Latest News

Tuesday, March 14, 2017

အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိ ကြံ့ဦးချိုများ သိမ်းဆည်းရမိ

အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိ ကြံ့ဦးချိုများ သိမ်းဆည်းရမိ

ထိုင်းနိုင်ငံမှာ အီသီယိုးပီးယားက တင်ပို့လိုက်တဲ့ ခရီးဆောင်အိတ်အတွင်းမှ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းရှိ ကြံ့ဦးချို ၂၁ ခုကို တွေ့ရှိခဲ့ရပြီး လတ်တလောနှစ်များအတွင်း အကြီးမားဆုံး သိမ်းဆည်းရမိမှုဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ယခု ကြံ့ဦးချိုများ သိမ်းဆည်းရမှုဟာ ပေါင်ချိန် ၆၆၀ ရှိ ဆင်စွယ်များ သိမ်းဆည်းရပြီးနောက် ရက်ပိုင်းအကြာမှာလည်း ဖြစ်ပါတယ်။ ကြံ့မျိုးစိတ်အချို့ဟာ မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောထားပါတယ်။


ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ကြံ့ဦးချိုပါဝင်တဲ့ ခရီးဆောင်အိတ်ကို ထိုင်းအမျိုးသမီးနှစ်ဦးက လက်ခံရယူခဲ့ရန် လာရောက်ခဲ့ကြကြောင်း သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ ထိုအမျိုးသမီးနှစ်ဦးဟာ ခရီးဆောင်အိတ်တွေကို စစ်ဆေးနေစဉ် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန် အစိတ်အပိုင်းများ မှောင်ခိုကုန်သွယ်မှုမှာ ထိုင်းနိုင်ငံအတွင်းနဲ့ နိုင်ငံများမှ မှောင်ခိုသမားတွေလည်း ပါဝင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ကြံ့ဦးချိုတွေကို ရယူနိုင်ရန်အတွက် အာဖရိကတောင်ပိုင်းမှာ ကြံ့များသတ်ဖြတ်ခံနေရတယ်လို့ ယုံကြည်ထားပါတယ်။


တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို မှောင်ခိုရောင်းဝယ်မှုကို တိုက်ဖျက်နေပေမဲ့ ထိုင်းနိုင်ငံရှိ အဓိက လေဆိပ်တွေဟာ အာရှဒေသမှာ အဆိုပါ အစိတ်အပိုင်းများ သယ်ဆောင်နေတဲ့ အဓိကနေရာတွေ ဖြစ်နေဆဲလို့ ဝေဖန်ကြပါတယ်။ ၂၀ ရာစုနှစ် အစပိုင်းမှာ ကြံ့ကောင်ရေ ၅၀၀,၀၀၀ ရှိခဲ့ရာမှ လက်ရှိမှာ ကြံ့ကောင်ရေ ၂၉၀,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း  International Rhino Foundation က ပြောထားပါတယ်။ ယခုလ အစောပိုင်းက ပြင်သစ်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ရုံမှာ ကြံ့တစ်ကောင်ကို ပစ်သတ်ပြီး ဦးချို ဖြတ်ယူသွားမှု ဖြစ်ခဲ့ရာ ထိုကဲ့သို့ဖြစ်ရပ်ဟာ ဥရောပမှာ ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ လအတွင်းက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး နေရာတစ်ခုကို စီးနင်းဝင်ရောက်ကာ ဝန်ထမ်းကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် ကြံ့နှစ်ကောင်ကို သတ်ဖြတ်ကာ ဦးချိုများ ရယူသွားမှု ဖြစ်ခဲ့ပါတယ်။ ကြံ့ဦးချိုတွေကို အာရှဒေသ ဓလေ့အချို့အရ အစွမ်းထက် တိုင်းရင်းဆေးအဖြစ် သတ်မှတ်ထားပြီး ဖျားနာမှုမှ ကင်ဆာရောဂါအထိ ကုသနိုင်ကြောင်း ယူဆထားကာ တန်ဖိုးကြီးမားစွာဖြင့် မှောင်ခိုရောင်းဝယ်နေကြကြောင်း သိရပါတယ်။
Source & Photo: Fox News, The Nation:Duwun

No comments:

Post a Comment