Latest News

Thursday, March 9, 2017

ကျောက်တံတားမြို့ နယ်အတွင်း ရာဇ၀တ်မှုနဲ့ အမှိုက်ပစ်တာတွေစောင့်ကြည့်ဖို့ နောက်ဖေးလမ်းကြားတွေမှာ CCTV အလုံး၃၅၀တပ်ဆင်

ကျောက်တံတားမြို့ နယ်အတွင်း ရာဇ၀တ်မှုနဲ့ အမှိုက်ပစ်တာတွေစောင့်ကြည့်ဖို့ နောက်ဖေးလမ်းကြားတွေမှာ CCTV အလုံး၃၅၀တပ်ဆင်

မတ် ၉။ရန်ကုန်။

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် အတွင်းမှာ ရာဇ၀တ်မှုတွေနဲ့ အမှိုက် ပစ်တာတွေ စောင့်ကြည့်ဖို့ နောက်ဖေး လမ်းကြားတွေမှာ CCTV အလုံးရေ ၃၅၀နီးပါး တပ် ဆင်လိုက်တယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

တရားဥပဒေ စိုးမိုး မှု လျော့နည်းလာတဲ့ အတွက် မြို့တွင်းမြို့နယ်တွေမှာလည်း ရာဇ၀တ်မှု တွေ ရှိလာပြီး အိမ်တွေ ရဲ့ နောက်ဖေးလမ်းကြားတွေကို ပစ်မှတ်ထားလုပ်ဆောင်လာ မှာ စိုးရိမ်တဲ့ အတွက် နောက်ဖေးလမ်းကြားမှာ အစိုးရက ချပေးတဲ့ သိန်းတစ်ထောင် ဘတ်ဂျတ်ထဲက CCTVတပ်တာဖြစ်တယ်လို့ ဒေါ်ကြည်ပြာကပြောပါတယ်။

ဒါ့အပြင် နောက်ဖေးလမ်းကြားမှာ အမှိုက် ပစ်တဲ့ လူကို နောက်ပိုင်းမှာ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ အတွက်လည်း တပ်ဆင်ထားရတာဖြစ်တယ်လို့ သိရပါတယ်။

“တစ်မြို့နယ်နဲ့ တစ်မြို့နယ် ဘတ်ဂျတ်အသုံးချတာမတူနိုင်ဘူး။ကျောက်တံတားမြို့နယ်က ကျန်တာတွေ သုံးစရာသိပ်မရှိတဲ့ အတွက် တရားဥပဒေစိုးမိုးဖို့နဲ့ အမှိုက်ပစ်တဲ့ ကိစ္စထိန်းနိုင်ဖို့ တက်ဆင်တာဖြစ်တယ်။CCTVတပ်ပြီး ကတည်းက အမှိုက်ပစ်တာ လည်း လျှော့သွားတယ်။အထောက်အကူပြုမယ်လို့လည်းယူဆလို့ တပ်တာဖြစ်တယ်”လို့ ဒေါ်ကြည်ပြာက ဆက်ပြောပါတယ်။

နောက်ဖေးလမ်းကြား CCTVတပ်ဆင်မှု ကို ၂၀၁၆ခုနှစ် တုန်းကလည်း ကျောက်တံတားမြို့နယ်မှာ အလှူ ရှင်တွေ လှူတာနဲ့ ရပ်ကွက်က ပိုက်ဆံ တတ်နိုင်သူတွေ စုပေါင်းပြီး CCTV တပ်ဆင်ခဲ့ တာတွေ လည်း ရှိပါတယ်။

လက်ရှိမှာ နောက်ဖေးလမ်းကြားမှာ အမှိုက်ပစ်တဲ့ လူတွေကို ရပ်ကွက်နဲ့ လမ်းသာယာရေး တို့ပူးပေါင်းပြီး ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ အရေးယူနေပြီး နောက်ပိုင်းမှာ စီမံခန့်ခွဲ မှု ဥပဒေနဲ့ အရေးယူသွားဖို့ စည်ပင်သာယာရေးဝန်ကြီး ဌာန ကို ခွင့်ပြုချက် ယူထားတယ်လို့ သိရပါတယ်။

မို့မို့သန္တာ

Kumudra

No comments:

Post a Comment