသော သူ နာပြုများအား အကာအကွယ်ပေး ရန်ဆိုသောအချက်ကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ပေး ရန်ဟူ၍ အချက်သုံးချက် တောင်း ဆိုခဲ့သည်။

သူနာပြု ဆရာမများသည် တက္ကသိုလ်မှ ဆင်းလျှင် နိုင်ငံ့တာဝန်ကို သုံးနှစ် ထမ်းဆောင်ရန် သဘောတူလက်မှတ်ရေးထိုးရပြီး အဆိုပါ သုံးနှစ် မပြည့်မီ ထွက်ပါကလျော်ကြေး ကျပ်လေးသိန်းပေးလျော်ရန် ယခင်ကတည်းကသတ်မှတ်ချက်ရှိခဲ့သည်။ ထို့အပြင် ၂၀၁၅ မေလ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေ၌ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လိုင်စင်မရှိသော သူနာပြုသားဖွားများ ခန့်အပ်ခြင်းမပြုရန်ဟူသော အချက်ပါရှိသည်။

ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်သော ညွှန်ကြားချက် တွင် ကျောင်းကို သုံးနှစ်ပြည့်မီ အောင်မတက်ပါက လျော်ကြေး ပေးရန်၊ ကျောင်းပြီး၍ အစိုးရ လုပ်ငန်းခွင်တွင် လုပ်သက်သုံးနှစ် မပြည့်ဘဲ အလုပ်ထွက်ပါက လိုင် စင်မထုတ်ပေးရန်နှင့် လိုင်စင်မရှိ သောသူနာပြုများအား ပုဂ္ဂလိက ဆေးရုံများတွင် အလုပ်ခန့်ထား ခြင်းမပြုရန် ကျန်းမာရေးနှင့် အား ကစား ၀န်ကြီးဌာနက စည်းကမ်းချက်အသစ် ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်ထုတ် ပြန်ရခြင်းသည် နိုင်ငံတော်အနေ ဖြင့် သူနာပြုလိုအပ်ချက်မြင့်မား နေမှုနှင့် အစိုးရလုပ်ငန်းခွင်များ တွင် သူနာပြုများ အလုပ်ထွက်ရှိ နှုန်း များပြားလာမှုကြောင့်ဖြစ် သည်ဟု ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန တာဝန်ရှိသူ များက ပြောသည်။

သို့သော်အဆိုပါညွှန်ကြား ချက် ထွက်ရှိလာပြီးနောက်တွင် သူနာပြုများအနေဖြင့် ပုဂ္ဂလိက ဆေးရုံအချို့သို့ အလုပ်လျှောက် ရာ၌ ယင်းဆေးရုံများက ခန့်အပ် ခြင်းမပြုသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သူနာပြု များက ဆိုသည်။

အစိုးရ၀န်ထမ်းသူနာပြုများ သည် ကျောင်းပြီး၍ နိုင်ငံ့တာဝန် ထမ်းဆောင်ပါက လုပ်ခလစာ တစ်လလျှင် ကျပ်တစ်သိန်း ခြောက်သောင်းခွဲရရှိပြီး ပုဂ္ဂလိက ဆေးရုံများသို့ ၀င်ရောက်လုပ် ကိုင်ပါက တစ်လလျှင် ကျပ်ငါးသိန်းခန့်ရရှိကြောင်း သူနာပြုများက ပြောသည်။

‘‘အရင်တုန်းက ဒီစည်းကမ်း ချက်တွေမပါဘူး။ ဒါပေမဲ့ကျောင်း မတက်ခင်တုန်းကတော့ ခံဝန်ထိုး ရတယ်။ သုံးနှစ်လုပ်မလား၊ လေး သိန်းလျော်မလားဆိုပြီး လုပ်ပေး ရမယ်ဆိုတာပဲပါတယ်။ မလုပ် ပေးချင်လည်း လျော်လို့ရတယ်။ ဒါပေမဲ့ လိုင်စင်ထုတ်ပေးမယ်၊ မထုတ်ပေးဘူးဆိုတာ မပါဘူး။ အခုကျတော့ အလုပ်ဝင်ပြီး သုံး နှစ်ပြည့်မှ လိုင်စင်ထုတ်ပေးမယ်။  လုပ်ငန်းခွင် လုံးဝမ၀င်ဘူးဆိုရင် လိုင်စင်ထုတ်မပေးဘူး။ အရင်က လုပ်ငန်းခွင်ဝင်နေရင်းနဲ့  ပုဂ္ဂလိက ဆေးခန်းတွေနဲ့ တွဲလုပ်လို့ရတယ်။ အခုကျတော့ လိုင်စင်မရှိတဲ့သူကို ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ် ခွင့်မပြုဖို့ တင်းကျပ်ထားတယ်’’ ဟု ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ မအေမီမီဂျူးက ပြော ကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်သူနာပြုတက္ကသိုလ် အ ရေးပေါ်သူနာပြုစု ပညာမှ နည်း ပြလုပ်သက် ၁၃ နှစ် အတွေ့အ ကြုံရှိသူ ဒေါ်သီတာခင်က ‘‘အမှန် တကယ်က ဘာဖြစ်သင့်လဲဆို တော့ အခုလောလောဆယ်မှာ သူတို့ဘက်က လူအင်အားဖြည့် ချင်လို့ လုပ်တာမှန်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်မယ့်အစား ဘာ ကြောင့် လုပ်ငန်းခွင်မှာမပျော်တဲ့ အဖြေကိုရှာပြီးတော့ အဲဒီဟာကို အကုန်တိုင်း မဖြည့်ပေးနိုင်ဘူးသိ တယ်။ ဒါပေမဲ့ ဖြည့်ပေးနိုင်သ လောက်တော့ ဖြည့်ပေးသင့် တယ်။ သူတို့ရဲ့ တကယ့်လိုအပ် ချက်က ဘာလဲ။ ဘာကြောင့် ထွက်တာလဲ။ ထွက်တဲ့အကြောင်း ရင်းတွေကို တားဆီးပေးနိုင်မယ် ဆိုရင် ကလေးတွေကို သုံးနှစ် တာဝန်ထမ်းဆောင်ပါဆိုပြီး ပြော စရာကိုမလိုတော့ဘူး’’ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာက ကျင့်သုံးနေသည့် နည်းလမ်းများထဲမှ မိမိနိုင်ငံနှင့် ကိုက်ညီမည့် နည်းလမ်းများကို ရွေးချယ်ကျင့်သုံးရန်နှင့် လိုင်စင် ထုတ်ပေးမယ့် နည်းလမ်းများကို ပြန်လည်သုံးသပ်ရန် ဆေးပညာ အသိုင်းအ၀ိုင်းက အကြံပြုပြော ကြားသည်။

‘‘အဓိကပြဿနာတက်လာ တဲ့ ကျောင်းသားသမဂ္ဂရယ်၊ ကောင်စီရယ်၊ ကျန်းမာရေးဝန် ကြီးဌာနရယ် သုံးပွင့်ဆိုင်ထိုင်ပြီး ဆွေးနွေးလိုက်ရင် ပြေလည်သွား မယ်ထင်တယ်။ တစ်ဖက်ဘက် ကတော့ လျှော့ပြီးတော့ညှိကြပါ လိမ့်မယ်။ တကယ်လို့ နှစ်ဖက် စလုံးက တင်းမာရင်တော့ သူနာ ပြုတက္ကသိုလ်ဆက်မတက်တော့ ဘူး။ ရှိတဲ့သူတွေကလည်း ၀န် ထမ်းမလုပ်ဘူးဆိုရင် ဘာဖြစ်လာ နိုင်လဲဆိုတော့ ပြည်သူလူထုနစ် နာတာပေါ့။ ဘာကြောင့်လဲဆို တော့ သူနာပြုဆိုတာကလည်း ဆေးကုသရေးမှာ အခရာလေ။ လူနာလည်း နစ်နာတယ်။ တိုင်း ပြည်နစ်နာတယ်ပေါ့’’ဟု ဒေါက် တာမြင့်ဦး (ဂျီပီ)က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ ခန့်မှန်းခြေအားဖြင့် သူနာပြု သားဖွားလိုင်စင် ရရှိ ထားသူ သုံးသောင်းကျော်ရှိပြီး လစ်လပ်နေသည့် သူနာပြုဦးရေ သည် တစ်သောင်းငါးထောင် ကျော်ရှိသည်ဟု မြန်မာနိုင်ငံသူ နာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်ဖြူဖြူကပြောသည်။

မတ်လ ၁၅ ရက်တွင် သူနာ ပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်ဆန္ဒထုတ်ဖော် ခဲ့မှုနှင့်ပတ်သက်၍ မတ်လ ၁၆ ရက်၌ ကျန်းမာရေးနှင့်အားကစား  ၀န်ကြီးဌာနက သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သည်။ ၀န်ကြီး ဌာနအနေဖြင့် သူနာပြုကျောင်း သားကျောင်းသူများ၏ တောင်း ဆိုချက်များကို ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိသူနာပြု ၀န်ထမ်းများက လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒထုတ်ဖော်မည်ဖြစ် ကြောင်း မန္တလေးမြို့ ခုတင် ၅၅၀ ကလေးဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသော သူနာပြုဆရာမဒေါ်မေသူနှင်းက ပြောသည်။

ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မအေမီမီဂျူးက  ‘‘သူတို့အ​ရေးယူမယ်​ ဆိုတာ​တော့ သိပါတယ်​။ ကျောင်းမှာကျ​တော့လည်း မ​နေ့ကဆန္ဒပြတဲ့ထဲ ပထမနှစ်​​ကျောင်းသားက​လေး​တွေပါတယ်​။ တချို့ဌာနဆရာမ​တွေက ​အောင်​စာရင်း ထုတ်​မ​ပေးဘူး။ စာ​မေး​ပွဲဖြေခွင့်​မ​ပေးဘူး ဆိုတာမျိုး။ ပြီးကျ​တော့ အိမ်​​တွေကျ​တော့လည်း က​လေး​တွေက​ကျောင်းမတက်​ဘဲ​ လျှောက်​လုပ်​​နေတယ်​ဆိုတာမျိုးကို​ မိဘ​တွေကိုလှမ်း​ပြောတယ်​။ တရားဝင်​စာထွက်​တာမျိုးမဟုတ်​ဘူး။ က​လေး​တွေကို ​ကျောင်းထုတ်မယ်။ စာ​မေးပွဲ​ဖြေခွင့်​မ​ပေးဘူးဆိုတာမျိုး မဟုတ်​ဘဲနဲ့ က​လေး​တွေကို ခြိမ်း​ခြောက်​တာမျိုးလုပ်​တယ်​။ အိမ်​ကို ဖုန်းဆက်​ပြီး လှမ်းတိုင်​တယ်’’​ဟု ​ပြောသည်​။



7Day News Journal

No comments:

Post a Comment