ကွတ်ခိုင်-မူဆယ်လမ်းပိုင်းတွင် တိုက်ပွဲပြန်ဖြစ်၍ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မည်ကို ကုန်သည်များစိုးရိမ်
ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်-မူဆယ်လမ်းပိုင်းတွင် TNLA လက်နက်ကိုင်အဖွဲ့က ကားများထံမှ ငွေကြေးကောက်ခံ မှုဖြစ်ပွားပြီးနောက်ယင်းလမ်းပိုင်း တွင် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ထိခိုက်မည်ကို စိုးရိမ်နေကြောင်း ဒေသခံကုန်သည်များက ပြော သည်။
ကွတ်ခိုင်နှင့်မူဆယ်ကြား နမ့်ဖက်ကာကျေးရွာရှိ တပ်မ တော်စခန်းနေရာအချို့ကို မတ် လ ၁၄ ရက်နံနက်က တိုက်ခိုက်ပြီး နောက် ယင်းလမ်းပိုင်းအသုံးပြု သည့် ကားများကို လက်နက်ကိုင် အဖွဲ့များက တားဆီး၍ ငွေကြေး တောင်းခံမှုများပြုလုပ်နေကြောင်း မူဆယ်နှင့်ကွတ်ခိုင်ဒေသခံများ ကပြောသည်။
TNLA အဖွဲ့က ငွေကြေး တောင်းခံနေချိန် တပ်မတော်စစ် ကြောင်းရောက်ရှိလာပြီး မတ်လ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ပြည်ထောင်စုလမ်းမကြီး မိုင်းယု လေးနှင့် နမ့်ဖက်ကာကြားရင်ခွဲ တောင်အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောသည်။
‘‘ကားကို လမ်းပေါ်ကန့်လန့် ရပ်ခိုင်းပြီးဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်တာ။ နောက်ပြီးတစ်စီး ကို သိန်းနဲ့ချီပိုက်ဆံတောင်းတယ်။ ကားဆရာတွေ ပြန်ပြောတာပေါ့။ ဒီလမ်းပေါ် တိုက်ပွဲတွေပြန်ဖြစ်ရင် နယ်စပ်ကုန်သွယ်ရေးအပိုင်း ပြန် ထိခိုက်နိုင်တယ်’’ဟု ကွတ်ခိုင်မြို့ မှ ဆန်ကုန်သည်တစ်ဦးကပြော သည်။
မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် ထွန်းက ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းသည် မတ်လ ၁၅ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ပိတ်နေခဲ့၍ ကုန်သည်နှင့်ယာဉ် မောင်းများ အခက်ကြုံခဲ့ကြောင်း ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကို TNLA , MNDAA, KIAနှင့် AA ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့သည့် ၂၀၁၆ နိုဝင်ဘာတွင်မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ငါးရက်ကြာ ရပ်တန့်ခဲ့ပြီး ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်-မူဆယ် လမ်းပိုင်း၌ အရပ်သားများ တိုက်ခိုက်ခံရကာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာကစတင်ကာ တပ်မတော်က လုံခြုံရေးယူခဲ့ပြီး နောက်တိုက်ပွဲများမဖြစ်တော့ဘဲ ယခုတစ်ဖန် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်။
7Day News Journal
Wednesday, March 15, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment