Latest News

Wednesday, March 15, 2017

Earth Hour အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတွင် ဆီမီးတစ်သောင်းထွန်းညှိမည်

Earth Hour အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတွင် ဆီမီးတစ်သောင်းထွန်းညှိမည်


လူထုပါဝင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သက်ဆိုင် သည့် လှုပ်ရှားမှုကို မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်မည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)က သတင်း ထုတ်ပြန်သည်။

အဆိုပါလှုပ်ရှားမှုတွင် ပူး ပေါင်းပါဝင်လိုသူများအတွက် အ ခမ်းအနား ကျင်းပပြုလုပ်မည့်အ ပြင် ဖေ့စ်ဘွတ်ခ်တွင် အချိန်ငါး ရက်အလှူခံသည့် အစီအစဉ်ကို လည်း WWF က ထည့်သွင်းထား သည်။

‘‘ခါတိုင်းနှစ်တွေလည်း ပုံမှန် ကျင်းပပေမယ့် ဒီနှစ်က ပူးပေါင်း ပါဝင်သူရဲ့ ဖေ့စ်ဘွတ်ခ်စာမျက် နှာကို ငါးရက်အလှူခံမှာပါ။ စာ မျက်နှာလှူမယ့် ပုဂ္ဂိုလ်တွေက WWF ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှာ မတ်လ ၁၉ ရက်ကစပြီး ချိတ် ဆက်လို့ရပါတယ်’’ဟု ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုရဲမင်းသွင် က ပြောသည်။

WWF လူမှုကွန်ရက်ပေါ်တွင် စာရင်းသွင်းပူးပေါင်းပါဝင်သူများ လှူဒါန်းထားသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရာသီဥတုပြောင်း လဲခြင်းနှင့် ပတ်သက်သည့် လှုပ် ရှားမှုဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ ဆောင်ပုဒ်များမှာ ငါးရက်အတွင်း အလိုအလျောက်ဖြန့်ဝေထားမည် ဖြစ်သည်။

ကိုယ်တိုင်ပူးပေါင်းပါဝင်နိုင် သည့် အခမ်းအနားကို Earth Hour နေ့အဖြစ် ကမ္ဘာက သတ် မှတ်ထားသည့် မတ်လ ၂၅ ရက် တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ရွှေတိဂုံစေတီ၌ ဆီမီးတစ်သောင်းထွန်းညှိမည်ဖြစ်ပြီး မည်သူမဆို ပါဝင်နိုင်မည်ဖြစ်သည်။

‘‘မတ်လ ၂၅ ရက်မှာ ရွှေတိ ဂုံစေတီမှာ ဆီမီးထွန်းဖို့နဲ့ နေအိမ် တွေမှာ မီးပိတ်ထားဖို့ ဒါမှမဟုတ် ကိုယ်ပိုင် Earth Hour အစီအစဉ် ကို အစပျိုးကြည့်ပြီး ရာသီဥတု ပြောင်းလဲလာမှုကို ပြောင်းလဲဖို့ တောင်းဆိုနေကြတဲ့ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာနဲ့ အတူတူ ယှဉ်တွဲကြဖို့ ဖိတ်ခေါ်ပါတယ်’’ဟု WWF မြန်မာ၏ ဌာနညွှန်ကြားရေး မှူး ခရစ္စတီဝီလျံကပြောသည်။

 ‘‘အခြားနိုင်ငံတွေမှာတော့ မီးပိတ်တာတွေ ဘာတွေလုပ်ကြ ပေမယ့် ကျွန်တော်တို့နိုင်ငံက လျှပ်စစ်မီးတောင်အပြည့်အ၀မရ တဲ့ နိုင်ငံဖြစ်လို့ ဆီမီးတစ်သောင်းလှူဒါန်းခြင်းနဲ့ စတင်လိုက်တာ ပါ’’ဟု စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာ ကိုရွှန်းစိုဦးက ပြော သည်။

‘‘ရာသီဥတုပြောင်းလဲလာမှု ဟာ ကမ္ဘာမြေကြီးရင်ဆိုင်နေရတဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတစ် ရပ်ဖြစ်နေပါတယ်။ Earth Hour ဟာ ကျွန်တော်တို့ရဲ့ အိမ်ရာကို ကာကွယ်ဖို့ ကျွန်တော်တို့အားလုံး စုစည်းညီညွတ်ကြတဲ့ အချိန်ပဲဖြစ်ပါတယ်’’ဟု ခရစ္စတီဝီလျံက ပြောသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံပေါင်း ၁၇၀ မှ သဘာဝပတ် ၀န်းကျင် ချစ်မြတ်နိုးသူများက တစ်နာရီ အချိန်ပေးလှုပ်ရှားကာ ရာသီဥတုပြောင်းလဲခြင်း ဖြစ်ပေါ်စေသည့် အပြုအမူများ ရှောင်ရှားရန်နှင့် ထိန်းသိမ်းကာကွယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ကြ မည်ဖြစ်သည်။



7Day News Journal

No comments:

Post a Comment