Latest News

Thursday, March 9, 2017

“အတုခိုး မမှားစေချင်ပါ”

“အတုခိုး မမှားစေချင်ပါ”

Dab ဆိုတာ ဘာလဲ …

Dab Dance ဆိုတာ 2015 လောက်မှာ
အမေရိကန် ဂျော်ဂျီယာ ပြည်နယ်က Atlanta သား
Hip-Hop သမားတွေ စပြီး က, ခဲ့တဲ့ အက ဟန်
အမူအရာတစ်ခုပါ။ အဲဒီ အကရဲ့ အဓိပ္ပါယ်ကို
အောင်မြင်မှုဆီသို့၊ နှာချေဟန်၊ ဆေးခြောက်ရှူလို့
ကောင်းသွားတဲ့ အမူအရာ စသည်ဖြင့်
အမျိုးမျိုး ယူဆကြပါတယ်။

တကယ်တော့ Dab နဲ့ အောင်မြင်မှု ဘာမှ မဆိုင်ပါဘူး။
dab ရဲ့ မူရင်း အဓိပ္ပါယ်က တို့တာ၊ သုတ်တာမျိုးပါ။
Dab Dance ဖြစ်ပေါ်လာပုံကိုတော့ လူသိနည်းပါတယ်။
အဲဒါကိုသိမှ Dab Dance ဆိုတာ ဘာလဲ၊ အဲဒီ အမူအရာက
ဘာအဓိပ္ပါယ်လဲ ဆိုတာ သိမှာပါ။

Dab အက ကို စ က တာက အမေရိကန် Rapper
Rich the Kid ဆိုတဲ့ လူမည်း Roger ဖြစ်ပါတယ်။
သူ Stage ပေါ်မှာ က နေတုန်း သီချင်းကို ဘယ်လို အကနဲ့
အဆုံးသတ်ရမယ်မသိ ဖြစ်နေချိန်မှာ ရုတ်တရက်
ငယ်စဉ်က သူ့ကို စွန့်ပစ်ခဲ့တဲ့ ဖခင် ဖြစ်သူကို သတိရသွားပါတယ်။
အဲဒီမှာ ဝမ်းနည်းတဲ့အနေနဲ့ မျက်ရည် သုတ်တဲ့ အမူအရာ
လက်ဖျံကို မျက်နှာရှေ့ ကာလိုက်ပါတယ်။ အကဟန် ဖြစ်အောင်
အခြားလက်တစ်ဖက်ကို မျဉ်းပြိုင်ပုံ ဆန့်တန်းလိုက်ပြီး
ကကွက်ကို အဆုံးသတ်လိုက်ပါတယ်။

ပရိတ်သတ် တွေအတွက် ထူးခြားတဲ့ ကကွက် ဖြစ်ပြီး
အမြင်ဆန်းကာ စိတ်ဝင်စားစရာ ဖြစ်နေတာကြောင့်
Roger ကို တွေ့ဆုံမေးမြန်းတဲ့အခါ အဲဒီ ကဟန် ဟာ
ဘာကို ရည်ညွှန်းပါသလဲ လို့မေးခဲ့တယ်။ Roger က
ဖခင်ကို သတိရလို့ ဝမ်းနည်းသွားတဲ့ အကပါ
(the Dance of Sadness) လို့ ဖြေခဲ့တယ်။

READ  သင် ပုံမှန် ထိတွေ့နေတဲ့ အရာတွေထဲက အညစ်ပတ်ဆုံး အရာ (၅) ခု
နောက်ပိုင်းမှာ သူ့ရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ အကကို
ပရိတ်သတ်တွေ စိတ်ဝင်တစား စာနာခဲ့ကြပြီး
သူပါဝင်တဲ့ ပွဲတွေမှာ Sad Dance အမူအရာနဲ့
ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီအက ဟာလည်း
Sad Dance ကနေ Dab ဆိုတဲ့ အမည်သစ်နဲ့
ပြောင်းလဲ သုံးစွဲခံခဲ့ရပါတယ်။ Roger ဟာ ဖခင် ကို
နာကြည်းမုန်းတီးနေသူ ဖြစ်တာကြောင့်
နားလည်တဲ့အနေနဲ့ Dad လို့ တိုက်ရိုက် မသုံးနှုန်းဘဲ
Dab လို့ လှီးလွှဲသမုတ်ကာ ဖခင် အပေါ် စိတ်ပြေစေဖို့
ရည်ရွယ်ခဲ့ကြတယ် လို့ ဆိုပါတယ်။

2015 Nov မှာ စတင် လူသိများလာတဲ့ Dab ဟာ
တစ်နှစ်အကြာ 2016 Nov မှာတော့ You Tube ကြည့်ရှုသူ
အကြိမ် ၂ သန်းကျော်သွားတဲ့အထိ အောင်မြင်လာခဲ့ပြီး
ယခုအခါ မြန်မာနိုင်ငံမှာလည်း ခေတ်စားနေပြီ
ဖြစ်ပါတယ်။ ဒါပေမယ့် Dab ရဲ့ သမိုင်းကြောင်းကို
ရေရေရာရာ သိသူ အလွန်နည်းသေးသလို လွဲမှားတဲ့
အဓိပ္ပါယ်တွေနဲ့ အောင်မြင်မှုဆီသို့ ဆိုပြီး တပျော်တပါး
က နေကြတာကို တွေ့နေရပါတယ်။ အဲဒီအကကို သေချာ
ကြည့်ပါ။ လက်တစ်ဘက်က မျက်ရည် သုတ်နေပြီး တစ်ဘက်က
လူ အများကို ရည်ရွယ်တဲ့ဟန် ဖြစ်ပါတယ်။ အောင်မြင်မှု
ဆိုလို့ရှိရင် ခေါင်းငုံ့ မျက်ရည် သုတ်နေစရာ မလိုပါဘူး။
ဆေးခြောက် ရှူတာ၊ နှာချေ တာ ဆိုတဲ့ အဓိပ္ပါယ်တွေတော့
မလုပ်ဖူး မသုံးဖူးလို့ သေချာမသိပေမယ့် google မှာ
ရှာရင် အဲဒီအဓိပ္ပါယ် လို့ ရှင်းထားတာလည်း ရှိတာကြောင့်
မပြောတော့ပါဘူး။ နှာချေ တာ ဆိုလည်း တစ်အုပ်လုံးတော့
ဆေးကြောင်ပြီး မချေသင့်ဘူး ထင်ပါတယ်။

READ  နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်ပြိုင်ဆိုင်မှု ပိုမိုခက်ခဲမည်
အမှန်တော့ Dab ဆိုတာ မျက်ရည်ကို တို့သုတ်လိုက်တဲ့
အမူအရာ အဓိပ္ပါယ် ဖြစ်ပါတယ်။ နာမည်ကြီး အမေရိကန်
football Palyer တစ်ဦးက သူ အောင်ပွဲခံတိုင်း
Dab အကနဲ့ ဒီဂိုးဟာ Roger လို မိဘမဲ့ကလေးတွေ၊
စိတ်ဒဏ်ရာ ရခဲ့သူတွေကို ကိုယ်စားပြုပါတယ် လို့
ဖော်ပြခဲ့ရာက မန်ယူက ပေါ့ဘာကလည်း သူတို့လူမည်းချင်း
စာနာမှု ကို ပြသခဲ့ပါတယ်။ ဒါ့ကြောင့် တချို့က
Dab ဆိုတာ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အမူအရာ လို့လည်း
ထင်တတ်ကြပါတယ်။

မြန်မာမှာတော့ မဆီမဆိုင် Dab ကို အခမ်းအနားတွေ၊
ပျော်ပွဲရွှင်ပွဲတွေ၊ အုပ်စုလိုက် အပျော် ကကြတာတွေအဖြစ်
အသုံးပြုနေကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားသားတွေ
အနေနဲ့ ကြည့်ရင် တစ်ခုခု လွဲချော်နေသလို ခံစားရပါလိမ့်မယ်။
ဆရာမတွေ ဆရာဝန်တွေ လေယာဉ်ဝန်ထမ်းတွေ
စစ်သားတွေ ဘွဲ့ယူမယ့်သူတွေ အမျိုးသားရေးသမားတွေနဲ့
လူသားချင်း စာနာအားပေးလို့ မျက်ရည်သုတ်ပြတဲ့
ဟန်အမူအရာဟာ ခေါင်းငုံ့နေတာထက် ပြုံးပြုံးကြီးတွေ
ဖြီးနေကြသလို ဖြစ်ပြီး မလိုက်ဖက် အဆင်မပြေလှပါဘူး။
သူ့နေရာနဲ့သူ အသုံးချတတ်ကြဖို့ လိုပါတယ်လို့ ပြောပါရစေ။

CREDIT : DREAM - MYANMAR




No comments:

Post a Comment