Latest News

Tuesday, March 14, 2017

၈လောင်းပြိုင်လူသတ်မှုအပေါ် အဖွဲ့လိုက် ငွေစားသွားတဲ့ CID ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်


ဇန်နဝါရီလ ၂၁ ရက်နေ့က အမြန်လမ်း ၄ မိုင် ၂ ဖာလုံတွင် Hi-Ace အမျိုးအစား ယာဉ်မီးလောင်ပြီး လူ(၈)ဦး မီးလော င်သေဆုံးခဲ့မှုတွင် စစ်ဆေးဆောင်ရွက်ခဲ့သော စီအိုဒီက အဂတိလိုက်စားမှု ရှိခဲ့ကြောင်း
စွပ်စွဲချက်များပါ ရေးသားမှုများ လူမှုကွန်ယက် ဖေ့စ်ဘွခ်တွင် ပျံ့နှံ့လျှက်ရှိကြောင်း တွေ့ရှိရသည်။

လိပ်ကျွန်းလူသတ်မှု အပါအဝင် မြန်မာနိုင်ငံနှင့် ပက်သက်သည့် မှုခင်းများကို စဉ်ဆက်မပြတ် ရေးသားေ ထာက်ပြ ဝေဖ န်လျှက်ရှိသော Pyi Moe Aung ဖေ့စ်ဘွခ်အကောင့်ပိုင်ရှင် (ကလောင်အမည် လင်းယုန်မာန်) က အမြန်လမ်း ကားမီးေ လာင်မှုတွင် စီအိုင်ဒီ အဂတိလိုက်စားခဲ့ပြီး မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲရေးသား ပြောဆိုခဲ့ပြီး အဆိုပါ အကြောင်းအရာကို ပြန်လည်ဝေမျှသူ များပြားခဲ့သည်။

Credit, သတင်းအတင်း
၈လောင်းပြိုင်လူသတ်မှုအပေါ် အဖွဲ့လိုက် ငွေစားသွားတဲ့ CID

(မကျေနပ်သူ ရဲတဦးမှ သတင်းပေးပို့ပါသည်)

၈လောင်းပြိုင်အမှုမှာ အမြန်လမ်းရဲစခန်းက စစ်ဆေးရာမှာ ကားမီးလောင်မှုဟာ ပုံမှန်မဟုတ်ဘူးလို့ ယူဆရင်း ကားမောင်း သူအောင်ခန့်ကို သေချာစစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးမှာအောင်ခန့်ကဝန်ခံလိုက်ရတယ်။

အောင်ခန့်ဟာ ကားမောင်းသူ သူသာဖြစ်တယ်လို့ ဝန်ခံလိုက်တာမဟုတ်ပါဘူး။ ဖြစ်စဉ်အကုန်ကိုဝန်ခံလိုက်တာပါ။ သူဟာ အခိုင်းခံရသူတဦးဖြစ်ပြီး သူနှင့်အတူ ကျူးလွန်သူ နောက်တဦးလည်းရှိပါတယ်။

အောင်ခန့်ဝန်ခံလိုက်တဲ့ဖြစ်စဉ်အပ်ါမှာ နားထောင်ရင်း အမြန်လမ်းရဲစခန်းက တာဝန်ရှိသူတွေဟာ သူတို့ဆက်ကိုင် လို့မ ရတော့ဘူးဆိုတာ သိသွားပါတယ်။ ဒါနဲ့ သူတို့ဟာ CID ကို အကြောင်းကြားလိုက်တယ်။ CID က တာဝန်ရှိသူတွေက ဘယ်လိုလုပ်မလဲလို့ ဆိုင်ရာ တွေကို မေးလိုက်ချိန်မှာ CID က ရဲမှူးမိုးအောင်နဲ့ညှိနှိုင်းရေးလုပ်ပြီး အမှုကို အမြန်လမ်း ရဲစခန်းကနေ လွှဲပြောင်းယူလိုက်ပါတယ်။ အမှုတွဲမှတ်တမ်းတခုလုံးကို လွှဲပြောင်းယူသွားတာပါ။

ကံဆိုးချင်တော့ လှည်းကူးက သက်သေတွေဟာ စပီကာနဲ့ဆက်သွယ်ပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဒါကို ရဲမှူးမိုးအောင် က ဒီသက်သေတွေက ပညာနိမ့်တယ်သက်သေမဖြစ်ဘူးလို့ ရုံးတော်တင်ဘို့ပယ်ချခဲ့ပါတယ်။ ကားဒရိုက်ဘာ အောင်ခန့် ကိုလည်း အမှုကိုသက်သာစွာလုပ်ပေးပြီး ထောင်သက်နည်းအောင် လုပ်ပေးမည်ဟု အာမခံပြီးညှိနှိုင်းထား သည် ဟုသိ ရပါသည်။

သက်သေ အမှန်တွေကို အတုလုပ် သက်သေအတုတွေကို အမှန်လုပ်ပြီး လူသတ်သမားများကို ကူညီခဲ့ပေးတဲ့အတွ က် ငွေသိန်း ၂၀၀၀နီးပါး ဆုလဒ်ရရုံသာမက မကြာခင် သူလိုချင်သော ရာထူးကိုလည်း တိုးမြှင့်ခံရမည်လည်း အာမ ခံချက်ရထားကြောင်း သိရပါသည်။
ငွေခွဲဝေတဲ့အခါမှာ အမြန်လမ်းရဲစခန်းကဝေစုနည်း၍ ပြသနာတက်ကြသေးပါသည်။ သို့ပါ၍ လက်ရှိ လူသေမှုဟု ရုံးေ တ်ာတင်ထားသော အမှုကို ပြန်လည်စစ်ဆေးပြီး အမှုစစ်ဆေးသောတဖွဲ့လုံးကို အရေးယူဆောင်ရွက်သင့်ကြောင်း သ တင်းပေးသူမှ အကြံပေးသွားပါသည်။

အိုဘယ့် စီအိုင်ဒီ.. !!

ဒီပို့စ်ကို ဝိုင်းဝန်းရှယ်ပြီး နိုင်ငံတော်လူကြီးများကြား အမြန်ရောက်ကူညီနိုင်ပါစေ။

==================================================
ဖော်ပြပါ လူမှုကွန်ယက်မှ စွပ်စွဲချက်များမှာ မှန်ကန်ခိုင်မာမှု အားနည်းသော်လည်း အများပြည်သူအကြား ပျံ့နှံ့လျှက်ရှိပြီး တရားစီရင်ရေးတွင် ပြည်သူများ သံသယကင်းရှင်းစေရန် အမှန်တရားမဟုတ်ခဲ့ပါက အမြန်ဆုံး တုံ့ပြန်ဆောင် ရွက် ဖြေ ရှင်းနိုင်ရန် ဖော်ပြခြင်းမျှသာဖြစ်ပါသည်။

အဆိုပါ အမြန်လမ်းကားမီးလောင်မှုကို “မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်” ဟူသော ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယာဉ်မောင်းဖြစ် သူ အောင်ခန့်ဇွဲမြန်မာအား ပုဒ်မ ၃၀၄-က အရ တရားစွဲဆိုထားကြောင်း သိရှိရသည်။
Sunthit


No comments:

Post a Comment