Latest News

Wednesday, March 15, 2017

ထိုင်း ဝန်ကြီးချုပ်ဟောင်းကို အခွန်နဲ့ ဒဏ်ငွေချ

ထိုင်း ဝန်ကြီးချုပ်ဟောင်းကို အခွန်နဲ့ ဒဏ်ငွေချ

ထိုင်းအာဏာသိမ်း စစ်အစိုးရက သူတို့ရာထူးဖယ်ရှားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း
Thaksin Shinawatra သက်ဆင် ရှီနာဝပ် ထံကနေ အခွန်ငွေနဲ့ ဒဏ်ငွေအဖြစ် ကန် ဒေါ်လာ သန်း ၃၆ဝ နဲ့ညီမျတဲ့ ထိုင်းဘတ်ငွေ ၁၂ ဘီလီယံကို ရယူဖို့ ဗုဒ္ဓဟူးနေ့ မနေ့က အမိန့်ထုတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ဟာ သူတို့ မိသားစုပိုင်ဆက်သွယ်ရေး ကုမ္ပဏီကို စင်ကာပူ အစိုးရထံ ဒေါ်လာ သန်း ၁၈၈ဝ နဲ့ ရောင်းချစဉ်က အခွန်ငွေပေးဖို့ရှိတာကို ရှောင်လွှဲပြီး ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့အတွက် ထိုင်း အာဏာသိမ်း စစ်အစိုးရက တောင်းခံနေတာ နှစ်ပေါင်းများစွာရှိပါပြီ။

သူ့ကို ၂ဝဝ၆ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီး ချန်အိုချာ ဦးဆောင်တဲ့ စစ်တပ်က ဖြုတ်ချအာဏာ သိမ်းခဲ့ပါတယ်။

Photo: Thaksin Shinawatra FB
RFA

No comments:

Post a Comment