Latest News

Thursday, March 23, 2017

တက္ကသိုလ်က အလှပဂေးလေးတွေနဲ့ ကြော်ငြာဦးမယ့် စိုင်းစိုင်းရဲ့ Cosmetix အသစ်များ

တက္ကသိုလ်က အလှပဂေးလေးတွေနဲ့ ကြော်ငြာဦးမယ့် စိုင်းစိုင်းရဲ့ Cosmetix အသစ်များ

ကျောင်းပေါင်းစုံက Queen လေးတွေနဲ့ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Sexy & Intelligent ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နောက်ထပ် Cosmetix အသစ်များ ထပ်ထုတ်လျက် ရှိပါတယ်။  စိုင်းစိုင်းအနေနဲ့ ဒီတစ်ခါမှာတော့ အသစ်ထွက်မယ့် Cosmetix အသစ်များကို သရုပ်ဆောင်များ အဆိုတော်များနဲ့ မကြော်ငြာတော့ပဲ တက္ကသိုလ်ပေါင်းစုံက အလှပဂေးလေးတွေနဲ့ ကြော်ငြာသွားမှာ ဖြစ်ပါတယ်။

Cosmetix အသစ်များဖြစ်တဲ့ SAI Eyeshadow Palette & Eyeliner အသစ်များကို ဧပြီ(၂)ရက်နေ့ ထွက်မှာ ဖြစ်ပါတယ်။ SAI Eyeshadow Palette & Eyeliner Cosmetix အသစ်များ မိတ်ဆက်ခြင်းကိုလည်း Junction Squarမှာ ပြုလုပ်သွားမှာပါ။

စိုင်းစိုင်းရဲ့ Cosmetix များကိုတော့ Sexy & Intelligent ဆိုတဲ့ နာမည်ရဲ့ အောက်မှာ ၂၀၁၆ခုနှစ် အောက်တိုဘာ(၉)ရက်နေ့က စတင်ပြီး နှုတ်ခမ်းနီများ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အရင်ဆုံးထွက်ခဲ့တဲ့ နှုတ်ခမ်းနီတွေကတော့ Heartbreak ၊ First Kiss နဲ့ Be Mine ဆိုပြီး သုံးရောင်ထုတ်ခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ Cosmetix များကတော့ မဖြန့်ချိ မီက တည်းက Pre Order တင်ယူမှုတွေ များပြားခဲ့ပါတယ်။ အဆိုပိုင်းမှာကော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ် အခိုင်အမာရရှိ ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူရဲ့ Cosmetix တွေဟာလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပါတယ်။

စိုင်းစိုင်းကတော့ ဂီတလှုပ်ရှားမှုများအနေနဲ့ သူ့ရဲ့ Birthday Show ကို မန္တလေးမှာ ကျင်းပသွားမှာပါ။ သူ့ရဲ့ Birthday Show ကို ဧပြီလ(၁၀)ရက်နေ့ မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်မှာပါ။
Duwun

No comments:

Post a Comment