Latest News

Thursday, March 23, 2017

ကလေးဆေးရုံမှာ အလှူပြုခဲ့တဲ့ ဖြူဖြူကျော်သိန်း

ကလေးဆေးရုံမှာ အလှူပြုခဲ့တဲ့ ဖြူဖြူကျော်သိန်း


ဒီနေ့(မတ်လ၂၃ရက်)မှာတော့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ မိသားစုနဲ့အတူ ဟယ်လ်ပင်ကလေးဆေးရုံမှာ အလှူဒါန ပြုခဲ့ပါတယ်။ ဟယ်လ်ပင်ကလေးရုံ သွေးရောဂါနဲ့ ကင်ဆာရောဂါဌာနမှာရှိတဲ့ မိသားစုလေးတွေက် မနက်စာ ကြာဇံကြော်၊ နေ့လည်စာနဲ့ ညနေစာဆိုပြီး သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးရုံမှာ လိုအပ်နေတဲ့ ငွေကျပ်(၄)သိန်းတန် Syringe Pump တစ်လုံးကိုလည်း ဖြူဖြူနဲ့အတူ Diva's Warriors အဖွဲ့ကလှူဒါန်းခဲ့ပါသေးတယ်။


အဲ့လို သွားရောက်လှူဒါန်းတဲ့ အလှူဒါနဟာ သူမတစ်ယောက်တည်း အလှူမဟုတ်ပဲ ဖြူဖြူရဲ့ ပရိသတ်အားလုံးရဲ့ အလှူလည်း ဖြစ်တယ်လို့ ပြောပြထားပါတယ်။ ဖြူဖြူကျော်သိန်းဟာ ကလေးများအတွက် လိုအပ်တာများလှူဒါန်းခဲ့သလို ကလေးများနဲ့ ရင်းနှီးစွာ တွေ့ဆုံပြီး အရုပ်များလည်း ပေးခဲ့ပါသေးတယ်။

ဖြူဖြူကျော်သိန်းရဲ့  April Fool  MTV အခွေကလည်း ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ သူမရဲ့ ခြောက်ခွေမြောက်  April Fool  MTV ကို ဧပြီ(၁)ရက်နေ့မှာပဲ  MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်း (Free Channel)များတွင် ထုတ်လွှင့်ပြသသွားဖို့ ရှိပါတယ်။Duwun

Photo : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်

No comments:

Post a Comment