Latest News

Thursday, March 23, 2017

ဗီယက်နမ်တွင် မူးယစ်ဆေးမှောင်ခိုကူးသူ ကိုးဦးကို သေဒဏ်ချမှတ်

ဗီယက်နမ်တွင် မူးယစ်ဆေးမှောင်ခိုကူးသူ ကိုးဦးကို သေဒဏ်ချမှတ်

လာအိုနိုင်ငံမှ ဗီယက်နမ်သို့ ဘိန်းဖြူ တန်ဝက် ( ၅၀၀ ကီလိုဂရမ်) ကိုခိုးသွင်းမှုအတွက် မူးယစ်ဆေးမှောင်ခိုကူးသူ ကိုးဦးကို သေဒဏ် ချမှတ်ခဲ့သည်ဟု မတ် ၂၂ ရက် တွင် ဗီယက်နမ် အစိုးရသတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

များပြားသည့် မူးယစ်ဆေးများဖမ်းဆီးမိမှုနှင့် ပတ်သက်ပြီး နောက်ထပ်ကိုးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး တရားမ၀င် အကျိုးအမြတ်အားလုံးကို သိမ်းဆည်းခဲ့သည်ဟု Hoa Bihn ပြည်နယ်


အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

မူးယစ်ဆေးမှောင်ခိုကူးသူများသည် တရုတ်နိုင်ငံတွင် ပြန်လည်ရောင်းချရန်အတွက် အိမ်နီးချင်းလာအိုနိုင်ငံမှ မူးယစ်ဆေးများ မှောင်ခိုသွင်းခဲ့ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ဒေါ်လာ ၆၇၀,၀၀၀ တန်ဖိုး သိမ်းဆည်းရရှိခဲ့သည်ဟု အစိုးရပိုင်  Vietnam News Agency က သီးခြား အစီရင်ခံစာဖြင့် ဖော်ပြခဲ့သည်။

ကွန်မြူနစ်ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့မူးယစ်ဆေးနှိမ်နင်းရေး ဥပဒေများထဲတွင် အပြင်းထန်ဆုံးနိုင်ငံ၌ ပါဝင်သည်။  ဘိန်းဖြူ ၆၀၀ ဂရမ်( ၂၁ အောင်စ) သို့မဟုတ် ဘိန်း ၂၀ ကီလိုဂရမ်ကျော် လက်ဝယ် တွေ့ရှိသူ မည်သူမဆို သေဒဏ်ကျခံရနိုင်သည်။

လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သည့် ရွှေတြိဂံဒေသသည် ကမ္ဘာ့ထိပ်တန်း ဘိန်းထုတ်လုပ်သူများထဲတွင် ပါဝင်ပြီး ဘိန်းဖြူနှင့် အခြား မူးယစ်ဆေးများကို ဒေသတွင်းမှတစ်ဆင့် ဗီယက်နမ်သို့ မကြာခဏ မှောင်ခိုသွင်းလေ့ရှိသည်။

၂၀၁၄ ခုနှစ် ဇန်ဝါရီတွင် ဗီယက်နမ်၌ မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးမိခဲ့သည့်အမှု၌ မူးယစ်ဆေး မှောင်ခိုကူးသူ ၃၀ ဦးကို ဘိန်းဖြူ နှစ်တန်ခန့်ဖြင့် ဖမ်းဆီးမိခဲ့ပြီးနောက် သေဒဏ် ချမှတ်ခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment