Latest News

Sunday, March 12, 2017

ရန်ကုန်မြို့ထဲက မီးပွိုင့်တွေမှာ CCTV တပ်တာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ဆို

ရန်ကုန်မြို့ထဲက မီးပွိုင့်တွေမှာ CCTV တပ်တာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ဆို


ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုမှာ CCTV များ တပ်ဆင်နေတာ လက်ရှိရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးနေပြီး လာမယ့် ဧပြီလထဲမှာ အလုံးစုံပြီးစီးဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

ဒီ CCTV တွေကို အစိုးရလက်ထက်မှာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CRCC (China) နဲ့ ပြည်တွင်းကုမ္ပဏီ Myanmar Shwe Yin တို့က ပူးပေါင်းလုပ်ကိုင်ခွင့်ရခဲ့ပြီး ရန်ကုန်မြို့ အဓိကလမ်းမကြီး ၁၁ လမ်းပေါ်ရှိ မီးပွိုင့်၁၅၄ ခုမှာ CCTV တွေတပ်ပြီး Control Centre ကနေ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“မီးပွိုင့်တွေမှာ CCTV တပ်တဲ့အခါ လျှပ်စစ်မီး ခဏဖြတ်တောက်ရတယ်၊ ဒီအချိန်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလမို့ မီးဖြတ်လို့မရဘူး၊ ဒါကြောင့်လုပ်ငန်းခဏရပ်ထားရတယ်၊ ဒါ့အပြင်အဝိုင်းတွေမှာ မီးပွိုင့်လုပ်ရင်အဆင်ပြေမပြေ အာဏာပိုင်အဖွဲ့က ညှိနှိုင်းနေကြတယ်၊ သင်္ကြန်မတိုင်ခင်CCTV တွေ အပြီးတပ်ဆင်နိုင်လောက်မယ်ထင်တယ်”လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

မီးပွိုင့်တွေမှာ CCTV ကင်မရာတွေ ကို ၂၀၁၆ ခုနှစ်သြဂုတ်လက အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ပေမယ့် ကုမ္ပဏီက ပြီးစီးအောင်မလုပ်နိုင်ခဲ့လို့ ဒဏ်ကြေးတွေ ပေးဆောင်ခဲ့ရပြီး လက်ရှိတွင်CCTV တပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီစီးထားတဲ့ မီးပွိုင့်တွေကို Control Centre ကနေ ထိန်းချုပ်ပြီး ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ယာဉ်ထိန်းရဲတွေ မရှိတဲ့အချိန်မှာ ယာဉ်မောင်းတချို့က လမ်းပေါ်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ မောင်းနှင်မှုများအပြင်တိုက်ပြေးတာတွေကို လက်ရှိမီးပွိုင့်တွေမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေနဲ့ စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နေကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မှုခင်းကျဆင်းရေး စီမံချက်နဲ့ မြို့နယ်အနှံ့လမ်းမီးတိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : The Voice
Photos : 7DayDaily
Duwun

No comments:

Post a Comment